Connect with us

Hi, what are you looking for?

သတင်း

ပိတ်မိနေတဲ့ သံဃာအပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေ

People’s Spring

မန္တလေးမြို့ မှာ ငလျင်ကြောင့် ပြိုကျသွားတဲ့ ဦးလှသိန်း ဗိမာန် အဆောက် အဦး အပျက်အစီးတွေကြား ပိတ်မိနေတဲ့သံဃာ အပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတယ်လို့မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ( မန္တလေးတိုင်း)က ထုတ်ပြန်ပါတယ်။

ညပိုင်းအထိ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပြီး စက်ယန္တယားတွေသုံးကာ အပျက်အစီးတွေကို ဖယ်ရှားနေတာကိုတွေ့ရပါတယ်။

ကနဦးသတင်းတွေအရတော့ ဦးလှသိန်း ဗိမာန်မှာ သံဃာအပါး ၂၀၀ ကျော် စာဖြေနေချိန် ငလျင်လှုပ်ခတ်တာကို ကြုံခဲ့ရတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။