သုည/People’s Spring
One Championship က ယနေ့ (ဇန်နဝါရီ ၂၄) ညပိုင်းက ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးနှင့် သန့်ဇင်တို့က ပြိုင်ဘက်ကစားသမားများကို အသီးသီး ရှုံးနိမ့်ခဲ့သည်။
အဆိုပါ One 170 ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲ၏ မွေထိုင်း ကတ်ရှ်ဝိတ်တန်းပွဲစဥ်တွင် စိုးလင်းဦးနှင့် ထိုင်းဖိုက်တာ ဆက်ဆန်၊ သန့်ဇင်နှင့် ထိုင်းဖိုက်တာ ဆူရီယန်လက်တို့ ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။
စိုးလင်းဦးနှင့် ဆက်ဆန်တို့သည် ပွဲချိန် (၃)ချီအပြည့်ထိုးသတ်ခဲ့ပြီး ဒိုင်ဆုံးဖြတ်ချက်ဖြင့် စိုးလင်းဦး အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

Public Service Announcement
ယင်းပွဲတွင် စိုးလင်းဦးနှင့် ဆက်ဆန်တို့ အပြိုင်အဆိုင်ထိုးသတ်ခဲ့ပြီး ပင့်လက်သီးနှင့် တံတောင်ရိုက်ချက်များ ကောင်းမွန်၍ ဆက်ဆန်က ဒိုင် ၃ ဦးလုံး၏ ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
သန့်ဇင်သည်လည်း အိမ်ရှင်ထိုင်းဖိုက်တာ ဆူရီယန်လက်ကို ပွဲအစ ပထမအချီတွင် အကောင်းဆုံး ယှဥ်ပြိုင်ထိုးသတ်နိုင်ခဲ့သည်။
သို့သော် ဒုတိယအချီတွင် ဆူရီယန်လက်က ၎င်းအားသာသည့် လက်သီးချက်များဖြင့် ထိုးသတ်နိုင်ခဲ့သည့်အတွက် သန့်ဇင် (၃) ကြိမ်တိုင် အမှတ်စဥ်ရေခဲ့ရသည့်အတွက် ဒိုင်ပွဲရပ်ဖြင့် အရှုံးပေးခဲ့ရသည်။
စိုးလင်းဦးသည် ONE Championship ပြိုင်ပွဲတွင် ၅ ပွဲထိုး ၃ ပွဲနိုင် ၂ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားပြီး သန့်ဇင်က ONE Championship တွင် ၄ ပွဲထိုး ၂ ပွဲနိုင် ၂ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားသည်။
