Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာနယ်စပ်မှာတိုက်ပွဲပြင်းထန်၊ ထိုင်းကျေးရွာတွေဆီ ကျည်ဆန်တွေ ထိမှန်

ထိုင်းနိုင်ငံရဲ့ တာ့ခ်ပြည်နယ်ထဲက မဲဆောက်မြို့နယ်နဲ့ ထိစပ်ရာ မြဝတီဖက်ခြမ်း နယ်စပ်ဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေအကြားတိုက်ပွဲတွေ အပြင်းအထန်ဆက်လက် ဖြစ်ပွားနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

(မြန်မာ-ထိုင်းနယ်စပ်မှာတိုက်ပွဲ​တွေဖြစ်ပြီး ပေါက်ကွဲ​နေတာကို ​တွေ့ရစဥ်။ဓာတ်ပုံ-AEC)

ဇူလိုင်-၂၈၊၂၀၂၆။People’s Spring

ထိုင်းနိုင်ငံရဲ့ တာ့ခ်ပြည်နယ်ထဲက မဲဆောက်မြို့နယ်နဲ့ ထိစပ်ရာ မြဝတီဖက်ခြမ်း နယ်စပ်ဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေအကြားတိုက်ပွဲတွေ အပြင်းအထန်ဆက်လက် ဖြစ်ပွားနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

မြဝတီတောင်ပိုင်းက မင်းလက်ပံရွာ နဲ့ ဖလူး​ဒေသအနီးတဝိုက် ဧရိယာတွေမှာ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်ဟာ KNLA တပ်စခန်းတွေကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို ဒရုန်းတွေ၊ တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ခြေလျင်တပ်တွေက စစ်ကြောင်းထိုးနေချိန်မှာ စစ်တပ်က မော်တာတွေနဲ့ပါ ပစ်ခတ်ပြီး စစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားရာ ဧရိယာတွေနဲ့ သောင်ရင်းမြစ်ခြားပြီး တည်ရှိတဲ့ ထိုင်းဖက်ခြမ်းက ဟွိုင်မဟာဝေါင်နဲ့ မယ်ကွန်ကန် ကျေးရွာတွေဖက်မှာတော့ မြန်မာဖက်ခြမ်းကဆူညံတဲ့တိုက်ပွဲတွေကြောင့်ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

ပြီးတော့M60စက်သေနတ် ကျည်ဆန်တချို့ဟာ နယ်စပ်ကို ကျော်ပြီး ထိုင်းဖက်ခြမ်းကအိမ်တချို့ကိုထိမှန်ခဲ့တာကြောင့်လည်း နယ်စပ်မှာရှိတဲ့ ထိုင်းရွာသားတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

မင်းလက်ပံနားမှာ ရှိနေတဲ့ KNLAရဲ့ အဓိက ခြေကုပ်စခန်း တစ်ခုကို သိမ်းယူနိုင်ဖို့စစ်တပ်က ထိုးစစ်ဆင်နေတာ တစ်နှစ်နီးပါး ရှိနေပြီ ဖြစ်ပေမယ့် ကရင်တော်လှန်ရေး အင်အားစုတွေရဲ့ ခံစစ်စည်းတွေကို မချိုးဖျက်နိုင်ဘဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာလို့ ထိုင်းလုံခြုံရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင်၇ ရက်ကစပြီး စစ်တပ်က ဖလူးနဲ့ မင်းလက်ပံ​ဒေသကို ဇူလိုင် ၁၀ ရက်​နောက်ဆုံးထားပြီး သိမ်းပိုက်မယ်ဆိုပြီး အင်အား​ထောင်ချီသုံးပြီးထိုးစစ်ဆင်​ပေမယ့်တော်လှန်​ရေးတပ်​တွေရဲ့ ဖြတ်​တောက်ပိတ်ဆို့တိုက်မှု​ကြောင့် စစ်တပ်စစ်​ကြောင်း​တွေ ​ရှေ့မတိုးနိုင်ပဲ မကြာခဏလန်ကျ​နေပါတယ်။

ကိုးကား-AEC

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook