Connect with us

Hi, what are you looking for?

သတင်း

တနိုင်းရှိ ရွှေမှော်ကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်

ကနဦးသတင်းများအရ ပြည်သူ ၁၀ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရသူ များပြား

ရွှေမှော်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများ​၏ ရုပ်အလောင်းများ။ ဓာတ်ပုံ - KSSM

ဟန်နွေ ၊အိမ်သွင် /People’s Spring

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ လပူခရွှေမှော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၁၀ဦးထက်မနည်းရှိခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ယနေ့ (ဇန်နဝါရီ ၁၁ရက်) နံနက် ၁၁နာရီဝန်းကျင်တွင် တပိုင်တနိုင်ရွေတူးသူများရှိနေသည့် နေရာကို ဗုံးကြဲခြင်းဟု ဒေသခံများကပြောသည်။

“ရုပ်အလောင်းသိရတာတွေရော မသိရသေးတာတွေရော ၁၂ဦး အနည်းဆုံးရှိတယ်။ သေဆုံးတာ။ ဒဏ်ရာရတွေလည်း ဆေးရုံမှာ” ဟု ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1773284983430325

အခြားသတင်းရင်းမြစ်အချို့၏ပြောကြားချက်တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူရုပ်အလောင်း ၁၀ခုကောက်ရထားပြီး ၈ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း၊ ပျောက်ဆုံးသူများလည်း ရှိနေသည်ဟု ဆိုသည်။

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်၏ ပြောကြားချက်တွင် ရွှေမှော်တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၁၈ဦးသေဆုံးကာ ဒဏ်ရာရသူနှင့် ပျောက်ဆုံးသူများလည်းရှိနေသည်ဟု ဆိုသည်။

စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၈ဦး သေဆုံးကာ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၃ဦး ပျောက်ဆုံးနေကြောင်း၊ သေဆုံးသူများမှာ ရွှေမှော်လုပ်သားများ ဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း “လောလောဆယ်တော့ အလောင်း ၁၀ခု ကောက်ရပြီကြားတယ်။ တချို့ပျောက်နေလို့ အလောင်းက ရှာနေဆဲ။ ဒဏ်ရာရသူ ၈ယောက် ထက်မနည်းဘူးလို့ သိရပါတယ်။ စကစက စစ်ရာဇဝတ်မှုကို ထပ်ပြီး ကျူးလွန်သွားပါပြီ” ဟု ပြောသည်။

စစ်ကောင်စီအနေဖြင့် ယခုရက်ပိုင်းအတွင်း ရက္ခိုင်ပြည်နယ်တွင်လည်း အရပ်သား ပြည်သူများနေထိုင်ရာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ ပြည်သူ ၂၆ဦးထက်မနည်းသေဆုံးကာ ၂၇ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁၁ရက်​နေ့)တွင်လည်းစစ်ကောင်စီက ရက္ခိုင်ပြည်နယ် ကျောက်တော်မြို့စျေးနှင့် လူနေရပ်ကွက်များကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း AAက အသိပေးထားသည်။

စစ်ကောင်စီက မြန်မာပြည်ဒေသ အသီးသီးကို လေကြောင်း ဗုံးကြဲတိုက်ခိုက်နေမှု လူအခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေမှုသည်ဂျီနီဗာကွန်ဗန်းရှင်းကို မလိုက်နာဘဲ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သွားမည့် အနေအထားရှိသည်ဟု ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ဇရာဝတ်မှု ကျူးလွန်မှု၊ ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများကို သေချာစွာ မှတ်တမ်းတင်ထားရန် လိုအပ်ပြီး နောင်တွင် စစ်ကောင်စီ တာဝန်ရှိသူများကို ဥပဒေနည်းလမ်းအရ ထိရောက်စွာအရေးယူနိုင်ရေး ခိုင်လုံသည့် သက်သေအထောက်အထားများဖြစ်လာမည်ဟု ဦးဇော်ဆန်က ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်