ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကျားဖြန့်အွန်လိုင်းလိမ်လည်မှုများနှင့် လူကုန်ကူးမှုပြဿနာများ ဖြေရှင်းရန်ဆိုကာ ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်(DKBA)နှင့် တရုတ်တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့(ဇန်နဝါရီ ၁၅ရက်)တွင် မြဝတီခရိုင် နယ်ခြားစောင့်တပ်ဌာနချုပ်၌ အစည်းအဝေးပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လူမှုကွန်က်တွင် ထွက်ပေါ်လာသော ဓာတ်ပုံများအရ ကရင်နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်မှူးကြီးစောချစ်သူ၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်(DKBA)မှ ဗိုလ်မှူးကြီးစောဆန်းအောင်နှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
ဓာတ်ပုံ – Mae Sot Media

Public Service Announcement
