Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ​ရွှေ​သောင်ယံသို့ လက်နက်ခဲယမ်းများပို့ပြီး အင်အားထပ်ဖြည့်

စစ်ကောင်စီက ရွှေသောင်ယံမြို့သို့ အင်အား ထပ်ဖြည့်နေပြီး လက်နက်ခဲယမ်းများထည့်ထားသည့် သေတ္တာပုံးများတင်ဆောင်လာသော ကားအချို့ အပါအဝင် စစ်သုံးကား အစီး၂၀ ထက်မနည်း ယနေ့ (ဇန်နဝါရီ ၂၁ )ရောက်ရှိလာ​ကြောင်း​​ဒေသခံအချို့က​ပြောသည်။

ရွှေ​သောင်ယံ​ဘောမိရွာတွင် တိုက်ပွဲဖြစ်ပြီး​နောက်စစ်တပ်ကရွာကိုမီးရှို့ခဲ့စဥ်။ ဓါတ်ပုံ-CJ

ကဖေး/People’s Spring

စစ်ကောင်စီက ရွှေသောင်ယံမြို့သို့ အင်အား ထပ်ဖြည့်နေပြီး လက်နက်ခဲယမ်းများထည့်ထားသည့် သေတ္တာပုံးများတင်ဆောင်လာသော ကားအချို့ အပါအဝင် စစ်သုံးကား အစီး၂၀ ထက်မနည်း ယနေ့ (ဇန်နဝါရီ ၂၁ )ရောက်ရှိလာ​ကြောင်း​​ဒေသခံအချို့က​ပြောသည်။

“တိုက်ပွဲတွေမှာ သိမ်းနိုင်လို့ တော်လှန်ရေးအဖွဲ့တွေထုတ်ပြတဲ့ ပုံးမျိုးတွေလေ။ အဲ့လို ပုံးတွေတင်ထားတဲ့ ကားတွေ ရွှေသောင်ယံကို ဒီ‌နေ့ဝင်လာတယ်။ ဒီနေ့ ကားတွေ အများကြီးဝင်လာတယ်”ဟု ချောင်းသာဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီကားများသည် ပုသိမ် – ချောင်းသာ – ရွှေသောင်ယံလမ်းအတိုင်းဝင်ရောက်လာခြင်းဖြစ်သည်။ ရွှေသောင်ယံမြို့မှ တပင်မှော်၊ သဘော့ကန်၊ ဂျိတ်လတ်ရွာတို့တွင် ခံပြင်ဆင်နေကြောင်းသိရသည်။ ထို့အပြင် ရွှေ သောင်ယံမြို့ရဲစခန်းရှိသည့် ကုန်းမြင့်တွင် လက်နက်ကြီးတပ်ဆင်နေကြောင်းစစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ဂျိတ်လတ်ရွာသည် ပင်လယ်ဝ၌တည်ရှိပြီး စစ်ကောင်စီလာရောက်တပ်စွဲ၍ တိုက်ပွဲပြင်းထန်မည်ကိုစိုးရိမ်သည့်ဒေသခံများက နေတဲ့စွန့်ခွာတိမ်းရှောင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော်စစ်ကောင်စီက ​ဒေသခံများကို တားမြစ်ခဲ့ကြောင်းသတင်းရရှိသည်။

အာရက္ခတပ်တော်( AA) က ရွှေသောင်ယံမြို့နှင့်ဆက်စပ်နေသော ဂွမြို့ကို ၂၀၂၄ ဒီဇင်ဘာလကုန်တွင် သိမ်းယူပြီးနောက် ရွှေ သောင်ယံမြို့၊ မကျီးစင်ရွာတွင် ဇန်နဝါရီလ ၈ရက်မှစတင်၍ တိုက်ပွဲဖြစ်ခဲ့သည်။ မကျီးစင်ရွာမှ စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးခဲ့ရပြီး ဘောမိကျေးရွာတွင် ထပ်မံတပ်စွဲခဲ့သည်။ ဘောမိရွာမှ စစ်ကောင်စီတပ်ကို ဇန်နဝါရီလ၁၆ရက်နေ့တွင် AAနှင့် ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ထပ်မံဆုတ်ခွာထွက်ပြေးခဲ့ပြန်သည်။

စစ်ကောင်စီသည် ရွှေသောင်ယံမြို့ပေါ် နှင့် မလှမ်းမကမ်းမှ တပင်မှော်၊သဘော့ကန်၊ ဂျိတ်လတ်ရွာတို့တွင်ထပ်မံခံစစ်ပြင်နေ၍ တိုက်ပွဲများထပ်မံဖြစ်ပွားနိုင်ကြောင်း ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ်နှင့်ဆက်စပ်‌နေသောဧရာတီတိုင်းနယ်စပ်နေရာအချို့တွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

လက်တလောဒေသတွင်းအခြေအနေများကြောင့် ရွှေသောင်ယံအပြင် ချောင်းသာ၊ ငွေဆောင်ကမ်းခြေ ဒေသများသို့ လာရောက်လည်ပတ်ရန် မသင့်တော်ကြောင်း ဒေသခံများကသတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။