Connect with us

Hi, what are you looking for?

သတင်း

ရွှေသောင်ယံမြို့နယ်၊ဘောမိရွာတွင် တိုက်ပွဲပြင်းထန်

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။

ရွှေ​သောင်ယံ ​ဒေသကို ​မြေပုံတွင်​တွေ့ရမှု

ကဖေး/People’s Spring

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။

ဘောမိကျေးရွာသည် ရွှေသောင်ယံမြို့ပေါ်နှင့် ၁၅ မိုင်ခန့်သာဝေးပြီး တိုက်ပွဲနှင့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများသည် ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟု သတင်းရရှိသည်။

“ဘောမိရွာမှာ ဖြစ်နေတာ။ လေကြောင်းက ပစ်လို့ အိမ်တွေ ပျက်စီးတယ်။ လူတွေထိခိုက်မှုရှိ ၊မရှိကတော့ ပြေးလွှားနေရတုန်းကိုမသိနိုင်သေးဘူး။ အခုက စစ်ရှောင်တွေက ရွှေသောင်ယံမြို့ပေါ်ကိုအများကြီးရောက်လာတာ” ဟု ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ အလွန်ပြင်းထန်ပြီး ဘောမိကျေးရွာချောင်းဖျားထိပ်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွားနေခြင်းဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်က ဂွနှင့် ရွှေ သောင်ယံနယ်စပ်အနီးရှိ ကုလားချောင်း၊ ကျောက်ချွန်၊ ပေါက်တူးကွင်းအပြင် မကျီးဇင်ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မကျီးဇင်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းရော၊ ရေတပ်မှပါ ပစ်ခတ်ခဲ့သည်။ အရပ်သားသေဆုံးမှုရှိခဲ့သည်ဟုသတင်းကြားရသော်လည်း အသေးစိတ်မသိရှိရပေ။

ရွှေ သောင်ယံမြို့နယ်အတွင်း ဇန်နဝါရီလ ၁၂ရက်မှစ၍ တိုက်ပွဲငြိမ်သက်သွားပြီး ရံဖန်ရံခါလက်နက်ကြီးပစ်ခတ်သံများကိုသာကြားခဲ့ရသည်။ ရွှေ သောင်ယံနှင့် ဆက်စပ်နေသော သာပေါင်းမြို့နယ်အတွင်း၌မူ ပစ်ခတ်မှုများရှိခဲ့သည်။ ယခုအခါ တိုက်ပွဲသည်ဘောမိကျေးရွာအနီးတွင် ပြန်လည်ဖြစ်ပွားပြီး ရွှေ သောင်ယံမြို့နယ်အတွင်း ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

“လက်နက်ကြီးပစ်သံတွေ ကြားနေရတုန်းပဲ”ဟု ယ‌နေ့ (ဇန်နဝါရီလ ၁၈ရက်)မနက်ပိုင်းတွင် ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီကရွှေသောင်ယံမြို့နယ်ဝက်သေကမ်းခြေအနီးတွင် ကြည်းရေလေ အင်အားသုံး၍ခံစစ်ပြင်ထားသည်။ စစ်သင်္ဘောများသွားလာနေသည်ကိုတွေ့ရသည်။ မြို့ခံအများစုသည် အခြားနေရာများသို့ တိမ်းရှောင်‌နေကြသည်။ မြို့ခံများထွက်ခွာမသွားရန်၊ ဟိုတယ်များဆက်ဖွင့်ထားရန် စစ်ကောင်စီကခြိမ်းခြောက်ဖိအားပေးနေသည်။

ဧရာဝတီတိုင်းနှင့်ဆက်စပ်နေသော ဂွမြို့နယ်ကို အာရက္ခတပ်တော်( AA)က သိမ်းယူပြီးနောက်စစ်ကောင်စီက ရွှေသောင်ယံအပြင် သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ပုသိမ်၊ဟင်္သာတမြို့မြို့နယ်တို့ဘက်တွင် အင်အားတိုးချဲ့ပြီး ခံစစ်ပြင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။