Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ပေါ် စစ်တပ်ဘေးရှိ ကမ္ဘောဇဘဏ် ထပ်မံဓားပြတိုက်ခံရ

မန္တလေးမြို့ပေါ် စစ်ကောင်စီတပ်ဘေးရှိ ကမ္ဘောဇဘဏ်(KBZ Bank)ကို ဒုတိယအကြိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၁,၅၀၀ ပါသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဓားပြတိုက်ခဲ့တဲ့ အမျိုးသားကို CCTV မှတ်တမ်း၌ တွေ့ရစဥ်

ရှိန်း/People’s Spring

မန္တလေးမြို့ပေါ် စစ်ကောင်စီတပ်ဘေးရှိ ကမ္ဘောဇဘဏ်(KBZ Bank)ကို ဒုတိယအကြိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၁,၅၀၀ ပါသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်အနီး ၇၃လမ်း လမ်း၄၀နဲ့၄၁လမ်းကြားက ကမ္ဘောဇဘဏ်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ရက် နေ့လည် ၂နာရီလောက်မှာ အမျိုးသားတစ်ဦးတည်း လာရောက်ဓားပြတိုက်သွားတာလို့ ဆိုပါတယ်။

“လာတာက ဆိုင်ကယ်ကလည်း စူပါကပ်နဲ့လို့ ပြောတယ်။ လက်လုပ်သေနတ်အတိုနဲ့ လာတိုက်သွားတာလို့ကြားတယ်။ အခုတော့ ရဲရော၊ စစ်တပ်ရောရောက်ပြီး ဘဏ်ပိတ်ထားပြီ”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ရက်ကလည်း အဲဒီဘဏ်ဓားပြတိုက်ခံရပြီး ဘဏ်ဝန်ထမ်းတွေက ဖမ်းဆီးခဲ့တာကြောင့် ဓားပြတိုက်သူကို ဖမ်းမိကာ ဝန်ထမ်းတစ်ဦးဒဏ်ရာရခဲ့ပါသေးတယ်။

အဲဒီဘဏ်ဟာ တက္ကသိုလ်အရံလေ့ကျင့်ရေးတပ်၊ စစ်တပ်ဘန်ကာတွေနဲ့ မျက်နှာချင်းဆိုင်မှာရှိတာလို့ သိရပါတယ်။ တက္ကသိုလ်အရံလေ့ကျင့်ရေးတပ်ရဲ့ ဝင်ပေါက်ကလည်း ၇၃လမ်း ၄၀နဲ့၄၁လမ်းကြားမှာရှိပြီး လုံခြုံရေးဘန်ကာတွေလည်းချထားပါတယ်။

ဒါ့အပြင် အခုဓားပြတိုက်ခံရတဲ့ နေရာဟာ မိန်းထဲလို့ခေါ်ပြီး မန္တလေးမြို့မှာ လူအစည်ကားဆုံးနေရာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

Facebook