Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာနယ်စပ်မှာတိုက်ပွဲပြင်းထန်၊ ထိုင်းကျေးရွာတွေဆီ ကျည်ဆန်တွေ ထိမှန်

ထိုင်းနိုင်ငံရဲ့ တာ့ခ်ပြည်နယ်ထဲက မဲဆောက်မြို့နယ်နဲ့ ထိစပ်ရာ မြဝတီဖက်ခြမ်း နယ်စပ်ဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေအကြားတိုက်ပွဲတွေ အပြင်းအထန်ဆက်လက် ဖြစ်ပွားနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

(မြန်မာ-ထိုင်းနယ်စပ်မှာတိုက်ပွဲ​တွေဖြစ်ပြီး ပေါက်ကွဲ​နေတာကို ​တွေ့ရစဥ်။ဓာတ်ပုံ-AEC)

ဇူလိုင်-၂၈၊၂၀၂၆။People’s Spring

ထိုင်းနိုင်ငံရဲ့ တာ့ခ်ပြည်နယ်ထဲက မဲဆောက်မြို့နယ်နဲ့ ထိစပ်ရာ မြဝတီဖက်ခြမ်း နယ်စပ်ဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေအကြားတိုက်ပွဲတွေ အပြင်းအထန်ဆက်လက် ဖြစ်ပွားနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

မြဝတီတောင်ပိုင်းက မင်းလက်ပံရွာ နဲ့ ဖလူး​ဒေသအနီးတဝိုက် ဧရိယာတွေမှာ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်ဟာ KNLA တပ်စခန်းတွေကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို ဒရုန်းတွေ၊ တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ခြေလျင်တပ်တွေက စစ်ကြောင်းထိုးနေချိန်မှာ စစ်တပ်က မော်တာတွေနဲ့ပါ ပစ်ခတ်ပြီး စစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားရာ ဧရိယာတွေနဲ့ သောင်ရင်းမြစ်ခြားပြီး တည်ရှိတဲ့ ထိုင်းဖက်ခြမ်းက ဟွိုင်မဟာဝေါင်နဲ့ မယ်ကွန်ကန် ကျေးရွာတွေဖက်မှာတော့ မြန်မာဖက်ခြမ်းကဆူညံတဲ့တိုက်ပွဲတွေကြောင့်ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

ပြီးတော့M60စက်သေနတ် ကျည်ဆန်တချို့ဟာ နယ်စပ်ကို ကျော်ပြီး ထိုင်းဖက်ခြမ်းကအိမ်တချို့ကိုထိမှန်ခဲ့တာကြောင့်လည်း နယ်စပ်မှာရှိတဲ့ ထိုင်းရွာသားတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

မင်းလက်ပံနားမှာ ရှိနေတဲ့ KNLAရဲ့ အဓိက ခြေကုပ်စခန်း တစ်ခုကို သိမ်းယူနိုင်ဖို့စစ်တပ်က ထိုးစစ်ဆင်နေတာ တစ်နှစ်နီးပါး ရှိနေပြီ ဖြစ်ပေမယ့် ကရင်တော်လှန်ရေး အင်အားစုတွေရဲ့ ခံစစ်စည်းတွေကို မချိုးဖျက်နိုင်ဘဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာလို့ ထိုင်းလုံခြုံရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင်၇ ရက်ကစပြီး စစ်တပ်က ဖလူးနဲ့ မင်းလက်ပံ​ဒေသကို ဇူလိုင် ၁၀ ရက်​နောက်ဆုံးထားပြီး သိမ်းပိုက်မယ်ဆိုပြီး အင်အား​ထောင်ချီသုံးပြီးထိုးစစ်ဆင်​ပေမယ့်တော်လှန်​ရေးတပ်​တွေရဲ့ ဖြတ်​တောက်ပိတ်ဆို့တိုက်မှု​ကြောင့် စစ်တပ်စစ်​ကြောင်း​တွေ ​ရှေ့မတိုးနိုင်ပဲ မကြာခဏလန်ကျ​နေပါတယ်။

ကိုးကား-AEC

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။