Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တိုက်ပွဲ မကြာမီတန်ပြန်ထိုးစစ်ဆင်မည်ဟု မိုးဗြဲPDF ပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့​တွင် စစ်ကောင်စီ​၏ ထိုးစစ်ခုခံရာတွင် အောင်မြင်မှုများစွာရှိနေပြီး မကြာမီ တန်ပြန်ထိုးစစ်ဆင်မည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(၁၀၀၁)တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

မိုးဗြဲမြို့တိုက်ပွဲအတွင်း တွေ့ရသော မိုးဗြဲ PDFမှ ရဲဘော်များ။ ဓာတ်ပုံ - MBPDF

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့​တွင် စစ်ကောင်စီ​၏ ထိုးစစ်ခုခံရာတွင် အောင်မြင်မှုများစွာရှိနေပြီး မကြာမီ တန်ပြန်ထိုးစစ်ဆင်မည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(၁၀၀၁)တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်နှင့် နေ့စဥ်ရက်ဆက်တိုက်ပွဲများ ဖြစ်ပွားနေသည့် မိုးဗြဲဒေသသည် လက်ရှိတွင် မြို့ပျက်သဖွယ်ဖြစ်နေပြီး လက်နက်ကြီးဒဏ်နှင့် ဗုံးဒဏ်တွေကြား၌ အစွမ်းကုန်ခုခံတိုက်ခိုက်နေဆဲဟု ဆိုသည်။

“ဒီလိုမိုးဗြဲ‌ဒေသမှာ နေ့စဉ်ရက်ဆက်တွေကြားမှာ ပေး ဆပ်မှုများလည်းရှိခဲ့သလို အောင်ပွဲများလည်း များစွာရှိနေပါတယ်။ မကြာမီ ခံစစ်ကနေ တန်ပြန်တိုက်စစ်တွေကို ပြန်လည်ပြုလုပ်သွားမှာဖြစ်လို့ တပ်ရင်းတပ်ဖွဲ့တွေအသီးသီးမှ လိုအပ်နေတဲ့ နှုတ်ခမ်းနီနဲ့ စစ်ရိက္ခာများကို တတ်အားသ၍ပါဝင်ထောက်ပံ့ပေးကြဖို့ တောင်းဆိုပါတယ်”ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၁)တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်နီတပ်ပေါင်းစုထိန်းချုပ်ထားသည့် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က နိုဝင်ဘာကစ၍ ထိုးစစ် ဆင်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၉ရက်ကစ၍ လက်နက်ကြီး၊လေယာဥ်တိုက်ခိုက်မှုအပြင် မြေပြင်အင်အား ၄၀၀ ခန့်ဖြင့် ထိုးစစ်အရှိန်မြှင့်လာခဲ့သည်။

လူထုနွေဦးကရရှိသည့် စစ်ရေးအချက်အလက် အရ ယခုရက်ပိုင်းအတွင်း မိုးဗြဲမြို့အနောက်ဘက်ခြမ်းနှင့် မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းကို ထိန်းချုပ်ရန်ကြိုးပမ်းနေပြီး ခုခံနေသည့် ကရင်နီတပ်ပေါင်းစုဘက်​က ရဲဘော် ၅ဦးခန့်ကျဆုံးထားသည်။

“မိုးဗြဲတိုက်ပွဲက ဒီနေ့(ဇန်နဝါရီ ၂၇ ရက်)အထိ ဖြစ်နေတယ်။လွိုင်ကော်၊ဖယ်ခုံဘက်က စခ အခြေစိုက်တပ်တွေကနေ လက်နက်ကြီးအဆမတန်ပစ်ကူပေးနေတယ်။ကျတဲ့ရဲဘော်တချို့ရှိတယ်”ဟု ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့ရှိ စစ်ကောင်စီအခြေစိုက်ရာ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း နှင့် စည်ကား၂နှင့် စက်တော်ရာတောင်ကုန်း(ခ)ဗျူဟာကုန်းကို ၂၀၂၃ နိုဝင်ဘာတွင် ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် မိုးဗြဲမြို့နှင့် နှစ်မိုင်ကျော်အကွာအဝေးရှိ မြို့စောင့်တပ်ဖြစ်သော ခြေမြန်တပ်ရင်းအမှတ် (၄၂၂)တပ်ရင်းကိုမူ မသိမ်းပိုက်နိုင်ခဲ့ပေ။

ကရင်နီပူးပေါင်းတပ်​၏ ၁၁၁၁ စစ်ဆင်ရေးတွင် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ခဲ့ကာ စစ်ကောင်စီတပ် က လွန်ခဲ့သည့် နှစ်လကျော်ကစ၍ ထိုးစစ်ဆင်လာ၍ ကရင်နီပူးပေါင်းတပ်များက ကာကွယ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင်းသို့ အင်အားအလုံးအရင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်မှာ အထိနာပြီးနောက် ကစဉ့်ကလျားဆုတ်ခွာသွားခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် လူအင်အားနှင့် လက်နက်အင်အားအလွန်အကျွံသုံး၍ မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်ရန် အပြင်းအထန်ပြင်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှမ်းတောင် ဗျူဟာ-၁ တာဝန်ရှိသူက ပြောသည်။

သတင်း

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်သားတစ်ဦး ယနေ့(မတ်လ ၂၃ ရက်) အလင်းဝင်လာကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ထုတ်ပြန်သည်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့အား ပြာကျစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက ယနေ့(မတ်လ ၂၁ရက်) ထုတ်ပြန်သည်။