Connect with us

Hi, what are you looking for?

သတင်း

အွန်လိုင်းကနေ ဖုန်းရောင်းသူအမျိုးသမီးကို ချိန်းဆိုကာ ဓားနဲ့ခုတ်ပြီး လုယက်မှု ဖြစ်ပွား

မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်မှာ အွန်လိုင်းကနေ ဖုန်းရောင်းတဲ့အမျိုးသမီးကို ဖုန်းဝယ်ဖို့ ချိန်းဆိုကာ ဓားနဲ့ခုတ်ပြီး ဖုန်းလုယက်မှု မနေ့ (မတ်လ ၁၉ ) က ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ - Wiki

မတ် – ၂၀ ၊ ၂၀၂၅ ၊ ဆိုင်းမင်း /People’s Spring

မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်မှာ အွန်လိုင်းကနေ ဖုန်းရောင်းတဲ့အမျိုးသမီးကို ဖုန်းဝယ်ဖို့ ချိန်းဆိုကာ ဓားနဲ့ခုတ်ပြီး ဖုန်းလုယက်မှု မနေ့ (မတ်လ ၁၉ ) က ဖြစ်ပွားခဲ့ပါတယ်။

ပုသိမ် ကြီးမြို့အရှေ့ဘက် ရွှေကျင်တောင်ခြေမှာ မတ်လ၁၉ရက် နေ့ခင်း ၁နာရီဝန်းကျင်က သစ်ပင်ခြေရင်းမှာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ခဲ့ရတာလို့ ကူညီရေးအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။

” ကောင်မလေးက ဒဏ်ရာပြင်းတော့ နေရာမှာတင်လဲကျနေတာ” လို့အဲဒီကူညီရေးအဖွဲ့ဝင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖုန်းဝယ်မယ်ဆိုပြီး အွန်လိုင်းကနေ နေရာချိန်းဆိုကာ ၊ အရောင်းအဝယ်ပြုလုပ်မယ့်နေရာကိုအရောက်မှာ အမျိုးသား နှစ်ဦး ရောက်လာပြီး အမျိုးသမီးကို ဓားနဲ့ခုတ်ကာ ဖုန်းလုယက်သွားတာလို့ သိရပါတယ်။

အမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်ပြီး မန္တလေးဆေးရုံကြီးမှာ ကုသမှု ခံယူနေရပါတယ်။

ကျုးလွန်သူတွေကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က အခင်းဖြစ်ပြီး တစ်ရက်ကြာမြင့်လာချိန်အထိ ဖမ်းမိတာမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

ဆောင်းပါး

စာဖတ်သူဟာ ရန်ကုန်ဒေသခံဖြစ်ပြီး ခေတ္တအဝေးရောက်နေရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရန်ကုန်ဒေသခံမဟုတ်ပေမဲ့ ရန်ကုန် မရောက်တာကြာပြီဆိုရင်ဖြစ်ဖြစ် စာဖတ်သူ ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်တဲ့ ရန်ကုန်မြို့ကြီးပေါ်က လုယက်မှု ဖြစ်စဥ်တွေအကြောင်း ပြောပြချင်ပါတယ်။

သတင်း

​မန္တလေးမြို့မှာ ဧပြီ၅ရက် ညက ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးကာ လူငယ်ရဲ့ ဆိုင်ကယ်နဲ့ ဖုန်းကို လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။