Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခံရပြီး ၆ဦးသေကာ လက်နက် ၂လက် ရတယ်လို့ Southern Yeasgyo တပ်ပေါင်းစုက ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Southern Yeasgyo

အောက်တိုဘာ-၁၆၊ ၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခံရပြီး ၆ဦးသေကာ လက်နက် ၂လက် ရတယ်လို့ Southern Yeasgyo တပ်ပေါင်းစုက ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ ထုတ်ပြန်ပါတယ်။

ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာ အထိုင်စခန်းက စစ်ကောင်စီတပ်သားတွေက ပခုက္ကူလေယာဉ်ကွင်းကနေ ရိက္ခာယူပြန်လာချိန် မနေ့က(အောက်တိုဘာ ၁၅ ရက်) နေ့လယ် ၁ နာရီခွဲခန့်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အင်အား ၂၀ ခန့်ကို Southern Yesagyo တပ်ပေါင်းစုမှ ကြားဖြတ်တိုက်ခိုက်ခဲ့တာ”လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေက လေယာဉ်ကွင်းဘက်ကို ပြန်ဆုတ်ခွာပြီး လေယာဉ်ကွင်း ကနေ လက်နက်ငယ်၊လက်နက်ကြီး၊ပွိုင့်ဖိုက်ထောက် ကူပစ်ပေးတာအပြင် မြောက်လူးကန်ရွာအထိုင်စခန်းကလည်း ပစ်ကူပေးခဲ့တယ်လို့ အသိပေးပါတယ်။

တိုက်ပွဲမှာ ၁၅ မိနစ်ကြာမြင့်ခဲ့ပြီး စစ်အုပ်စုဘက်က မျက်မြင် ၆ဦးသေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“အလောင်းများမြင်နေရသော်လည်း လက်နက်များထပ်မံကောက်ယူနိူင်ခြင်းမရှိခဲ့ပါ”လို့ Southern Yesagyo တပ်ပေါင်းစုက ပြောပါတယ်။

တပ်ပေါင်းစုဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုနှစ် ဇူလိုင်လကလည်း ပခုက္ကူမြို့လေယာဉ် ကွင်းအနောက်ဘက်ခြမ်းကစစ်ကောင်စီတပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ပြီးခလရ (၂၅၄) တပ်ရင်းက အရာရှိတစ်ဦးအပါအဝင် ခြောက်ဦးသေတယ်လို့ Southern Yesagyo PDF တာဝန်ခံကိုအောင်မောင်းက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ သိမ်ကုန်းနဲ့ မရိုးကုန်း ကျေးရွာ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ခဲယမ်းအများအပြားနဲ့ ယာဉ်ယန္တရားတွေ သိမ်းဆည်းရရှိ