Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ပစ္စည်းခိုးယူပြီးလူသတ်မှုကျူးလွန်သူတွေ ဖမ်းမိ

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ ပစ္စည်းခိုးယူပြီး လူသတ်မှုကျူးလွန်သူတွေကို စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။

(မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ပစ္စည်းခိုးယူပြီးလူသတ်မှုကျူးလွန်သူ ၂ဦးကို ဖမ်းမိထားစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

အောက်တိုဘာ-၂၂၊၂၀၂၆။သတိုး/People’s Spring

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ ပစ္စည်းခိုးယူပြီး လူသတ်မှုကျူးလွန်သူတွေကို စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။

အောက်တိုဘာ ၂၁ ရက် နံနက် ၁ နာရီကျော်မှာ မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွှန့်ရပ်ကွက်က စတိုးဆိုင်ဖွင့်ထားတဲ့ နေအိမ်ကို ဝင်ခိုးတဲ့ အမျိုးသား ၃ဦးက အိမ်ရှင်တွေကို ဓားနဲ့တိုက်ခိုက်ခဲ့တာကြောင့် အသက် ၂၄ နှစ်အရွယ် လူငယ် ၁ဦးသေဆုံးကာ အသက် ၆၀ ကျော်အမျိုးသမီး အရေးပေါ်တင်ပို့ခဲ့ရတာဖြစ်ပါတယ်။

ကျူးလွန်သူတွေအနက် ၁ဦးကို နေ့ချင်းဖမ်းဆီးနိုင်ခဲ့ပြီး ကျန် ၂ဦးကို ဒီနေ့(အောက်တိုဘာ ၂၂) ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှာဖမ်းမိခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသူတွေက အသက် ၂၀ ဝန်းကျင်လူငယ်‌ တွေဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုပုဒ်မနဲ့ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

သေဆုံးသူလူငယ်က ဂျပန်နိုင်ငံကိုသွားရောက်ဖို့ စောင့်ဆိုင်းနေသူဖြစ်ပြီး အရေးပေါ်ရောက်သွားတဲ့ အမျိုးသမီးက ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။

မနေ့က (အောက်တိုဘာ ၂၁) ညနေက EV ကားအားသွားသွင်းတဲ့ အမျိုးသမီးတစ်ဦးလည်း CCTV မှတ်တမ်းအရ လူငယ် ၃ဦးက ခေါ်ဆောင်သွားတယ်လို့ သိရပြီး အဆက်အသွယ်ပြတ်တောက်နေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေ အဆမတန် တက်ပြီး စီးပွားရေးကျပ်တည်းလာတာကြောင့် ခိုးဆိုးလုယက်မှုတွေ ပိုများလာတာလို့ ပြည်သူတွေက မှတ်ချက်ပေးထားကြပါတယ်။

ရန်ကုန်မြို့မှာ ဒီ‌နှစ်အတွင်း ပစ္စည်းလုယက် လူသတ်တာတွေ ဆက်တိုက်ဖြစ်နေပြီး ပြည်သူတွေအနေနဲ့ မလုံခြုံမှုကို ခံစားနေရတယ်လို့ ရင်ဖွင့်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ၁၄ နှစ်အရွယ်ကလေးတစ်ဦး ရေမြောင်းထဲ ဘောလုံးဆင်းကောက်ရင်း မြောပါ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"