Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာဖက်က ကျားဖြန့်ဂိုဏ်းမှာ အလုပ်သွားလုပ်မယ့် တရုတ် ၇ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဆီ သွားရောက် ချိတ်ဆက်မယ့် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ - CIB

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဆီ သွားရောက် ချိတ်ဆက်မယ့် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ တရုတ်နိုင်ငံသားတွေဟာ တရားမဝင် နည်းလမ်းတွေနဲ့ ထိုင်းနိုင်ငံ ပိုင်နက်ထဲ ဝင်ရောက်ခဲ့ပြီး ကရင်ပြည်နယ်ဖက်ခြမ်း နယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေမှာ အလုပ်သွားလုပ်ဖို့ စီစဉ်ထားတယ်လို့ ရဲတွေက ထုတ်ပြန်ပါတယ်။

ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)နဲ့ ထိုင်းအဝေးပြေးလမ်း ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဩဂုတ် ၃၀ ရက်နေ့က ချွန်ဘူရီပြည်နယ်၊ မူအန်ချွန်ဘူရီ မြို့နယ်ထဲက အဝေးပြေးလမ်းပေါ်မှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ စစ်ဆေးမှုတွေအတွင်း ကား ၂ စီးပေါ် ပါလာတဲ့ တရုတ်နိုင်ငံသား ၇ ဦး၊ အခကြေးငွေယူပြီး သူတို့ကို ကူညီပေးခဲ့တယ်လို့ ယုံကြည်ရသူ ထိုင်းယာဉ်မောင်း ၂ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။

တရုတ်နိုင်ငံသားတွေနဲ့အတူ မိုဘိုင်းဖုန်း ၁၄ လုံး၊ ပျက်စီးနေတဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့တ်စာအုပ်) ၄ အုပ်တို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံပိုင်နက်ထဲ ခွင့်ပြုချက်မဲ့ ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့ပြီး ကြံရာပါ ထိုင်း ၂ ဦးကိုတော့ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ခိုလှုံခွင့်ပေးမှု၊ သယ်ယူပို့ဆောင်ပေးမှုတွေအတွက် ဖမ်းဆီးထားပါတယ်။

အဖမ်းခံရတဲ့ ထိုင်းနှစ်ဦးက သူတို့ဟာ ချန်သာဘူရီပြည်နယ်၊ မက်ခမ်းခရိုင်မှာ တရုတ်နိုင်ငံသားတွေကို သွားရောက် ခေါ်ယူပြီး ဘန်ကောက်ကို ပို့ဆောင်ပေးဖို့ တစ်ဦးကို ဘတ် ၁၀၀၀၀ နဲ့ ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း ထွက်ဆိုထားပါတယ်။

တရုတ်နိုင်ငံသားတွေက သူတို့ဟာ ဗီယက်နမ်ကနေ ကမ္ဘောဒီးယားကို ဖြတ်ပြီး တောလမ်းကနေ ထိုင်းပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြောင်း၊ ပြီးတော့ ကရင်ပြည်နယ်ဖက်ခြမ်းက ကျားဖြန့်လုပ်ငန်း တစ်ခုဆီ ခရီးဆက်ဖို့ စီစဉ်ထားကြောင်း ဝန်ခံခဲ့ပါတယ်။ အဖမ်းခံရတဲ့ တရုတ် ၇ ဦးထဲက တရုတ်ဟာ ကျားဖြန့်လုပ်ငန်းတွေအတွက် တရုတ် အစိုးရရဲ့ ဝရမ်းထုတ်ခြင်း ခံထားရကြောင်းလည်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

တရုတ်တွေ အပါအဝင် လက်ရှိ အဖမ်းခံထားရသူ အားလုံးက သူတို့အပေါ် စွပ်စွဲချက်တွေကို ဝန်ခံထားပြီး အာဏာပိုင်တွေက တရားစွဲဆိုမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံက ဖိုရမ်တစ်ခုမှာ တရုတ် လိုလားသူတစ်ဦးက တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှောင့်ယှက် ဆန္ဒပြတဲ့သဘော စာတိုတစ်စောင် ပေးပို့ခဲ့တဲ့နောက် ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက တရုတ်အပေါ် ချက်ကျလက်ကျနဲ့ တုံ့ပြန် ဝေဖန်သွားခဲ့ပါတယ်။