Connect with us

Hi, what are you looking for?

သတင်း

One Championship ပြိုင်ပွဲတွင် စိုးလင်းဦး နှင့် သန့်ဇင်တို့ နှစ်ဦးစလုံးရှုံး

One Championshipက ယနေ့ (ဇန်နဝါရီ ၂၄) ညပိုင်းက ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးနှင့် သန့်ဇင်တို့က ပြိုင်ဘက်ကစားသမားများကို အသီးသီး ရှုံးနိမ့်ခဲ့သည်။

ဓာတ်ပုံ - One Championship

သုည/People’s Spring

One Championship က ယနေ့ (ဇန်နဝါရီ ၂၄) ညပိုင်းက ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးနှင့် သန့်ဇင်တို့က ပြိုင်ဘက်ကစားသမားများကို အသီးသီး ရှုံးနိမ့်ခဲ့သည်။

အဆိုပါ One 170 ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲ၏ မွေထိုင်း ကတ်ရှ်ဝိတ်တန်းပွဲစဥ်တွင် စိုးလင်းဦးနှင့် ထိုင်းဖိုက်တာ ဆက်ဆန်၊ သန့်ဇင်နှင့် ထိုင်းဖိုက်တာ ဆူရီယန်လက်တို့ ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

စိုးလင်းဦးနှင့် ဆက်ဆန်တို့သည် ပွဲချိန် (၃)ချီအပြည့်ထိုးသတ်ခဲ့ပြီး ဒိုင်ဆုံးဖြတ်ချက်ဖြင့် စိုးလင်းဦး အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းပွဲတွင် စိုးလင်းဦးနှင့် ဆက်ဆန်တို့ အပြိုင်အဆိုင်ထိုးသတ်ခဲ့ပြီး ပင့်လက်သီးနှင့် တံတောင်ရိုက်ချက်များ ကောင်းမွန်၍ ဆက်ဆန်က ဒိုင် ၃ ဦးလုံး၏ ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

သန့်ဇင်သည်လည်း အိမ်ရှင်ထိုင်းဖိုက်တာ ဆူရီယန်လက်ကို ပွဲအစ ပထမအချီတွင် အကောင်းဆုံး ယှဥ်ပြိုင်ထိုးသတ်နိုင်ခဲ့သည်။

သို့သော် ဒုတိယအချီတွင် ဆူရီယန်လက်က ၎င်းအားသာသည့် လက်သီးချက်များဖြင့် ထိုးသတ်နိုင်ခဲ့သည့်အတွက် သန့်ဇင် (၃) ကြိမ်တိုင် အမှတ်စဥ်ရေခဲ့ရသည့်အတွက် ဒိုင်ပွဲရပ်ဖြင့် အရှုံးပေးခဲ့ရသည်။

စိုးလင်းဦးသည် ONE Championship ပြိုင်ပွဲတွင် ၅ ပွဲထိုး ၃ ပွဲနိုင် ၂ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားပြီး သန့်ဇင်က ONE Championship တွင် ၄ ပွဲထိုး ၂ ပွဲနိုင် ၂ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့စပါးအုံးဟုနာမည်ကျော်သည့်အောင်လအန်ဆန်နှင့်ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့လာမည့်အောက်တိုဘာ၃ရက်တွင်ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း One Championship က ယနေ့ (စက်တင်ဘာ ၂ရက်) ထုတ်ပြန်သည်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် ယနေ့ (မေလ ၉) ညပိုင်းက ထိုးသတ်သည့် One Championship မွေထိုင်းပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဂျူနီယာကို ဒုတိယအချီတွင် အလဲထိုး​ အနိုင်ရခဲ့သည်။

သတင်း

One Championshipက ယနေ့ (မတ်လ ၈) နံနက်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် လက်ဝှေ့ကျော် စိုးလင်းဦးက ပြိုင်ဘက်ရုရှားဖိုက်တာကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် One Championship ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဥ်တွင် ချီလီဖိုက်တာ ဖရန်စီကာဗီရာကို အမှတ် ဆုံးဖြတ်ချက် ဖြင့် ရှုံးနိမ့်ခဲ့သည်။