Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်မှာ ဝန်ထမ်းအင်အား ၁၀၀၀၀၀ လောက်နဲ့ ကျားဖြန့်ဂိုဏ်းတွေ ဆက်လှုပ်ရှားနေဆဲလို့ ထိုင်းရဲပြော

နိုင်ငံတွေ စုပေါင်းပြီး ဖြိုခွင်းမှုတွေ ရှိနေတဲ့တိုင် ထိုင်းနဲ့ နယ်စပ်နားက မြန်မာပိုင်နက်ထဲမှာ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဆက်လက် လည်ပတ်နေပြီး ဝန်ထမ်း တစ်သိန်းလောက်ထိ အလုပ်လုပ်နေဆဲလို့ ထိုင်းရဲ့ ထိပ်တန်း ရဲအရာရှိ တစ်ဥးက ပြောကြားခဲ့ပါတယ်။

Royal Thai Army

နိုင်ငံတွေ စုပေါင်းပြီး ဖြိုခွင်းမှုတွေ ရှိနေတဲ့တိုင် ထိုင်းနဲ့ နယ်စပ်နားက မြန်မာပိုင်နက်ထဲမှာ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဆက်လက် လည်ပတ်နေပြီး ဝန်ထမ်း တစ်သိန်းလောက်ထိ အလုပ်လုပ်နေဆဲလို့ ထိုင်းရဲ့ ထိပ်တန်း ရဲအရာရှိ တစ်ဥးက ပြောကြားခဲ့ပါတယ်။

ထိုင်းဟာ တရုတ်အစိုးရ၊ အာဏာသိမ်း မြန်မာစစ်ကောင်စီတို့နဲ့ ပူးပေါင်းပြီး နယ်စပ် ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းတဲ့ စစ်ဆင်ရေးတွေကို သီတင်းပတ် အတော်ကြာ အကောင်အထည်ဖော်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကျားဖြန့် ဂိုဏ်းတွေထဲကနေ ကယ်ထုတ်လာတဲ့ ဝန်ထမ်းတွေထဲက ၅၀၀၀ လောက်ကို စုံစမ်း စစ်ဆေးကြည့်တဲ့ အခါမှာ လှည့်စား လူမှောင်ခိုကူးပြီး အဓမ္မ ခိုင်းစေ ခံရသူတွေ အများအပြား ပါဝင်နေသလို ကိုယ်တိုင် လိုလိုလားလား သွားအလုပ်လုပ်သူ ရာနဲ့ချီ ရောနှောနေတာကို စစ်ဆေး တွေ့ရှိခဲ့တယ်လို့ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းထောက်လှမ်းမှုဆိုင်ရာ ထိပ်တန်းအရာရှိ ရဲဗိုလ်ချုပ် သတ်ချိုင် ပီတန်နီလာဘုထ်က ပြောပါတယ်။

သတ်ချိုင်ဟာ ကျားဖြန့် နှိမ်နင်းရေး မစ်ရှင်တွေအတွက် အဓိက ဦးဆောင် တာဝန်ယူနေရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူက ကယ်ထုတ်လာတဲ့ ကျားဖြန့် ဝန်ထမ်းဟောင်း နိုင်ငံခြားသားတွေထဲမှာ ဒုစရိုက်သမားတွေနဲ့ အလိုတူ အလိုပါတွေကို သေသေချာချာ ခွဲခြားစိစစ်ဖို့ လိုတယ်လို့လည်း ထောက်ပြ သတိပေးခဲ့ပါတယ်။

အဲဒီလို ကိုယ်တိုင် လိုလိုလားလား အလုပ်လုပ်တဲ့ ဝန်ထမ်းတွေဟာ ကျားဖြန့်ဂိုဏ်းတွေမှာသာ မကဘဲ တရားမဝင် အွန်လိုင်း လောင်းကစားနဲ့ တခြား အလုပ်နေရာတွေမှာပါ ရှိနေခဲ့တာလို့ သတ်ချိုင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး သူက လက်ရှိ ကျားဖြန့် နှိမ်နင်းရေး လုပ်ဆောင်ချက်တွေဟာ မြဝတီမှာ ပမာဏကြီးကြီး တည်ရှိနေတဲ့ ဒုစရိုက် အသိုက်အမြုံရဲ့ အဖျားအနားလောက်ကိုသာ ဖြတ်တောက်နိုင်သေးတာ ဖြစ်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ ကျားဖြန့်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုတွေ ဆက်ရှိနေသေးတာကို အခြေခံပြီး ဝန်ထမ်း အင်အား ၅၀၀၀၀ နဲ့ ၁၀၀၀၀၀ ကြားလောက် ဆက်ပြီး အလုပ်လုပ်နေဆဲလို့ ခန့်မှန်းကြောင်း သူက ပြောပါတယ်။

REUTERS/Stringer/File Photo

တရုတ်ဖက်က ထောက်ပံ့တဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေအရ နယ်စပ်မှာ ကျားဖြန့်လုပ်ငန်းတွေကို ဦးဆောင်ပြီး ဆက်လက် လည်ပတ်နေသူ ဒုစရိုက်သမား ၃၇၀၀ လောက်ထိ ရှိနိုင်တယ်လို့ ထိုင်းရဲတွေက ယူဆထားပါတယ်။

ထိုင်းဟာ ကျားဖြန့်ဂိုဏ်းတွေ အဓိက ခြေကုပ်ယူရာ နယ်စပ် ဧရိယာတွေဆီ လျှပ်စစ်ဓာတ်အား၊ အင်တာနက် အထောက်အပံ့တွေကို ဖေဖော်ဝါရီ လကတည်းက ဖြတ်တောက်ထားပါတယ်။ နောက်ပြီး တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားတို့ အပါအဝင် နိုင်ငံခြားသား ကျားဖြန့် ဝန်ထမ်းဟောင်း ၃၅၀၀ ကျော်ကို ထိုင်းနိုင်ငံကနေတဆင့် နေရပ်တွေဆီ အသီးသီး ပြန်လည် ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေယာဉ်ပေါ်မှာ ခိုးမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် တရုတ်နိုင်ငံသား တစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

သတင်း

တရားမဝင်ရွှေ့ပြောင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာ ၃၅ဦးနဲ့သူတို့ကို လက်ခံထားတဲ့ မြန်မာအိမ်ရှင်ကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အကူအညီ တောင်းခဲ့တဲ့ နိုင်ငံခြားသူကို မုဒိမ်းကျင့်ခဲ့ကြောင်း စွပ်စွဲမှုအတွက် ဖူးခက်မှာ ယာဉ် မောင်း တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေ လိုက်ပါလာတဲ့ ကားတစ်စီးရဲ့ မြန်မာယာဉ်မောင်းကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအဝေးပြေးလမ်း ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။