Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံး ပကဖ ထံအ လင်းဝင်လာသည့် သင်တန်းဆင်းစစ်သားသစ် ငါးဦးရှိလာ

ယခုနှစ်ဆန်းကစပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ထံဆက်သွယ်၍ စစ်ကောင်စီ၏အမှတ်(၂၅) ခြေလျင်တပ်ရင်း(ခလရ-၂၅) မှ စစ်မှုထမ်းဥပ​ဒေဖြင့်​ခေါ်ယူစု​ဆောင်းခံရ​သော စစ်သားသစ်ငါးဦး ပြည်သူ့ရင်ခွင်ခိုလှုံကာအလင်းဝင်လာကြောင်းလောင်းလုံး ပကဖမှတာဝန်ရှိသူတစ်ဦးကလူထုနွေဦးသို့ပြောသည်။

အလင်းဝင်လာ​သောစစ်မှုထမ်းတပ်သားများအား လောင်းလုံးပကဖတာဝန်ရှိသူနှင့်အတူတွေ့ရစဥ်။ ဓာတ်ပုံ - လောင်းလုံး ပကဖ

ကျော်ဇော/People’s Spring

ယခုနှစ်ဆန်းကစပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ထံဆက်သွယ်၍ စစ်ကောင်စီ၏အမှတ်(၂၅) ခြေလျင်တပ်ရင်း(ခလရ-၂၅) မှ စစ်မှုထမ်းဥပ​ဒေဖြင့်​ခေါ်ယူစု​ဆောင်းခံရ​သော စစ်သားသစ်ငါးဦး ပြည်သူ့ရင်ခွင်ခိုလှုံကာအလင်းဝင်လာကြောင်းလောင်းလုံး ပကဖမှတာဝန်ရှိသူတစ်ဦးကလူထုနွေဦးသို့ပြောသည်။

ထားဝယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ-၂၅ မှ စစ်မှုထမ်းအပတ်စဥ်(၁)နှင့် (၂)မှ တပ်သားသစ်ငါးဦးသည် ဇန်န ဝါရီလမှစ၍ ယခု ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ လောင်းလုံး ပကဖ ထံဆက်သွယ် အ လင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

“ဒီ ၂၀၂၅ ဇန်နဝါရီလ အစပိုင်းမှာပဲဗျ။ အဲဒီကနေ ဆက်တိုက်၀င်ရောက်လာနေတာပါ။ အဲ ဒီထဲက တစ်ဦးတော့လက်နက်နဲ့ ၀င်ရောက် လာနိုင်ခဲ့ပါတယ်”ဟု ပကဖ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ရင်ခွင်ခိုလှုံလာသော စစ်မှုထမ်းတပ်သားငါးဦးမှာ တစ်ကြိမ်လျှင် တစ်ဦးဆီ ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းအ နက် သုံးကြိမ်မြောက်မှ တပ်သားသည် G3 အမျိုးအစားသေနတ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံးနှင့် ခဲယမ်းများပါ ယူဆောင်လာနိုင်ခြင်းဟု ၎င်းက ဆက်ပြောသည်။

“ပထမဆုံးတစ်ယောက်က ချိတ်ဆက်လာတော့ ကျနော်တို့ကြိုးစားကြပါတယ်။ ပထမတစ်ကြိမ်မှာ မအောင်မြင်ခဲ့ဘူး။ ဒုတိယအ ကြိမ်မှာ ခလရ-၂၅ တပ်ရင်းအထဲထိကျနော်တို့ရဲဘော်တွေ ၀င်ရောက်ခေါ်ယူခဲ့ရတယ်။ အဲ ဒီတစ်ယောက်ကိုခေါ်ထုတ်နိုင်ခဲ့ပြီးတော့မှတန်းစီပြီးထွက်လိုက်လာကြတာ”ဟု လောင်းလုံး ပကဖ မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ ပြည်သူ့ရင်ခွင်ခိုလှုံလိုသည့်စစ်မှု ထမ်းတပ်သားအား ခလရ-၂၅ တပ်ရင်းအ တွင်းဝင်ရောက်ခေါ်ထုတ်စဥ်က စစ်ရေးတိုက် ခိုက်မှုပြုလုပ်ဆောင်ရန် အခွင့်အရေးရခဲ့သော် လည်း စစ်မှုထမ်းတပ်သားအား အပြင်ခေါ်ထုတ်ရန်မှာ ဦးစားပေးဖြစ်၍ တိုက်ခိုက်ခြင်းမပြုဘဲ ပြန်ထွက်လာရခြင်းဟု လောင်းလုံး ပကဖ မှ အသိပေးသည်။

လက်ရှိတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့-ပကဖ အစီအစဥ်ဖြင့် အလင်းဝင်တပ်သားသစ်ငါးဦးအားတစ်ဦးလျှင်ငွေကျပ်တစ်သိန်းနှုန်းဖြင့် ဆုငွေချီးမြှင့်ထားပြီး ဆုငွေထပ်မံချီးမြှင့်နိုင်ရန်လည်း စီစဥ်လျှက်ရှိကြောင်း ယင်း ပကဖ ထံမှ သိရသည်။

အလင်းဝင်တပ်သားသစ်ငါးဦးအနက်အချို့မှာ လောင်းလုံး-ပကဖ ထံဝင်ရောက်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး အချို့မှာ ပြည်ပသို့ထွက်ခွာရန် ဆန္ဒပြုထား​ကြသည်။ထပ်မံ၍ စစ်ကောင်စီလက်အောက်မှ ထွက်ပြေးကာ ပြည်သူ့ရင်ခွင်ခိုလှုံလိုသည့် တပ်ဖွဲ့ဝင်များကိုလည်း ကြိုဆိုလက်ခံသွားမည်ဟုလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်း ဒေသကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်နေတာ ခုခံဖို့ ပြုလုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်းမှာ ပြည်သူတွေ တက်နိုင်သလောက် ပါဝင်ပေးဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်တွန်းထားပါတယ်။

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံခရိုင်၊မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာသို့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်စစ်​ကြောင်းကို ​ဒေသခံPDF နဲ့ ပကဖတို့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၂ဦးသေဆုံးပြီး ၁၀ဦး လက်နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်ကဒီသတင်းထုတ်ပြန်ပါတယ်။