Connect with us

Hi, what are you looking for?

သတင်း

မြန်မာတစ်ဦးကိုသတ်ဖြတ်ခဲ့သည့် ထိုင်းစစ်သားများအားအရေးယူနိုင်ရေး ထိုင်းရှေ့နေများကောင်စီ​ အမှုလက်ခံ

မြန်မာနိုင်ငံသားတစ်ဦးသတ်ဖြတ်ခဲ့သည့် ထိုင်းစစ်သားများအား အရေးယူနိုင်ရေး ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ​ထံ တင်ပြရာအမှုကိုလက်ခံခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rightsက ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)တွင် အသိပေးထုတ်ပြန်သည်။

ထိုင်းစစ်သားများ နှိပ်စက်သတ်ဖြတ်ခဲ့သော ကိုအောင်ကိုကို၏ ဓာတ်ပုံနှင့် အမှုကို ပြန်လည်စစ်ဆေးရန် ထိုင်းရှေ့နေ့များကောင်စီ ထံတင်ပြနေစဥ်။ ဓာတ်ပုံ - Fortify Rights

ရဲခေါင်/People’s Sprinv

မြန်မာနိုင်ငံသားတစ်ဦးကိုသတ်ဖြတ်ခဲ့သည့် ထိုင်းစစ်သားများအား အရေးယူနိုင်ရေး ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ​ထံ တင်ပြရာအမှုကိုလက်ခံခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ယနေ့ (ဖေဖော်ဝါရီ ၁၃ ရက်)တွင် အသိပေးထုတ်ပြန်သည်။

၂၀၂၄ ဇန်နဝါရီ ၁၂ရက်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ထဆိုင်လွတ်မြို့နယ်ခွဲ၊ ဘာန်းတိုင်ကျေးရွာ၌ (၃၇)နှစ်အရွယ် ကိုအောင်ကိုကိုဆိုသူအား ထိုင်းစစ်သားလေးဦးက ဖမ်းဆီးပြီးနောက် ရိုက်နှက် သတ်ဖြတ်ခဲ့ခြင်းဟု ဆိုသည်။

ထို့နောက် ကိုအောင်ကိုကို သတ်ဖြတ်ခံရမှုအတွက် ၂၀၂၄ စက်တင်ဘာ၂၇ ရက်တွင် ထိုင်းတရားရုံးက စေတနာ့ဝန်ထမ်း မြန်မာတစ်ဦးဖြစ်သော စီရာချက်ဆိုသူအား ထောင်ဒဏ်သုံးနှစ်နှင့် လေးလချမှတ်ခဲ့ကြောင်း Fortify Rights က အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဆုံးဖြတ်ချက်သည် ၎င်းတို့ စစ်ဆေးလေ့လာမှုအရ လွဲချော်နေပြီး သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် အရေးယူရန် တိုက်တွန်းသည်။

“ထိုင်းရှေ့နေများ ကောင်စီရဲ့ အရေးကြီးတဲ့ လုပ် ဆောင်မှုတွေနဲ့ ဒီအမှုကို အာရုံစိုက်ပြီး တရားမျှတမှု ရှိလာမယ်လို့ မျှော်လင့်ပါတယ်”ဟု Fortify Rights ၏ အမှုဆောင်အရာရှိချုပ် မက်သရူးစမစ်က ပြောသည်။

အမှုဖြစ်စဥ်၏ မြေပြင်ကွင်းဆင်းစစ်ဆေးချက်ကို ၂၀၂၄ ဇန်နဝါရီမှ စက်တင်ဘာအထိ မျက်မြင် တွေ့ရှိခဲ့သူများ၊ သေဆုံးသူ၏ မိသားစုဝင်၊ ကျေး ရွာအုပ်ချုပ်ရေးမှုးနှင့် မိတ်ဆွေများကို Fortify Rights ကတွေ့ဆုံမေးမြန်းခဲ့ကြောင်းလည်း ဖော်ပြသည်။

၎င်းတို့၏ ထွက်ဆိုချက်များကိုအခြေခံ၍ ထိုင်းစစ်တပ်၏ ကျူးလွန်မှုများကို စစ်ဆေးပေးရန် ၂၀၂၄ နိုဝင်ဘာ ၁၄ ရက်တွင် ထိုင်းလွှတ်တော်သို့ စာတစ်စောင်ပေးပို့ခဲ့သည်။

ထို့အပြင် အစီရင်ခံစာတစ်စောင်ကိုလည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာ၁၅ ရက်တွင် Fortify Rightsက ထုတ်ပြန်ခဲ့ပြီး ထိုင်းလွှတ်တော်ကော်မတီကလည်း ဖြစ်စဥ်ကို ယမန်နှစ် ဒီဇင်ဘာ၁၂ ရက်တွင် ကြားနာမှုပြုလုပ်ခဲ့သည်။

