Connect with us

Hi, what are you looking for?

သတင်း

စစ်ရှိန်မြင့်နေသည့် တောင်သာမြို့နယ်အတွင်း လမ်းပိုင်းများအသုံးပြုမှု ကန့်သတ်

စစ်ရှိန်မြင့်နေသည့် မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းနှင့် မြို့နယ်ချင်းစပ် လမ်းပိုင်းများ အသုံးပြုမှုကို ကန့်သတ်ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၄ ရက်)ကစ၍ ထုတ်ပြန်သည်။

တောင်သာမြို့လယ်တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရဲခေါင်/People’s Spring

စစ်ရှိန်မြင့်နေသည့် မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းနှင့် မြို့နယ်ချင်းစပ် လမ်းပိုင်းများ အသုံးပြုမှုကို ကန့်သတ်ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၄ ရက်)ကစ၍ ထုတ်ပြန်သည်။

တောင်သာ-မြင်းခြံလမ်းပိုင်း၊ တောင်သာ-ဝဲလောင် – ကျောက်ပန်းတောင်းလမ်းပိုင်း၊ တောင်သာ-မလှိုင်လမ်းပိုင်း၊ တောင်သာ-ရုံးစဉ်-မလှိုင်လမ်းပိုင်း၊ တောင်သာ-နွားထိုးကြီးလမ်းပိုင်းတို့အပြင် မြို့နယ်အတွင်း ကျေးရွာချင်းဆက် လမ်းပိုင်းများအားလုံး ပါဝင်သည်ဟု ဆိုသည်။

“စစ်ရေးကြိုတင်ပြင်ဆင်တာပါသလို ဒီကာလမှာ စခတွေက အယောင်ဖျောက်ပြီး ပြည်သူ့ကားတွေ နဲ့ ကုန်တင်ကားတွေ၊Faw ကားတွေ အသုံးပြုတာကိုဟန့်တာ ချင်လို့ပါ”ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ကန့်သတ်မှုအရ ယာဉ်များအားလုံး ညနေ ၆ နာရီမှ နံနက်၆ နာရီ အတွင်း လုံးဝမောင်းနှင်အသုံးပြုခြင်း မပြုလုပ်ရန်နှင့် အရေးပေါ်ကျန်းမာရေးအခြေအနေအရ ကန့်သတ်အချိန်အတွင်း သွားလာမည်ဆိုလျှင် ကားအတွင်းမီးထွန်း၍ မှန်ချမောင်းနှင်ရန် သတိပေးသည်။

ထို့အတူ ကုန်တင်ကားကြီးများ ဖြတ်သန်းမောင်းနှင် အသုံးပြုပါက မိုးရွာခြင်းမရှိ၍ မိုးကာအုပ်မောင်းနှင်ခြင်းမပြုရန် နှင့် ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လိုက်နာဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံထားသည်။

လိုက်နာဆောင်ရွက်ခြင်း မပြုပါက မိမိတာဝန်သာဖြစ်ကြောင်းလည်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

ဇန်နဝါရီ ၁၃ရက် နေ့လည်၁၂ နာရီ၁၅မိနစ်ခန့်က တောင်သာမြို့ အထက(၁)ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်​ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ဦးခန့်သေဆုံးပြီး MA-1 တစ်လက်နှင့် ကျည်ဘောက်၊ကျည်တချို့ကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။