Connect with us

Hi, what are you looking for?

သတင်း

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ONE Championship ပွဲဦးထွက် ချီလီဖိုက်တာနှင့် ထိုးသတ်မည်

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် One Championship နှင့် မကြာသေးမီက စာချုပ်ချုပ်ဆိုပြီးနောက် ပထမဆုံးပွဲဦးထွက်အဖြစ် ချီလီဖိုက်တာနှင့် ထိုးသတ်မည်ဖြစ်ကြောင်း Oneက တရားဝင်ထုတ်ပြန်သည်။

သုည/People’s Spring

ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် One Championship နှင့် မကြာသေးမီက စာချုပ်ချုပ်ဆိုပြီးနောက် ပထမဆုံးပွဲဦးထွက်အဖြစ် ချီလီဖိုက်တာနှင့် ထိုးသတ်မည်ဖြစ်ကြောင်း Oneက တရားဝင်ထုတ်ပြန်သည်။

ဘရော်နီကာသည် လာမည့် ဖေဖော်ဝါရီ ၁၄ရက်တွင် ပြုလုပ်မည့် ONE Friday Fights 97 ပြိုင်ပွဲ၏ အန်တန်ဝိတ်တန်း အမျိုးသမီးမွေထိုင်းစိန်ခေါ်ပွဲတွင် ချီလီဖိုက်တာ ဖရန်စီကာဗီရာနှင့် ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

Thai Fight ပြိုင်ပွဲတွင် နာမည်ကြီးနေသည့် ဘရော်နီကာသည် ပြီးခဲ့သည့် ဇန်နဝါရီနောက်ဆုံးပတ်က One Championship နှင့် တရားဝင်စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး စာချုပ်ပါ အချက် အလက်အရ One ၏ မွေထိုင်းနှင့် ကစ်ဘောက်ဆင်ပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဘရော်နီကာနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် အသက် ၂၅ နှစ်အရွယ် ချီလီနိုင်ငံသူ ဖရန်စီကာဗီရာသည် One Championship တွင် ၅ ပွဲ ထိုးသတ်ထားပြီး ၂ ပွဲနိုင် ၃ ပွဲ ရှုံးနိမ့်ထားသည်။

အသက် ၂၈ နှစ်အရွယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာသည် မွေထိုင်းပြိုင်ပွဲ ၁၉ ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာ နှစ်ပွဲသာ ရှုံးနိမ့်ပြီး ၁၇ ပွဲဆက် နိုင်ပွဲရရှိထားသူ ဖြစ်သည်။

ဘရော်နီကာသည် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာအတွင်းက ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် Thai Fight 100 years Nakornban ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုခံထားရသူလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့စပါးအုံးဟုနာမည်ကျော်သည့်အောင်လအန်ဆန်နှင့်ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့လာမည့်အောက်တိုဘာ၃ရက်တွင်ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း One Championship က ယနေ့ (စက်တင်ဘာ ၂ရက်) ထုတ်ပြန်သည်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် ယနေ့ (မေလ ၉) ညပိုင်းက ထိုးသတ်သည့် One Championship မွေထိုင်းပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဂျူနီယာကို ဒုတိယအချီတွင် အလဲထိုး​ အနိုင်ရခဲ့သည်။

သတင်း

One Championshipက ယနေ့ (မတ်လ ၈) နံနက်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် လက်ဝှေ့ကျော် စိုးလင်းဦးက ပြိုင်ဘက်ရုရှားဖိုက်တာကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် One Championship ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဥ်တွင် ချီလီဖိုက်တာ ဖရန်စီကာဗီရာကို အမှတ် ဆုံးဖြတ်ချက် ဖြင့် ရှုံးနိမ့်ခဲ့သည်။