Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခံရမည်ဟုသိရသည့် ခြေမြန်တပ်ရင်းမှ စစ်သားတစ်ဦး အလင်းဝင်လာ

ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခံရမည်ဟုသိရသည့် ဟုမ္မလင်းမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း( ခမရ- ၃၆၉)မှ စစ်သားတစ်ဦး အလင်းဝင်လာကြောင်း Earthquake People’s Defence Forceမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့ နံနက်ပိုင်းက အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား စည်သူထက်အား ရဲဘော်များက တွေ့ဆုံနေစဥ် (ဓာတ်ပုံ - Earthquake PDF)

ရဲခေါင်/People’s Spring

ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခံရမည်ဟုသိရသည့် ဟုမ္မလင်းမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း( ခမရ- ၃၆၉)မှ စစ်သားတစ်ဦး အလင်းဝင်လာကြောင်း Earthquake People’s Defence Force မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့ (ဇန်ဝါရီ ၃၀ရက်) နံနက် ၁၀နာရီတွင် အလင်းဝင်လာသည့် စစ်သားသည် စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့နယ်အခြေစိုက် ခမရ(၃၆၉)တပ်ရင်းမှ အသက်(၂၅)နှစ်အရွယ် တပ်သားစည်သူထက် ဖြစ်သည်။

“၂၀၂၄ ခုနှစ် ၅လပိုင်းမှာ ပေါ်တာဆွဲခံရပြီးပါသွားတာပါ။လက်နက်ခဲယမ်းတော့မပါဘူး။ရမည်းသင်းဘက်မှာ တာဝန်ကျနေတဲ့အချိန် အလင်းဝင်လာတာ။ဒီတစ်ယောက်နဲ့ဆို နှစ်ယောက်ရှိပါပြီ။ ပထမတယောက်က ၂၀၂၄ ခုနှစ် ၁၀လပိုင်းမှာဝင်ရောက်ခဲ့တဲ့ ရဲတပ်သားတစ်ဦးရှိတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ချိတ်ဆက်ဝင်ရောက်လာသူ တပ်သားအား နွေးထွေးစွာကြိုဆိုလက်ခံပြီး၊ သက်ဆိုင်သည့်လုံခြုံသောနေရာအား အသက်အာမခံချက် အပြည့်ဖြင့်ပို့ဆောင်ပေးမည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်စခန်းအသီးသီးမှ စစ်ကောင်စီဘက်တော်သားများအနေဖြင့် ပြည်သူလူထုအပေါ် လူမဆန်ပဲ ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိသော စစ်ကောင်စီတပ်အား အမြန်စွန့်ခွာရန် Earthquake People’s Defence Forceက တိုက်တွန်းသည်။

ထို့အပြင် သက်အ‌​သေမခံဘဲ ပြည်သူ့ရင်ခွင်သို့ ပူးပေါင်းပါက ဆုကြေးငွေနှင့်အတူ မိသားစုများရှိရာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်းလည်း ကတိပြုထားသည်။

ယခုလပိုင်းအတွင်း စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် စစ်တပ်တွင်းရောက်ရှိသူများသည် နီး စပ်ရာတော်လှန်ရေး တပ်ဖွဲ့များနှင့်ချိတ်ဆက်ကာ အလင်းဝင်လာသည့်ဖြစ်စဥ် အများအပြားရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။