Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေးPDFကMNDAA နှင့်အနီးကပ်ပူး​ပေါင်း၍ စစ်အာဏာရှင်ချုပ်ငြိမ်းရေး ၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးဆက်လက်ချီတက်မည်

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(မန္တ​လေး PDF) အနေဖြင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့်အနီးကပ်ပူးပေါင်းလက်တွဲကာ ဘုံရန်သူဖြစ်​သော စစ်အာဏာရှင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်ချီတတ်သွားမည်ဟုထုတ်ပြန်သည်။

စဥ့်ကူး ၊​နောင်ချို ၊မိုးကုတ် မြို့သိမ်းတိုက်ပွဲများ​အောင်မြင်စွာဆင်နွှဲပြီး​နောက် မန္တ​လေးPDFတပ်ဖွဲ့ဝင်များ​အောင်ပွဲခံ​နေစဥ်။ ဓါတ်ပုံ-MDY-PDF

တေဇ / People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(မန္တ​လေး PDF) အနေဖြင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့်အနီးကပ်ပူးပေါင်းလက်တွဲကာ ဘုံရန်သူဖြစ်​သော စစ်အာဏာရှင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်ချီတတ်သွားမည်ဟုထုတ်ပြန်သည်။

မတ် ၁၁တွင်ကျရောက်သည့် MNDAA ၏ ၃၆ နှစ်ပြည့် တပ်မတော်နေ့ သို့‌ မန္တ​လေးPDF ကပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင်ထည့်သွင်း​ဖော်ပြထားခြင်းဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့၏ အောင်မြင်မှုများနှင့်အတူ ကိုးကန့်အမျိုးသားတို့၏ ပြီးမြောက်ခဲ့ပြီဖြစ်သော “အိမ်ပြန်ခရီး”အတွက်လည်း ကျွန်ပ်တို့ကအထူးပင်ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု မန္တ​လေးPDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

၁၀၂၇ စစ်ဆင်ရေးသည် စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်းရေး ၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးတို့အတွက် များစွာအထောက်အကူပြုခဲ့ပြီး မန္တ​လေးPDF အနေဖြင့် MNDAA အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့များဖြင့်ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့သည့်အပေါ် ဂုဏ်ယူကြောင်း ဆိုသည်။

ထို့ကြောင့် မန္တ​လေးPDF အနေဖြင့် မပြီးဆုံး​သေး​သော ​တော်လှန်​ရေးခရီးကြမ်း၏ ​ရှေ့အနာဂါတ်တွင်လည်း ​နောင်​တော် ​တော်လှန်​ရေးအဖွဲ့အစည်းကြီးဖြစ်​သော MNDAA နှင့် အနီးကပ်ပူးပေါင်း၍ ဘုံရန်သူဖြစ်​သော စစ်အာဏာရှင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်ချီတတ်သွားမည်ဖြစ်ပြီး ၎င်းတို့စိုးမိုးထားသည့်ဒေသများတွင်နေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားအဆင်ပြေစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဟု အသိပေးထားသည်။

ထို့အပြင် ယနေ့ကျရောက်သည့် ၃၆ နှစ်မြောက်တပ်မတော်နေ့မှစ၍ MNDAA အထူးဒေသ (၁) အုပ်ချုပ်‌ရေးကော်မတီနှင့် ကိုးကန့်အမျိုးသားတို့ အပါအဝင် တိုင်းရင်းသား ပေါင်းစုံပြည်သူလူထုအနေဖြင့် ၎င်းတို့ဒေသရှိပြည်သူလူထု၏ ရည်မှန်းချက်များအပြည့်အဝအောင်မြင်ကာ ပြည်ထောင်စုတစ်ရပ်လုံး တိုင်းရင်းသားပြည်သူလူထုအားလုံး၏ ရည်မှန်းချက်များ အပြည့်အဝအောင်မြင်ရန် ဆုတောင်းပေးထားသည်။

မန္တ​လေးPDF သည် ၁၀၂၇ ဒုတိယလှိုင်း​(ခေါ်) ရှမ်းမန်းစစ်ဆင်​ရေးတွင် စဥ့်ကူး ၊​နောင်ချို ၊မိုးကုတ် ၊မိုးမိတ် မြို့သိမ်းတိုက်ပွဲများကို မဟာမိတ်တပ်များနှင့်ပူး​ပေါင်း၍ ​အောင်မြင်စွာဆင်နွှဲခဲ့သည်။ထို့အပြင် မတ္တရာမြို့နယ် အ​ရှေ့ရှမ်းရှိ စစ်တပ်စခန်း ၄၀ ခန့်ကိုသိမ်းပိုက်ထိန်းချုပ် ၍ မတ္တရာအ​ရှေ့ရှမ်းကို ထိန်းချုပ်ထားသည်။ ယခုအခါ မတ္တရာ၊ သပိတ်ကျင်း ၊​နောင်ချို မြို့နယ်တို့တွင် စစ်​ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ဟာ မကြာသေးမီက အချင်းချင်း တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် မဟာမိတ် အာရက္ခတပ်တော်(AA) ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်မွေးနေ့ကို နှစ်ဖွဲ့ ပူးပေါင်းပြီး ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဆောင်းပါး

MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ‌ထွက်ပြေးသွားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သမ္မတဘွဲ့ခံ အာဏာသိမ်းခေါင်း‌ဆောင်ရဲ့ မြှောက်စားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဖြစ်လာပါပြီ။

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ကိုးကန့်တပ်မတော်(MNDAA)တို့ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက မတ်လ ၂၁ရက် နေ့လည်ပိုင်းမှာ People's Spring ကို​ပြောပါတယ်။