Connect with us

Hi, what are you looking for?

သတင်း

လပခစစ်ဌာနချုပ်အနီးဝန်းကျင်က လုံခြုံရေးဘန်ကာ လက်လုပ်မိုင်းနဲ့တိုက်ခိုက်ခံရ

ဒီနေ့ (မတ်လ ၂၇) ရက် မနက်ပိုင်း ၇ နာရီ ခွဲ ဝန်းကျင်က မန္တလေး မြို့ ၊ ကျုံးအနောက်ခြမ်း အောင်မြေသာစံမြို့နယ် ထဲက အာဏာသိမ်း စစ်တပ် တပ်စွဲရာ ဘန်ကာ တစ်ခု လက်လုပ်မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

မတ်လ -၂၇၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ဒီနေ့ (မတ်လ ၂၇) ရက် မနက်ပိုင်း ၇ နာရီ ခွဲ ဝန်းကျင်က မန္တလေးမြို့ ၊ ကျုံးအနောက်ခြမ်း အောင်မြေသာစံမြို့နယ် ထဲက အာဏာသိမ်း စစ်တပ် တပ်စွဲရာ ဘန်ကာ တစ်ခု လက်လုပ်မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

အောင်မြေသာစံမြို့နယ်၊ မေဃဂီရီရပ်ကွက်၊ ၈၂လမ်းနဲ့လမ်း၂၀ရှိ တဝဂူဘုရားဘေးမှာ တပ်စွဲထားတဲ့ ဘန်ကာ ကို လက်လုပ်မိုင်းနဲ့ပစ်ခတ်သွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

လက်လုပ်မိုင်းနဲ့တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေနေကိုတော့ မသိရသေးပါဘူး။ ပေါက်ကွဲမှုကတော့ ကြီးကြီးမားမား ဖြစ်ပွားတာမရှိဘူးလို့မြို့ခံက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဖော်ပြလာတဲ့ ဓာတ်ပုံအရ တဝဂူ ဘုရားဘေးမှာ လုံခြုံရေးယူထားတဲ့ သဲအိတ်ဘန်ကာရှေ့မှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ရာနေရာကို ရောက်လာကြပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

” သူတို့တပ်စွဲထားတာကြာပြီ၊ သူတို့ရှိနေတဲ့ လမ်းတလျှောက်ကိုလည်းပိတ်ထားတာကြာပြီ ဖြတ်သွားလို့မရဘူး ၊ ရှောင်ကွင်းသွားနေရတာ”လို့ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

အခုလို ပေါက်ကွဲမှု ဖြစ်တဲ့နေရာဟာ မန္တလေးနန်းတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) အနီးဝန်းကျင်မှာ ရှိပါတယ်။

ဒါအပြင် ဒီနေ့ မှာ ကျရောက်တဲ့ စစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ ) ထဲမှာ ကျင်းပချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခံရတဲ့ နေရာအနီး မှာရှိတဲ့ ကျုံးအနောက်ခြမ်း ၁၉လမ်းနဲ့ ၂၂လမ်းမှာ ဆိုရင် အလယ်ပိုင်းစစ်ဌာနချုပ်ရှိရာ နန်းတွင်းဝင်ပေါက်ကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ် အစောင့်ဂိတ်ရှိသလို ၊ မြန်မာ့စီးပွားရေးဘဏ် (၂) ရှေ့က လုံခြုံရေးအစောင့်ဂိတ်တွေလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။