ကြားနာမှုတွင် ထိုင်းစစ်တပ်ကိုယ်စားပြုသူများနှင့် မဲဆောက်ခရိုင်ရဲတပ်ဖွဲ့တို့က ထိုင်းစစ်သားများသည် ကိုအောင်ကိုက်ိုအားသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိဘဲ မြန်မာဘက်ခြမ်းမှ ကရင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ဝတ်စုံသည် ထိုင်းစစ်တပ်ဝတ်စုံနှင့် ဆင်တူသည့်အတွက် မှားယွင်းစွပ်စွဲခြင်းဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။

သို့သော်လက်ရှိတွင် ထိုင်းရှေ့နေကောင်စီက အမှုကိုလက်ခံလိုက်ပြီး ထိုင်းရှေ့နေကောင်စီဥက္ကဋ္ဌကလည်း အရပ်ဘက်သို့မဟုတ် ရာဇ၀တ်မှုဖြင့် အရေးယူနိုင် ရေးတွန်းအားပေးမည်ဟု ပြောကြားခဲ့ကြောင်း Fortify Rights ကထပ်ဆင့်အသိပေးသည်။

ကိုအောင်ကိုကိုသေဆုံးမှုနှင့် ရက်စက်ကြမ်းကြုတ်သော ညှင်းပန်းနှိပ်စက်ခံရမှုများအတွက် တရားမျှတမှုရရှိရန်နှင့် ထိုင်းစစ်သားများအနေဖြင့် တာဝန်ခံမှုရှိစေရေးအတွက် ကြီးမားသောခြေလှမ်းဟု မက်သရူးစမစ် က ဆိုသည်။

“အမှုမှာ တရားမျှတမှုကို အာမခံတာက ထိုင်းနိုင်ငံအနေနဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေကို အဆုံးသတ်ဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာကတိကဝတ်တွေကို သရုပ်ပြဖို့ အကောင်းဆုံးပါပဲ”ဟု ၎င်းက ပြောသည်။

လက်ရှိ အမှုကိုလက်ခံလိုက်သည့် ထိုင်းရှေ့နေ့ကောင်စီ၏ ဥက္ကဋ္ဌသည် ထိုင်းတရားရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးယူနစ်တစ်ခု ဖြစ်သော DSI ၏ အထူးအမှုတွဲများ ဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူဟု ဆိုသည်။

DSI သည် တာဝန်ရှိသူများ အပါအဝင် ထင်ရှားကျော်ကြားပြီး ထိလွယ်ရှလွယ် အမှုများကို စုံစမ်းစစ်ဆေးရန် တရားရေး ဝန်ကြီးဌာန လက်အောက်တွင်ရှိသည်။

ထို့အပြင် DSIသည် ထိုင်းနိုင်ငံ၏ ညှဉ်းပန်းနှိပ်စက်မှု တားဆီးနှိမ်နှင်းရေးနှင့် အကြပ်ကိုင် ပျောက်ကွယ်သွားမှု အက်ဥပဒေကို ပြဋ္ဌာန်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး ၎င်းဌာနတွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် အတင်း အကြပ် ပျောက်ဆုံးမှုတို့ကို စုံစမ်းစစ်ဆေးရန် အထူး ပြု စုံစမ်းစစ်ဆေးရေး အဖွဲ့နှစ်ဖွဲ့နှင့် အက်ဥပဒေ အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့တို့ ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စျေးတစ်ခုထဲမှာ ခွင့်ပြုချက် မရှိဘဲ ကုန်ပစ္စည်းတွေ ရောင်းချမှုနဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

သတင်း

ခွေးကို ပင်လယ်ထဲ လွှင့်ပစ်ခဲ့တဲ့ မြန်မာနိုင်ငံသား တစ်ဦးကို တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး တရားစွဲဆိုဖို့ စီစဉ်နေပါတယ်။

သတင်း

ပြောင်းဖူးစေ့ပုံကြီးအောက်မှာပုန်းအောင်း လိုက်ပါလာတဲ့ တရားမဝင်ရွှေ့ပြောင်းလာသူ မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သတင်း

တောင်ကိုရီးယားမှာ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ ဗီဇာအခက်အခဲအတွက် ကိုရီးယားလွှတ်တော်မှာရှိတဲ့ ဒီမိုကရက်ပါတီက ပူးပေါင်းဆွေးနွေးမယ်လို့ ဝါရင့်အမတ်တစ်ဦးဖြစ်သူ အီယုန်ဆွန်းက ပြောပါတယ်။