Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ် မီးရှို့၍ နေအိမ် ၁၀၀ကျော် မီးလောင်

မကွေးတိုင်း၊စလင်းမြို့နယ်ရှိ အုန်းတောရွာနှင့် မြောင်းကြားကျေးရွာရှိ နေအိမ် ၁၀၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စလင်းမြို့နယ်ရှိ မြောင်းကြားကျေးရွာ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - စလင်း ပကဖ

ရဲခေါင်/People’s Spring

မကွေးတိုင်း၊စလင်းမြို့နယ်ရှိ အုန်းတောရွာနှင့် မြောင်းကြားကျေးရွာရှိ နေအိမ် ၁၀၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်ကစ၍ လင်းဇင်းတိုက်နယ် အုန်းတောရွာနှင့် မြောင်းကြားကျေးရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး တစ်အိမ်တက် တစ်အိမ်ဆင်း မီးရှို့ခဲ့ခြင်းဟု ဆိုသည်။

“ အုန်းတောက ၁၀၀ ကျော်ပါ။အတိအကျ မကောက်နိုင်သေးဘူးဆရာ။မီးမငြိမ်းနိုင်လို့ပါ။တရွာလုံးကုန်မယ်ထင်ပါတယ်။မြောင်းကြားက ၁၀အိမ် ပါ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စလင်းမြို့နယ်တွင်းသို့ စစ်ကောင်စီတပ်သည် အင်အား ၂၀၀ကျော်အသုံးပြု၍ စစ်ရေးအရအရေးပါသည့် ဆင်ဖြူကျွန်းမြို့နှင့် တညောင်မြို့ ကားလမ်းဘေးရှိ ကျေးရွာများအား ဇန်နဝါရီတတိယပတ်ကစ၍ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းသည် စလင်းမြို့နယ်၏အရှေ့ မြောက်ဘက်ခြမ်းရှိ တဲကြီးကျေးရွာတွင် အထိုင်ချကာ ဘေးပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် မြေနုကျေးရွာဘက်သို့ ဝင်ရောက်စစ်ကြောင်းထိုးနေကြောင်းသိရသည်။

မြေနုကျေးရွာသည် စလင်းမြို့နယ်၊ တညောင်မြို့နှင့် နီးစပ်ပြီး ဆိပ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ်(၂၁) နှင့် (၂၂)ထံ ဓာတ်အားပေးရသည့် ဓာတ်အားခွဲရုံသည် တညောင်မြို့တွင်တည်ရှိကြောင်းလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့က လူထုနွေဦးသို့ ပြောထားသည်။

ဖေဖော်ဝါရီ၁၀ ရက်ကလည်း စလင်းမြို့နယ်အတွင်းရှိ စလင်း ပကဖ အထိုင်ရုံးနှင့် ခဲယမ်းဂိုဒေါင်ကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး ရဲဘော်တစ်ဦးထိခိုက်မှုရှိခဲ့သည်။

စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ -၂၅၃၊၂၅၄ နှင့် ၂၅၅)တပ်တို့ အခြေစိုက်ထားသည်။ထို့အပြင် စစ်ကောင်စီ၏ ကာ ကွယ်ရေးပစ္စည်းစက်ရုံ များ ရှိသည့် ပွင့်ဖြူ ၊ စေတုတ္တရာမြို့ နယ်တို့နှင့် ဆိပ်ဖြူမြို့နယ်သည် ထိစပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊နတ်မောက်မြို့နယ်က ကျေးရွာတွေမီးရှို့လုယက်နေတဲ့ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ လေပြင်းတိုက်ခိုက်လို့ နေအိမ် ၃၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။

သတင်း

​မကွေးတိုင်း၊ စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာမှာ သုံးလကြာအထိုင်ချခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

Facebook