Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် တစ်ရက်တည်း ဓားထိုးလူသတ်မှု နှစ်မှုဖြစ်

ရန်ကုန်မြို့တွင် တစ်ရက်တည်း ဓားထိုးခံရပြီး လူသေဆုံးမှုဖြစ်စဉ် မရမ်းကုန်းနှင့် ဒေါပုံမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည်။

ရဲခေါင်/People’s Spring

ရန်ကုန်မြို့တွင် တစ်ရက်တည်း ဓားထိုးခံရပြီး လူသေဆုံးမှုဖြစ်စဉ် မရမ်းကုန်းနှင့် ဒေါပုံမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည်။

ယမန်နေ့(ဇန်နဝါရီ ၁၅ ရက်)က လူသေဆုံးခဲ့သည့် ဓားထိုးမှုဖြစ်စဥ် နှစ်ခုစလုံးတွင် သေဆုံးသူမှာ အမျိုးသားများဖြစ်ပြီး တစ်ဦးမှာ တက္ကစီယာဥ်မောင်းနှင့် တိုက်ခန်းအတွင်းနေထိုင်သူ တို့ ဖြစ်သည်။

ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ပေ ၈၀လမ်းနှင့် ၆ လမ်းထိပ်၌ (၃၆)နှစ်အရွယ် အငှားယာဥ်မောင်းကိုကျော်ကျော်ဟန်သည် လည်ပင်းပြတ်ရှဒဏ်ရာ နှင့် ရင်ဘက်ထိုးသွင်းဒဏ်ရာများရရှိသည်ကို တွေ့ရှိပြီးနောက် လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“ဓားထိုးခံရတာ ရှစ်ချက်လောက်ရှိတယ်။ဖုန်းနဲ့ ပိုက်ဆံတွေ ဘာတစ်ခုမှ မရှိတော့ဘူး။ဆေးရုံမှာ ရောက်ရောက်ချင်း အသက်ကုန်သွားတာ”ဟု ကိုကျော်ကျော်ဟန်ကို ရန်ကုန်ဆေးရုံပို့ခဲ့သည့် သစ္စာမဏ္ဌိုင်လူမူကူညီရေးအသင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် မရမ်းကုန်းမြို့နယ်၊(၁) ရပ်ကွက်၊ သမိုင်းမြို့သစ် (၄)လမ်းရှိ တိုက်ခန်းတစ်ခုတွင် အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ လည်ပင်းနှင့် ရင်ဘတ်ထိုးသွင်းပြတ်ရှဒဏ်ရာများ ရှိခဲ့ပြီး တိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သူဖြစ်ကြောင်း ကနဦး စစ်ဆေးချက်အရ သိရကြောင်း အဆိုပါဖြစ်စဉ် ကူညီခဲ့သည့် လူမှုကူညီရေးအသင်းအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

သေဆုံးသူအမျိုးသား​၏ရုပ်အလောင်းကို အင်းစိန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး စစ်ကောင်စီ​၏ မရမ်းကုန်းမြို့မရဲစခန်းက လူသတ်မှုရာဇသတ်ကြီးပုဒ်မ (၃၀၂)ဖြင့်အမှုဖွင့်ထားသည်ဟု သိရသည်။

သို့သော် စစ်ကောင်စီလက်အောက်ခံရဲများမှာ ပြည်သူများ​၏ အမှုအခင်းများအား လိုက်လံဖမ်းဆီးရှာဖွေပေးခြင်းမရှိတော့ဘဲ လူသတ်မှုဖြစ်စဉ်ဆိုပါက ပို၍ဆိုးရွားသည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။

၂၀၂၄ ဒီဇင်ဘာလအတွင်းကလည်း ရန်ကုန်မြို့ တာမွေမြု့နယ်ရှိ စတိုးတစ်ဆိုင်ကို ဝင်ရောက်လုယက်ပြီး ဆိုင်ရှင်ကို ဓားနဲ့ ထိုးသတ်ခဲ့သည့်ဖြစ်စဉ်နှင့် တောင်ဥက္ကလာမြို့နယ်၌ ဓားခုတ်ခံရသည့် ဖြစ်စဥ်များရှိခဲ့သည်။ ထိုဖြစ်စဥ်များကိုပင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲများက ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ရာဇဝတ်မှုများ ထူပြောလာသည့်အပြင် စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံပျူစောထီးများက အမျိုးသားများအား ပေါ်ပေါ်ထင်ထင် ပေါ်တာဆွဲဖမ်းဆီးနေသည်မှာ မလုံခြုံတော့သည့် မြို့ပြလူနေမှုဟု ရန်ကုန်မြို့နေပြည်သူများက မှတ်ချက်ပြုသည်။

ယမန်နေ့ ညနေပိုင်းက မရမ်းကုန်းမြို့နယ်ရှိတိုက်ခန်းအတွင်း ဓားထိုးခံရပြီးသေဆုံးခဲ့သည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်အား ဆေးရုံပို့ဆောင်ရန် သယ်ယူနေသည်ကို တွေ့ရစဥ်(ဓာတ်ပုံ – မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေးအသင်း)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဓားထိုးမှုတစ်ခု ဖြစ်ပွားပြီး လူ ၅ ဦး ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်မှာ မနေ့(ဧပြီလ ၅ ရက်) ညနေပိုင်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်း တစ်လောင်းကိုတွေ့ခဲ့ရတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်​။

သတင်း

မန္တလေးမြို့အရှေ့မြို့ပတ်လမ်းက KTV တစ်ခုအနီးမှာ အဝတ်အစားမပါဘဲ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိရကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူဂန္ဓာ နိုင်ငံက မူကြိုကျောင်းတစ်ခုမှာ ကလေး ၄ ဦးဟာ ဓားနဲ့ ရက်ရက်စက်စက် ထိုးသတ်တာ ခံခဲ့ကြရပါတယ်။