Connect with us

Hi, what are you looking for?

သတင်း

ရှမ်း-ကရင်နီအစပ်က နေရာတွေကို လုံခြုံရေးအရ အသွားအလာမလုပ်ကြဖို့ မိုးဗြဲ PDF သတိပေး

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - MB PDF)

ဇွန်-၃၀၊၂၀၂၆။မိုမို/People’s Spring

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

ပြည်သူတွေရဲ့ဘေးကင်းလုံခြုံရေးနဲ့ နေ့စဉ်လူနေမှုဘဝတွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် ရည်ရွယ်ပြီး သတိပေးတာလို့ ဆိုပါတယ်။

ဒါကြောင့် နန်းမယ်ခုံ၊ လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေနဲ့ ခေါင်းဝံလမ်းပိုင်းတွေကို ဝင်ရောက် သွားလာတာမလုပ်ကြဖို့ အပါအ၀င် ညအချိန် ခရီးသွားလာတာ၊အန္တရာယ်ရှိနိုင်တဲ့နေရာ တွေမှာ စုဝေးနေထိုင်တာကို ရှောင်ကြဉ်ဖို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ပတ်ဝန်းကျင်အခြေအနေတွေကို အမြဲသတိပြုစောင့်ကြည့်ပြီး လက်နက်ကြီး၊ ဒရုန်းနဲ့လေယာဉ်တွေကို သတိထားရှောင်ကြဉ်ဖို့ ဝိုင်းဝန်းပူးပေါင်းပေးဖို့လည်း MB-PDF က တိုက်တွန်းပါတယ်။

“သတိပေးတဲ့နေရာတွေက ပြီးခဲ့တဲ့ရက်က တိုက်ပွဲ ဖြစ်ခဲ့တဲ့နေရာတွေ နဲ့ မိုးဗြဲအနောက်ခြမ်းဘက်ပါတယ်။အဓိကတော့ စစ်တပ်စစ်ကြောင်းလှုပ်တဲ့ နေရာတွေပါ”လို့ ရှမ်း-ကရင်နီ ပူးပေါင်းတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

ဇွန်လ ၂၈ ရက် မနက်ပိုင်းက လွိုင်ကော်- မိုးဗြဲမြို့ ကြားက စစ်တပ်ကာကင်းစခန်းတွေကို ရှမ်း- ကရင်နီ JOC တော်လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၂ဦးဖမ်းဆီးရမိပြီး ကရင်နီတပ်ပေါင်းစုဘက်က ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ပါတယ်။

တပ်စခန်းတွေ ထိုးစစ်ဆင်ခံရပြီးနောက်ပိုင်း စစ်တပ်က ကရင်နီပြည်နယ်က နန်းမယ်ခုံ၊ဒီးမော့ဆို အနောက်ခြမ်း နဲ့ ဖရူဆိုမြို့နယ်ကို ဒီကနေ့ အထိ လေကြောင်းကနေ ဗုံးကြဲတာတွေလုပ်နေပါတယ်။ဒီကနေ့ နေ့လယ်ပိုင်းက ဖရူဆိုမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုမှာ စစ်ရှောင်ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတချို့ ရဟုဆို

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ကရင်နီပြည်နယ်ကို မိုးရာသီအကုန်မှာ ထိုးစစ်အရှိန်မြှင့်လာနိုင်တယ်လို့ ဒေသခံစစ်ရေးသတင်ရင်းမြစ်နဲ့‌ မြေပြင်တော်လှန်ရေးတပ်တာ၀န်ရှိသူတွေက လူထုနွေဦးကို ‌ပြောပါတယ်။

ဆောင်းပါး

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ လစ်လပ်နေတဲ့ ဥက္ကဌ နေရာအတွက် အမျိုးသမီး တစ်ဦးကို ရွေးချယ်ကာ အလုပ်အမှုဆောင်အဖွဲ့ကို ဒီကနေ့ ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

Facebook