Connect with us

Hi, what are you looking for?

သတင်း

KNU ပူးပေါင်းတပ်ထိုးစစ်ဆင်နေသည့် ပူလူတူစခန်းမှ စစ်သားများထိုင်းဘက်ထွက်ပြေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်မြေ လှိုင်းဘွဲ့မြို့နယ် ပူလူတူ စစ်ကောင်စီစခန်းမှ စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ပူလူတူစခန်းမီး​လောင်​နေစဥ် နှင့် ထိုင်းဘက်ခြမ်းတွင် ထိုင်းစစ်သားများ လုံခြုံ​ရေး​ဆောင်ရွက်​နေစဥ်။ ဓါတ်ပုံ- မဲ​ဆောက်မီဒီယာ

■စစ်သုံ့ပန်းအချို့ ဖမ်းမိ၊ အချို့သေဆုံးဟု KNU သတင်းရင်းမြစ်ပြော

■ပူလူတူစစ်စခန်းကို KNLA ​အောင်မြင်စွာသိမ်းပိုက်နိုင်ပြီဟု ထိုင်းသတင်းဌာန​ဖော်ပြ

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်မြေ လှိုင်းဘွဲ့မြို့နယ် ပူလူတူ စစ်ကောင်စီစခန်းမှ စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာ-ထိုင်းနယ်စပ်ရှိ အဆိုပါ ပူလူတူစစ်ကောင်စီစခန်းကို ဖေဖော်ဝါရီ ၂၆ရက်က စတင်၍ KNU ဦး​ဆောင်​သောပူးပေါင်းတပ်က ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲ နှစ်ပတ်ကျော်အကြာမတ်လ ၁၄ရက်တွင် စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးကြခြင်းဖြစ်သည်။KNLA တပ်မဟာ ၇ က ဦး​ဆောင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

“ခုဏက ပြောတာကတော့ ကျနော်တို့လူနဲ့တိုးတော့ နှစ်ယောက်သေသွားတယ်။ လေးယောက်ဖမ်းမိတယ် အဲဒီလိုမျိုးတော့ပြောတယ်။ ၁၁

ယောက်က ထိုင်းဘက်ကိုကူးသွားတယ်။စခန်းက ရလိုက်ပြီလို့ပြောတယ်။ ဒါပေမဲ့ မသေချာသေးဘူး” ဟု KNU သတင်းရင်းမြစ်က ပြောသည်။ထိုင်းသတင်းဌာနအချို့၏ ဖော်ပြချက်တွင်ပူလူတူ စစ်ကောင်စီစခန်းကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၇)က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။ထို့ပြင် မြန်မာစစ်သား(စစ်ကောင်စီတပ်ဖွဲ့ဝင်)များ ထိုင်းဘက်ခြမ်းသို့ ဖြတ်ကျော်ထွက်ပြေးလာရာ ထိုင်းတပ်ဖွဲ့က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးထားသည်ဟုလည်း ထိုင်းနိုင်ငံအ​ခြေစိုက် မဲ​ဆောက်သတင်းဌာနက​ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘက်က ပူလူတူစခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးပေ။တိုက်ပွဲဖြစ်ပွားသည့်တ​လျှောက်လုံးတွင် ထိုင်းဘက်ခြမ်း၌ ထိုင်းစစ်တပ်ကလုံခြုံ​ရေးမြှင့်ထားသည်။

KNUသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များကိုတိုက်ခိုက်လျက်ရှိရာအာဏာသိမ်းပြီး နောက်ပိုင်း KNU ခရိုင် နှင့်တပ်မဟာ၇ ခုရှိ စစ်ကောင်စီတပ်စခန်း ၁၅၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်။

ပြီးခဲ့သည့်​ဖေ​ဖော်ဝါရီလကလည်း KNLA ဦး​ဆောင်သည့် ပူး​ပေါင်းတပ်များက နှစ် ၃၀.ကြာစစ်တပ်လက်​အောက်​ရောက်ခဲ့​သော သမိုင်းဝင် မဲသ​ဝေါစခန်းကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)အပါအဝင် တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းစစ်ရေးဖော်ဆောင်နေခြင်းဖြစ်သည်။ ထို့ပြင် ယခု၂၀၂၅ အတွင်း စစ်ရေးအရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း KNU တာဝန်ရှိသူအချို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ အဓိကတာဝန်ဟာ ကရင်လူမျိုးတို့ရဲ့ နိုင်ငံရေးရည်မှန်းချက် အပြည့်အဝ အောင်မြင်မှုရရှိဖို့အတွက်ပဲဖြစ်ပြီး နိုင်ငံရေးရည်မှန်းချက် အပြည့်အ၀ မရသေးတဲ့တော်လှန်ရေးကာလ အတွင်းမှာ ကြုံရမယ့် စိတ်ခေါ်မှုတွေနဲ့ နှောက်ယှက်မှုတွေ အားလုံးရင်ဆိုင်ဖို့တော်လှန်ရေးသန္နိဌာန်ချထားရမယ်လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် က ကျေးရွာတွေမှာ ကရင်နယ်ခြားစောင့်တပ်(BGF)က ကျေးရွာအုပ်ချုပ်ရေးမှုးတွေနဲ့ ပေါင်းပြီး တပ်သားသစ်စုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်မြေ ထိုင်း − မြန်မာနယ်စပ် သောင်ရင်းမြစ်အခြေစိုက် စစ်ကောင်စီတပ်စခန်း ၈ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ပြီး တိုက်ပွဲဝင် တပ်ဗိုလ် ၊တပ်မှူးများနှင့် ရဲဘော်ရဲဘက်များအား ယနေ့(မေလ ၂၁ရက်)တွင် ဂုဏ်ပြုအခမ်းအနား ကျင်းပခဲ့သည်။

သတင်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်ထဲက ခလော်ကထိုက်( ရှမ်းရွာသစ်မြို့)ရှိ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ ရဲတပ်ဖွဲ့တွေ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစတင်ပြီး မြို့ကနေ ထွက်ခွာသွားကြတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။