Connect with us

Hi, what are you looking for?

သတင်း

ပုသိမ် – မုံရွာလမ်းပိုင်းအား အထက်မင်းလှ ပကဖရှောင်တခင်စစ်ဆေး

ပုသိမ် - မုံရွာကားလမ်းပိုင်း အသုံးပြုသည့် ယာဉ်များအား အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲဘော်များက လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - Upper Minhla PDF

ကဖေး/People’s Spring

စစ်ရေးအခြေအနေသတိပေးထားသည့် ပုသိမ် – မုံရွာကားလမ်းပိုင်း အသုံးပြုသည့် ယာဉ်များအား အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရှောင်တခင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။

အထက်မင်းလှမြို့နယ်ကို ဖြတ်သန်းသွားသည့် ပုသိမ်-မုံရွာကားလမ်းပိုင်းတွင် ဇန်နဝါရီ ၁၂ရက်က စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် လုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းစဥ်များအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအား အထူးကျေးဇူးတင်ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပုသိမ် – မုံရွာလမ်းမကြီး‌ပေါ်နှင့် ဘေးပတ်ဝန်းကျင်ရွာများတွင် ဇန်နဝါရီ ၈ရက်မှ စတင်၍ စစ်ကောင်စီက စစ်ကြောင်းထိုး‌နေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ပြည်သူများ အနေဖြင့် လမ်းမကြီးတလျောက်နှင့် ကျေးရွာချင်းဆက်လမ်းများအား ယာယီသွားလာခြင်းမပြုလုပ်ကြရန် အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးထားသည်။

စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာချင်းဆက်လမ်းများ ဝင်ပေါက်များတွင် ကင်းပုန်းများချနေခြင်း၊ပုသိမ်-မုံရွာလမ်းမကြီးအနားမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်း၊ ဒရုန်းများအသုံးပြု၍ ကျေးရွာများဝန်ကျင်များသို့ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လျှက်ရှိသည်ဟု ဆိုသည်။

ရွှေချောင်းကျေးရွာအနီး ကြက်ခြံနှင့်ရှမ်းတပ်ကြီးတာဝါတိုင်းအနီး ဘန့်ပြင်ကျေးရွာ လမ်းပေါက်ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးပညာသင်(ဘက) ကျောင်းတွင်း တပ်စွဲထားသည်ဟု သတိပေးထားသည်။

ထို့ကြောင့် ပုသိမ် – မုံရွာလမ်းမကြီး‌ပေါ်နှင့် ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာ ၃၉ရွာကို စစ်ရေးသတိပြုနေထိုင်ကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။