Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ​ရွှေ​သောင်ယံသို့ လက်နက်ခဲယမ်းများပို့ပြီး အင်အားထပ်ဖြည့်

စစ်ကောင်စီက ရွှေသောင်ယံမြို့သို့ အင်အား ထပ်ဖြည့်နေပြီး လက်နက်ခဲယမ်းများထည့်ထားသည့် သေတ္တာပုံးများတင်ဆောင်လာသော ကားအချို့ အပါအဝင် စစ်သုံးကား အစီး၂၀ ထက်မနည်း ယနေ့ (ဇန်နဝါရီ ၂၁ )ရောက်ရှိလာ​ကြောင်း​​ဒေသခံအချို့က​ပြောသည်။

ရွှေ​သောင်ယံ​ဘောမိရွာတွင် တိုက်ပွဲဖြစ်ပြီး​နောက်စစ်တပ်ကရွာကိုမီးရှို့ခဲ့စဥ်။ ဓါတ်ပုံ-CJ

ကဖေး/People’s Spring

စစ်ကောင်စီက ရွှေသောင်ယံမြို့သို့ အင်အား ထပ်ဖြည့်နေပြီး လက်နက်ခဲယမ်းများထည့်ထားသည့် သေတ္တာပုံးများတင်ဆောင်လာသော ကားအချို့ အပါအဝင် စစ်သုံးကား အစီး၂၀ ထက်မနည်း ယနေ့ (ဇန်နဝါရီ ၂၁ )ရောက်ရှိလာ​ကြောင်း​​ဒေသခံအချို့က​ပြောသည်။

“တိုက်ပွဲတွေမှာ သိမ်းနိုင်လို့ တော်လှန်ရေးအဖွဲ့တွေထုတ်ပြတဲ့ ပုံးမျိုးတွေလေ။ အဲ့လို ပုံးတွေတင်ထားတဲ့ ကားတွေ ရွှေသောင်ယံကို ဒီ‌နေ့ဝင်လာတယ်။ ဒီနေ့ ကားတွေ အများကြီးဝင်လာတယ်”ဟု ချောင်းသာဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီကားများသည် ပုသိမ် – ချောင်းသာ – ရွှေသောင်ယံလမ်းအတိုင်းဝင်ရောက်လာခြင်းဖြစ်သည်။ ရွှေသောင်ယံမြို့မှ တပင်မှော်၊ သဘော့ကန်၊ ဂျိတ်လတ်ရွာတို့တွင် ခံပြင်ဆင်နေကြောင်းသိရသည်။ ထို့အပြင် ရွှေ သောင်ယံမြို့ရဲစခန်းရှိသည့် ကုန်းမြင့်တွင် လက်နက်ကြီးတပ်ဆင်နေကြောင်းစစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ဂျိတ်လတ်ရွာသည် ပင်လယ်ဝ၌တည်ရှိပြီး စစ်ကောင်စီလာရောက်တပ်စွဲ၍ တိုက်ပွဲပြင်းထန်မည်ကိုစိုးရိမ်သည့်ဒေသခံများက နေတဲ့စွန့်ခွာတိမ်းရှောင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော်စစ်ကောင်စီက ​ဒေသခံများကို တားမြစ်ခဲ့ကြောင်းသတင်းရရှိသည်။

အာရက္ခတပ်တော်( AA) က ရွှေသောင်ယံမြို့နှင့်ဆက်စပ်နေသော ဂွမြို့ကို ၂၀၂၄ ဒီဇင်ဘာလကုန်တွင် သိမ်းယူပြီးနောက် ရွှေ သောင်ယံမြို့၊ မကျီးစင်ရွာတွင် ဇန်နဝါရီလ ၈ရက်မှစတင်၍ တိုက်ပွဲဖြစ်ခဲ့သည်။ မကျီးစင်ရွာမှ စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးခဲ့ရပြီး ဘောမိကျေးရွာတွင် ထပ်မံတပ်စွဲခဲ့သည်။ ဘောမိရွာမှ စစ်ကောင်စီတပ်ကို ဇန်နဝါရီလ၁၆ရက်နေ့တွင် AAနှင့် ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ထပ်မံဆုတ်ခွာထွက်ပြေးခဲ့ပြန်သည်။

စစ်ကောင်စီသည် ရွှေသောင်ယံမြို့ပေါ် နှင့် မလှမ်းမကမ်းမှ တပင်မှော်၊သဘော့ကန်၊ ဂျိတ်လတ်ရွာတို့တွင်ထပ်မံခံစစ်ပြင်နေ၍ တိုက်ပွဲများထပ်မံဖြစ်ပွားနိုင်ကြောင်း ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ်နှင့်ဆက်စပ်‌နေသောဧရာတီတိုင်းနယ်စပ်နေရာအချို့တွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

လက်တလောဒေသတွင်းအခြေအနေများကြောင့် ရွှေသောင်ယံအပြင် ချောင်းသာ၊ ငွေဆောင်ကမ်းခြေ ဒေသများသို့ လာရောက်လည်ပတ်ရန် မသင့်တော်ကြောင်း ဒေသခံများကသတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။