Connect with us

Hi, what are you looking for?

သတင်း

လူနှင့် လက်နက်အင်အား အလွန်အကျွံသုံး၍ မိုးဗြဲမြို့ ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ပြင်ဆင်နေ

စစ်ကောင်စီတပ်သည် လူအင်အားနှင့် လက်နက်အင်အားအလွန်အကျွံသုံး၍ မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်ရန် အပြင်းအထန်ပြင်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှမ်းတောင် ဗျူဟာ-၁ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏ မိုးဗြဲ မြို့ထိုးစစ်ကို ခုခံရန် ပြင်ဆင်နေသည့် မဟာမိတ်တပ်ပေါင်းစုကိုတွေ့ရစဥ်။ ဓာတ်ပုံ - ရှမ်းတောင်ဗျူဟာ-၁

မတ် ၂၇၊ ၂၀၂၅။ ရဲခေါင်/People’s Spring

စစ်ကောင်စီတပ်သည် လူအင်အားနှင့် လက်နက်အင်အားအလွန်အကျွံသုံး၍ မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်ရန် အပြင်းအထန်ပြင်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှမ်းတောင် ဗျူဟာ-၁ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက ယခုရက်ပိုင်းတွင် မိုးဗြဲမြို့နှင့် နှစ်မိုင်ကျော်အကွာရှိ ခြေမြန်တပ်ရင်း ခမရ ၄၂၂ တပ်သို့ အင်အားဖြည့်တင်းပြီး ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပူးပေါင်းကာ မိုးဗြဲ မြို့တွင်း ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း အသိပေးသည်။

မဟာမိတ်တပ်‌ပေါင်းစုဘက်မှလည်း အကောင်းဆုံးစုဖွဲ့မှုနှင့် မိုးဗြဲမြို့ကို ဆက်ပြီးထိန်းချူပ်ကာကွယ်နိုင်ရန်အတွက် ကြိုးပမ်းနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“စကစရဲ့ အဖြစ်နိုင်ဆုံး စစ်ဗျူဟာက လူအင်အားအလွန်ကျွံထုတ်သုံးမယ်။ ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းအလွန်ကျွံသုံးမယ်။ အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးတွေကို အဓိကသုံးပြီး မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရန်အတွက် ပြင်ဆင်နေပြီ”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာမှစ၍ မိုးဗြဲမြို့ပြန်ရရန် စစ်ကောင်စီက မြို့တွင်းသို့ စစ်ကြောင်းထိုးမှုတွင် ခမရ ၄၂၂ တပ်​ပြင်မှ အနီးဆုံးဝင်ရောက်နိုင်သည့် သစ်ယာကုန်းရပ်ကွက်နှင့် မိုးဗြဲ-လွိုင်ကော် လမ်းပိုင်း တို့မှ ဖြစ်သည်။

ထိတွေ့တိုက်ပွဲများနှင့် ကရင်နီပူးပေါင်းတပ်များ၏ ထုတ်ပြန်ချက်အရ လေးလခန့်ကြာ မိုးဗြဲတိုက်ပွဲတွင် စစ်​ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး နှင့် စစ်ကြောင်းသုံးခုဖြင့် ပြင်းထန်သည့် ထိုးစစ်ဆင်မှုသည် လေးကြိမ်ရှိခဲ့သည်။

ထိုးစစ်ဆင်မှုတိုင်းတွင် မအောင်မြင်၍ ၎င်းခြေကုပ်နေရာ ခမရ ၄၂၂ တပ်တွင်းသို့ စစ်ကောင်စီက ပြန်လည်ဆုတ်ခွာခဲ့ရသည်။

လက်ရှိတွင် မိုးဗြဲမြို့ ပြန်ရရန် စစ်ကောင်စီက မြေပြင်တပ်သား အင်အား ၇၀၀ ထက်မနည်းအသုံးပြုထားကြောင်း ကရင်နီစစ်ဘက်တာဝန်ရှိသူအချို့က ဆိုသည်။

“ကုန်းသာဘက်ကနေပါ စကစ က ထိုးဖောက်ဖို့ လုပ်နေတာရှိတယ်။ ဒီရက်ပိုင်း တိုက်ပွဲလည်းဖြစ်ထားတယ်။ မိုးဗြဲမြို့တွင်းကိုတော့ နေ့တိုင်းနီးပါး မီးလောင်ဗုံးအသုံးပြုပြီး တိုက်ခိုက်နေတယ်”ဟု မိုးဗြဲမြို့စစ်မြေပြင်ရှိရဲဘော်တစ်ဦးက ပြောသည်။

နေပြည်တော်သို့ ထိုးဖောက်နိုင်သည့် ပင်လောင်း-ဖယ်ခုံ -မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို ထိန်းချုပ်လိုခြင်းနှင့် ၎င်းတို့အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန်အတွက် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ရယူရန် အပြင်းအထန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း ရှမ်းတောင် ဗျူဟာမှူး ကိုနေကောင်းက လူထုနွေဦးသို့ အသိပေးထားသည်။

၂၀၂၃ ခုနှစ်က ကရင်နီပူးပေါင်းတပ်၏ ၁၁၁၁ စစ်ဆင်ရေးအလွန် စစ်အင်္ဂါစဥ်ပျက်ယွင်းခဲ့ရသည့် စစ်ကောင်စီသည် ပအိုဝ်းပြည်သူ့စစ်၏ အထူးဒေသ ၆ ပင်လောင်းနှင့် ဆီဆိုင်မြို့တို့တွင် အင်အားပြန်လည် စုဖွဲ့ပြီး ၎င်းတို့ဆုံးရှုံးခဲ့သည့်နယ်မြေများကို ပြန်ရရန် ကြိုးပမ်းခဲ့သည်။

ထို့အနက် လွိုင်ကော်မြို့နှင့် ဖယ်ခုံမြို့ကို ၂၀၂၄ ခုနှစ် ဇွန် နှင့် နိုဝင်ဘာလတို့တွင် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ လက်ရှိ မိုးဗြဲမြို့အပြင် ကရင်နီပြည်နယ်တွင် ဘောလခဲ နှင့် ဖားဆောင်းမြို့တို့တွင် တိုက်ပွဲ အချို့ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။