Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံး ပကဖ ထံအ လင်းဝင်လာသည့် သင်တန်းဆင်းစစ်သားသစ် ငါးဦးရှိလာ

ယခုနှစ်ဆန်းကစပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ထံဆက်သွယ်၍ စစ်ကောင်စီ၏အမှတ်(၂၅) ခြေလျင်တပ်ရင်း(ခလရ-၂၅) မှ စစ်မှုထမ်းဥပ​ဒေဖြင့်​ခေါ်ယူစု​ဆောင်းခံရ​သော စစ်သားသစ်ငါးဦး ပြည်သူ့ရင်ခွင်ခိုလှုံကာအလင်းဝင်လာကြောင်းလောင်းလုံး ပကဖမှတာဝန်ရှိသူတစ်ဦးကလူထုနွေဦးသို့ပြောသည်။

အလင်းဝင်လာ​သောစစ်မှုထမ်းတပ်သားများအား လောင်းလုံးပကဖတာဝန်ရှိသူနှင့်အတူတွေ့ရစဥ်။ ဓာတ်ပုံ - လောင်းလုံး ပကဖ

ကျော်ဇော/People’s Spring

ယခုနှစ်ဆန်းကစပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ထံဆက်သွယ်၍ စစ်ကောင်စီ၏အမှတ်(၂၅) ခြေလျင်တပ်ရင်း(ခလရ-၂၅) မှ စစ်မှုထမ်းဥပ​ဒေဖြင့်​ခေါ်ယူစု​ဆောင်းခံရ​သော စစ်သားသစ်ငါးဦး ပြည်သူ့ရင်ခွင်ခိုလှုံကာအလင်းဝင်လာကြောင်းလောင်းလုံး ပကဖမှတာဝန်ရှိသူတစ်ဦးကလူထုနွေဦးသို့ပြောသည်။

ထားဝယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ-၂၅ မှ စစ်မှုထမ်းအပတ်စဥ်(၁)နှင့် (၂)မှ တပ်သားသစ်ငါးဦးသည် ဇန်န ဝါရီလမှစ၍ ယခု ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ လောင်းလုံး ပကဖ ထံဆက်သွယ် အ လင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

“ဒီ ၂၀၂၅ ဇန်နဝါရီလ အစပိုင်းမှာပဲဗျ။ အဲဒီကနေ ဆက်တိုက်၀င်ရောက်လာနေတာပါ။ အဲ ဒီထဲက တစ်ဦးတော့လက်နက်နဲ့ ၀င်ရောက် လာနိုင်ခဲ့ပါတယ်”ဟု ပကဖ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ရင်ခွင်ခိုလှုံလာသော စစ်မှုထမ်းတပ်သားငါးဦးမှာ တစ်ကြိမ်လျှင် တစ်ဦးဆီ ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းအ နက် သုံးကြိမ်မြောက်မှ တပ်သားသည် G3 အမျိုးအစားသေနတ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံးနှင့် ခဲယမ်းများပါ ယူဆောင်လာနိုင်ခြင်းဟု ၎င်းက ဆက်ပြောသည်။

“ပထမဆုံးတစ်ယောက်က ချိတ်ဆက်လာတော့ ကျနော်တို့ကြိုးစားကြပါတယ်။ ပထမတစ်ကြိမ်မှာ မအောင်မြင်ခဲ့ဘူး။ ဒုတိယအ ကြိမ်မှာ ခလရ-၂၅ တပ်ရင်းအထဲထိကျနော်တို့ရဲဘော်တွေ ၀င်ရောက်ခေါ်ယူခဲ့ရတယ်။ အဲ ဒီတစ်ယောက်ကိုခေါ်ထုတ်နိုင်ခဲ့ပြီးတော့မှတန်းစီပြီးထွက်လိုက်လာကြတာ”ဟု လောင်းလုံး ပကဖ မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ ပြည်သူ့ရင်ခွင်ခိုလှုံလိုသည့်စစ်မှု ထမ်းတပ်သားအား ခလရ-၂၅ တပ်ရင်းအ တွင်းဝင်ရောက်ခေါ်ထုတ်စဥ်က စစ်ရေးတိုက် ခိုက်မှုပြုလုပ်ဆောင်ရန် အခွင့်အရေးရခဲ့သော် လည်း စစ်မှုထမ်းတပ်သားအား အပြင်ခေါ်ထုတ်ရန်မှာ ဦးစားပေးဖြစ်၍ တိုက်ခိုက်ခြင်းမပြုဘဲ ပြန်ထွက်လာရခြင်းဟု လောင်းလုံး ပကဖ မှ အသိပေးသည်။

လက်ရှိတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့-ပကဖ အစီအစဥ်ဖြင့် အလင်းဝင်တပ်သားသစ်ငါးဦးအားတစ်ဦးလျှင်ငွေကျပ်တစ်သိန်းနှုန်းဖြင့် ဆုငွေချီးမြှင့်ထားပြီး ဆုငွေထပ်မံချီးမြှင့်နိုင်ရန်လည်း စီစဥ်လျှက်ရှိကြောင်း ယင်း ပကဖ ထံမှ သိရသည်။

အလင်းဝင်တပ်သားသစ်ငါးဦးအနက်အချို့မှာ လောင်းလုံး-ပကဖ ထံဝင်ရောက်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး အချို့မှာ ပြည်ပသို့ထွက်ခွာရန် ဆန္ဒပြုထား​ကြသည်။ထပ်မံ၍ စစ်ကောင်စီလက်အောက်မှ ထွက်ပြေးကာ ပြည်သူ့ရင်ခွင်ခိုလှုံလိုသည့် တပ်ဖွဲ့ဝင်များကိုလည်း ကြိုဆိုလက်ခံသွားမည်ဟုလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားနှင့် ပျူ ၄ဦး​သေဆုံးပြီး ​သေနက် ၃ လက်သိမ်းဆည်းရရှိ​ကြောင်းထုတ်ပြန်

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး)ထိန်းချုပ်ထားသည့် စဉ့်ကူးမြို့နယ်တွင် ရွှေတူးဖော်ရေးလုပ်ကွက်လေလံနှင့်ပတ်သက်၍ မျှတမှုမရှိဟုဆိုကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဒေသခံများက ဆန္ဒပြနေသည်။

သတင်း

တော်လှန်ရေးတပ်ဖွဲ့ရဲ့ကင်းစခန်းတခု စီးနင်းခံရကာ လက်နက်ခဲယမ်းတချို့ ဆုံးရှုံး

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ကျေးရွာအချို့၌ စစ်ရေးတင်းမာနေစဉ် တညောင်တိုက်နယ်စခန်းမှူးသည် စလင်းပကဖထံ အလင်းဝင်ခဲ့သည်။