Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် မြန်မာလုပ်သားများရှိရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျ သေဆုံးသူ ၆ဦးတွေ့၊ ၁၀၁ဦး ပျောက်ဆုံးနေဟု ဘန်ကောက်မြို့တော်အရေးပေါ်ကွပ်ကဲရေးစင်တာ ထုတ်ပြန်

အင်အားပြင်းငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Khet Chatuchak နယ်မြေ၌ မြန်မာလုပ်သားအများအပြားလုပ်ကိုင်နေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျအတွင်း သေဆုံးသူ ၆ဦး တွေ့ရှိပြီး ၁၀၁ဦး ပျောက်ဆုံးနေကြောင်း ဘန်ကောက်မြို့တော် အရေးပေါ်အခြေအနေကွပ်ကဲရေးစင်တာက အသိပေးထုတ်ပြန်သည်။

အင်အားပြင်းငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Khet Chatuchak နယ်မြေ၌ မြန်မာလုပ်သားအများအပြားလုပ်ကိုင်နေသော ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Khaosod

မတ်-၂၈၊၂၀၂၅။ဒီဒီး/People’s Spring

အင်အားပြင်းငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Khet Chatuchak နယ်မြေ၌ မြန်မာလုပ်သားအများအပြားလုပ်ကိုင်နေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျအတွင်း သေဆုံးသူ ၆ဦး တွေ့ရှိပြီး ၁၀၁ဦး ပျောက်ဆုံးနေကြောင်း ဘန်ကောက်မြို့တော် အရေးပေါ်အခြေအနေကွပ်ကဲရေးစင်တာက အသိပေးထုတ်ပြန်သည်။

ယနေ့ည ၁၂နာရီခွဲတွင် ဘန်ကောက်မြို့တော် အရေးပေါ်အခြေအနေကွပ်ကဲရေးစင်တာ၏ထုတ်ပြန်မှုအရ သေဆုံးသူ ၆ဦး၊ ဒဏ်ရာရသူ ၂၂ဦးနှင့် ပျောက်ဆုံးနေသူ ၁၀၁ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီ၏ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးကလည်း မြန်မာအလုပ်သမားများ ထိခိုက်သေဆုံးမှုစာရင်းရရှိနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိခိုက်သေဆုံးသည့် မြန်မာနိုင်ငံသားများအတွက် ထိုင်းလူမှုဖူလုံရေးဥပဒေနှင့်အညီ ခံစားခွင့်ရရှိနိုင်ရေး သက်ဆိုင်ရာနယ်မြေ ထိုင်းအလုပ်အကိုင်ဌာန၊ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယနေ့(မတ်လ ၂၈ရက်)တွင် လှုပ်ခတ်ခဲ့သည့် အလွန်အင်အားပြင်းသော ငလျင်နှင့် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုများကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် အနီးတဝိုက်မြို့များတွင် သာသနိက အဆောက်အဦ၊ အမွေအနှစ် အဆောက်အဦ များအပါအဝင် အဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ မြေပြိုခြင်း၊ လမ်းတံတားများ ပျက်စီးခဲ့ပြီး လူသေဆုံးမှုများ ရှိခဲ့သည်။

အမေရိကန် ဘူဗိလေ့လာရေးဌာန (USGS)၏တိုင်းတာချက်အရ မန္တလးမြို့အနီး ဗဟိုပြုပြီး အင်အားကြီးငလျင် နှစ်ခု ၁၂ မိနစ်ခန့်ခြားပြီး ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ရာတွင် အိမ်နီးခြင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အဆောက်အဦးအချို့ပါ ထိခိုက်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်ကဘုရားကျောင်းတစ်ခုမှာပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့သံသယတရားခံအမျိုးသားဟာကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။