Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးကျောခိုင်းသွားခြင်းထက် တော်လှန်ရေးခုတုံးလုပ် ကိုယ်ကျိုးစီးပွားရှာ၊ အာဏာအလွဲသုံးမှုကပိုဆိုးဟု KNU ဥက္ကဋ္ဌပြော

ကရင့်တော်လှန်ရေးကာလတလျှောက်အဖွဲ့အား ကျောခိုင်းသွားသည့် ခေါင်းဆောင်များရှိပြီး ပိုဆိုးသည်မှာ တော်လှန်ရေးခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာ ၊အာဏာအလွဲသုံးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး (ဗဟို)ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သော ကရင့်တော်လှန်ရေးနေ့ အထိမ်းမှတ် အခမ်းနားတွင် မိန့်ခွန်းပြောနေသော ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင့်တော်လှန်ရေးကာလတလျှောက်အဖွဲ့အား ကျောခိုင်းသွားသည့် ခေါင်းဆောင်များရှိပြီး ပိုဆိုးသည်မှာ တော်လှန်ရေးခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာ ၊အာဏာအလွဲသုံးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ယနေ့ကျရောက်သည့် KNU ဖွဲ့စည်းတည်ထောင်ခြင်း (၇၈)နှစ်မြောက်နေ့ အထိန်းအမှတ် မိန့်ခွန်းတွင် KNU ဥက္ကဋ္ဌက ယခုအချက်ကို အလေးထားပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင့်တော်လှန်ရေး လှုပ်ရှားမှု (၇၈)နှစ်တာကာလအတွင်း ဦးဆောင်ဦးရွက်ပြုခဲ့ရာ၌ KNU အနေဖြင့် ဦးဆောင်မှု ကဏ္ဍ၌ ဖြစ်စေ၊အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှု အခန်း ကဏ္ဍ၌ ဖြစ်စေ၊ ကရင်လူမျိုးကြားထဲ၌ဖြစ်စေ အစည်းအရုံး ခိုင်မာစွာရပ်တည်နိုင်မှုအပေါ် စိန်ခေါ်မှု ဖြစ်စေခဲ့သည့် အခြေအနေများစွာကြုံခဲ့ရဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

“အချိန်ကာလတခုမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို ထားရစ်ခဲ့တာ ရှိခဲ့ပြီး ဦးဆောင်မှုကဏ္ဍမှာရှိတဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံရေးမူဝါဒ နဲ့ သဘောထားရပ်တည်ချက်တွေအရ တော်လှန်ရေးလမ်းစဉ်နဲ့ မကိုက်ညီ တဲ့ အပေါ်မှာလည်း စိတ်ဝမ်းကွဲမှုတွေ ရှိခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံးကို ဦးဆောင် တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတောင် အစည်းအရုံး နဲ့ တော်လှန်ရေးကို ချန်ထားရစ်ခဲ့ကြတာ တွေလည်း ရှိခဲ့ပါတယ်” ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

တော်လှန်ရေးအချိန်ကာလ ကြာမြင့်လာသည့် နှင့်အမျှ အခက်အခဲများ ကြုံတွေ့ရ၍ လုပ်ဖော်ဆောင် ဖက်တချို့သည် အစည်းအရုံးနှင့် တော်လှန်ရေးကို ကျောခိုင်းသွားခဲ့ဟု ပြောပြသည်။

“ အဲ့ဒါထက်ဆိုးတာက ကရင့်တော်လှန်ရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုး စီးပွားရှာ၊ အာဏာ အလွဲသုံးမှုတွေဟာ ဦးဆောင်တဲ့ ခေါင်းဆောင်တွေကြားထဲမှာလည်း ရှိခဲ့ပါတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

