Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဂိတ်အား ပကဖ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဂိတ်စခန်းတစ်ခုကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်။

ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ရေဦးပကဖ - GF

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဂိတ်စခန်းတစ်ခုကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်။

ရေဦးမြို့မြောက်ခြမ်း ဟိန်းဆီဆိုင်းနေရာရှိ စစ်ကောင်စီတပ် ဂိတ်စခန်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ယနေ့( ဖေဖော်ဝါရီ ၅ရက်) ညနေပိုင်း၌ တိုက်ခိုက်ခြင်းဖြစ်သည်။

” ဒရုန်းတွေ၊ ငါးကြင်းမြှီးတွေနဲ့ ချတာ။ ဒရုန်းပျံတဲ့ဘက်လို့ထင်တဲ့ ရွာသစ်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်နေတယ်”ဟု ရေဦးပကဖမှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လက်ရှိအချိန်အထိ ထိခိုက်မှုသတင်းမကြားရသေးကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ည ၉နာရီခန့်တွင်ပြောသည်။

” ကိုးချက်ရှိပြီပစ်နေတာ။ ဗုံးကျင်းထဲပဲ နေနေကြရတယ်ဗျ။ ရမ်းပစ်နေတာ”ဟု ရေဦးမြို့မှဒေသခံတစ်ဦးက ပြောသည်။

ရေဦးမြို့တွင် ရပ်ကွက်ခြောက်ခုရှိပြီး စစ်ကောင်စီက မြို့ပေါ်နှင့် ပျူစောထီးများရှိသည့် အောင်သာယာကျေးရွာ၌ တပ်ဆွဲထားသည်။ ကျန်ကျေးရွာပေါင်း၂၀၀နီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)တပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ သဘောထားကွဲလွဲမှု သဘောတူညီမှုရရှိခဲ့ပြီး SRFတပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကွပ်ကဲမှုအောက်ခံယူခဲ့ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။