Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းဒေသ ကင်းရွာ မီးရှို့ခံရ

မန္တလေး တဖက်ကမ်း စစ်ကိုင်းတိုင်း ၊ မင်းကွန်းဒေသရှိ ကင်းရွာ ပြီးခဲ့တဲ့ ရက်ပိုင်း က စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေ ရဲ့ မီးရှို့ဖျက်ဆီးတာ ခံလိုက်ရတယ်လို့ နယ်မြေခံ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ - မင်းကွန်းတိုက်နယ် သတင်းမှန်ပြန်ကြားရေး

ဆိုင်းမင်း/People’s Spring

မန္တလေး တဖက်ကမ်း စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသရှိ ကင်းရွာ ပြီးခဲ့တဲ့ ရက်ပိုင်း က စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေ ရဲ့ မီးရှို့ဖျက်ဆီးတာ ခံလိုက်ရတယ်လို့ နယ်မြေခံ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကင်းရွာမှာ တိုက်ပွဲမဖြစ်ဘဲ လွန်ခဲ့တဲ့ သုံးရက်ခန့်က စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ကာ မီးရှို့သွားတာဖြစ်ပြီး ဒေသခံတွေလည်း တိမ်းရှောင်နေရတယ်လို့ အဲဒီ တော်လှန်ရေးတပ်ဖွဲ့ဝင်က အသိပေးပါတယ်။

မီးရှို့ခံရလို့ ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုတော့မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမ ပတ်အတွင်းကလည်း စစ်ကိုင်း – မင်းကွန်း ကားလမ်းဘေးက လက်ပံရွာ မီးရှို့ခံရပြီး နေအိမ် အလုံး ၁၀၀ ကျော် မီးလောင် ပျက်စီး ခဲ့ရပါတယ်။

” လက်ပံက သုံးကြိမ်လောက်ရှိနေပြီ မီးရှို့ခံနေရတာ”လို့ မင်းကွန်းတိုက်နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိ မင်းကွန်းဒေသမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းဖြတ်တောက်ခံရတာရှိနေလည်းလို့လည်း သိရပါတယ်။

မန္တလေးတိုင်း နဲ့ ဧရာဝတီမြစ်သာ ခြားတဲ့ မင်းကွန်းဒေသမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေကြားစစ်ရေးတင်းမာနေတာ ကာလကြာပါပြီ။

ဇန်နဝါရီလကုန်ပိုင်း မှာတင်မင်းကွန်း မြသိန်းတန်စေတီတော်အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေ ဖြစ်ထားပါသေးတယ်။

မင်းကွန်းဒေသမှာ စစ်ရေးတင်းမာနေတာကြောင့် စစ်ကိုင်း – မင်းကွန်း လမ်းပိုင်းကို ညပိုင်းအသုံးမပြုကြဖို့ မင်းကွန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်က အသိပေးချက်ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၂ ရွာက အိမ်ခြေ ၇၀ နီးပါး ပြာကျခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဆောင်းပါး

"မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

သတင်း

​အာဏာသိမ်းစစ်တပ်က အညာဒေသမှာ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့အပေါ် မဘသအဖွဲ့ခေါင်းဆောင်ဟောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက လူမှုကွန်ရက်ကနေဝေဖန်လိုက်ပြီး မီးရှို့မှုတွေ ချက်ချင်းရပ်တန့်ဖို့ မေလ ၂၉ ရက်က တောင်းဆိုလိုက်ပါတယ်။

Facebook