အဆိုပါအခြေအနေများ ကြုံရသော်လည်း KNU၏ ခေါင်းဆောင်မှုနှင့် မူဝါဒများအပေါ် ခိုင်မာစွာ ရပ်တည်သည့် အစည်းအရုံး၏ ခေါင်းဆောင်မှုနှင့် မူဝါဒအပေါ် ခိုင်မာစွာ ရပ်တည်သည့် ကရင် အမျိုးသားအစည်းအရုံးခေါင်းဆောင်များနှင့် လုပ်ဖော်ဆောင်ဖက် အချို့က ပြိုကွဲမှုများ ကြိုးစား စည်းရုံးကာ အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုကို ကြိုးစားတည်ဆောက်ပြီး အစည်းအရုံးရပ်တည်မှုခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့ဟု ပြောပြသည်။

“ဒီနေ့ဒီအချိန်မှာ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ကရင်တမျိုးသားလုံး ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ပြည့်ဝစွာရရှိအောင် မလုပ်ဆောင်နိုင်သေးပေမယ့် လည်း ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်များ၊ ရဲဘော်များနဲ့ ကရင်လူမျိုးတို့ဟာ အစည်းအရုံးရဲ့ ဦးဆောင်မှုအပေါ် ခိုင်မာစွာ ရပ်တည် ထောက်ခံမှု၊ ကရင်လူမျိုးပြည်သူလူထုတွေရဲ့ အားပေးထောက်ပံ့ ပူးပေါင်းဆောင်ရွက်မှု တွေကြောင့်သာ ကရင့်တော်လှန်ရေးလှုပ်ရှားမှုမှာ ကရင်အမျိုးသားအစည်းအရုံးရဲ့ ရပ်တည်မှုနဲ့ ဦးဆောင်မှု ခိုင်ခိုင်မာမာ ဆက်လက် တည်ရှိဆောင်ရွက်နေနိုင်တာ ဖြစ်ပါတယ်” ဟုလည်း KNU ဥက္ကဋ္ဌက ပြောသည်။

KNU၏ အဓိကလုပ်ငန်းတာဝန်မှာ ကရင်လူမျိုးတို့၏ နိုင်ငံရေး မျှော်မှန်းချက် များ အောင်မြင်ပြည့်ဝရရှိနိုင်စေရန်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တန်းတူ ညီမျှမှုရှိကာ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ကော်သူးလေ (ကရင်ပြည်) ကို တည်ထောင်ရန်ဖြစ်ကြောင်း ပြောပြသည်။

“တချိန်တည်းမှာပဲ လူမျိုးတိုင်းအတွက် ဒီမိုကရေစီအခွင့်အရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် တွေကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက် သွားဖို့လည်း ဖြစ်ပါ တယ်။ ဒီအခွင့်အရေးတွေ ရရှိခြင်းဟာ ဒီနိုင်ငံမှာရှိတဲ့ ကရင်လူမျိုးနဲ့ အခြားသော လူမျိုးတွေအတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ကြဉ်းပေးမှာ ဖြစ်ပါတယ်” ဟုလည်း KNU ဥက္ကဋ္ဌ ကပြောသည်။

တော်လှန်ရေးကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးရည်မှန်းချက်များ ပြည့်၀စွာ ရရှိစေရန် လှုပ်ရှားနေသည့် အချိန်ကာလဖြစ်သည်နှင့်အညီ ကြုံတွေ့လာရမည့် အရာအားလုံးကို ရင်ဆိုင်ရန် တော်လှန်ရေး သန္နိဌာန် ချထားရမည်ဟုလည်း KNU ဥက္ကဋ္ဌက ပြောသည်။

“ကျနော်တို့ရဲ့ သဘောထားခံယူချက်၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ ပစ္စည်းတန်ဆာများကို လိုအပ် သလို တပ်ဆင်အသုံးပြုပြီး ရှေ့ဆက်လုပ်ငန်းများမှာ ကြုံတွေ့လာနိုင်မည့် အရာများစွာအတွက် ကြိုတင် ပြင်ဆင်ထားရမှာဖြစ်ပါတယ်”ဟုလည်း ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

နိုင်ငံရေးရည်မှန်းချက် ပြည့်ဝအောင်မြင်မှု ရရှိသည်အထိ စုစည်းညီညွတ် ပူးပေါင်းဆောင်ရွက်ကြရန်လည်း KNUဥက္ကဋ္ဌက တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။