Connect with us

Hi, what are you looking for?

သတင်း

Major Operationစစ်ဆင်ရေး စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီး ၂၀ခန့် သေဆုံးဟု CDF KKG ပြော

ABSDFတပ်စုမှူးနှင့် ဒုတပ်စိပ်မှူးအပါအဝင် တော်လှန်ရေးရဲဘော်အချို့ ကျဆုံး

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်မှုအတွင်း ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ABSDF Column - 3

ဧပြီ ၁၆၊၂၀၂၅။ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်အစပ်ရှိ စစ်ကောင်စီတပ်စခန်းများအား ချင်းအမျိုးသားတပ်မတော်(CNA)၏ စစ်ရေးကွပ်ကဲမှုဖြင့် Major Operation အဖြစ် စစ်ဆင်ရေးပြုလုပ်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်စခန်း ၅ခုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားနှင့်ပျူစောထီးအဖွဲ့ဝင် ၂၀ခန့် သေဆုံးခဲ့သည်ဟု ချင်းဒေသကာကွယ်ရေးတပ်(CDF)-KKG(ကလေး၊ ကဘော်၊ ဂန့်ဂေါ) သတင်းပြန်ကြားရေး တာဝန်ခံက ပြောသည်။

CDF-KKG Major Operation အား ၂ဝ၂၄ ခုနှစ်အတွင်း စုဖွဲ့လေ့ကျင့်မှု စတင်ခြင်းနှင့်အတူ ၂၀၂၅ ဖေဖော်ဝါရီတွင် စတင်ဖော်ဆောင်ခဲ့ရာ ကလေးနှင့် ဂန့်ဂေါမြို့နယ်အကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းများ ဖြစ်သည့် ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်) ၊ ပျူစောထီး စိုးမိုးသည့် ကြံသာကျေးရွာများအား ၂ လတာအတွင်း အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ဟု ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေး တစ်ခုလုံးကို ချင်းအမျိုးသားတပ်မတော် (CNA) မှ စစ်ရေးကွပ်ကဲခဲ့ဟု အသိပေးခဲ့ပြီး သိမ်းပိုက်ထားသည့် တပ်စခန်းများတွင် ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းများအနက် အခိုင်မာဆုံးနှင့် အတောင့်တင်းဆုံး စခန်းတစ်ခုဖြစ်သော ကမ်းပါးနီစခန်းအား ဖေဖော်ဝါရီ ၁၂ ရက်လည်းကောင်း၊ ဧပြီ ၁၁ ရက်နံနက်အစောပိုင်းတွင် ပျူစောထီးစိုးမိုးသည့် ကြံသာရွာကို လည်းကောင်း သိမ်းပိုက်နိုင်ခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ စကစနဲ့ ပျူ ၂၀လောက်သေတယ်ဗျာ။ သုံ့ပန်း မရှိပါဘူးဗျာ။ အခြေအနေကတော့ လောလောဆယ် ငြိမ်နေပါတယ်။ စကစနဲ့ ပျူရွာတွေ တော့ရှိသေးတယ်။ စစ်ရေးပိုင်းတော့ သူတို့ ပြင်ဆင်မှု လုပ်နေတယ်လို့ သတင်းရရှိပါတယ်။ ဆက်လက် ပြီး ပြည်သူအတွက် တိုက်ပွဲဝင်အုံးမယ်လို့ ပြောချင်ပါတယ်”ဟု CDF-KKG သတင်းပြန်ကြားရေးတာဝန်ခံက ယနေ့(ဧပြီ ၁၆ရက်) ပြောသည်။

စစ်ဆင်ရေး နှစ်လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၀၀၀ ကျော် ပြုလုပ်ခဲ့ရာ ပြည်သူပိုင် ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦနှင့် ပြည်သူ့ နေအိမ်ပေါင်း (၆၀) ကျော် ထိခိုက်ပျက်စီးခဲ့ကာ ကျေးရွာပေါင်း (၁၂) ရွာကျော်မှ ပြည်သူပေါင်း နှစ်သောင်းခန့် တိမ်းရှောင်ခဲ့ရကြောင်း၊ ပြည်သူ ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ဒဏ်ရာရ ပြည်သူ ၄၀ကျော် ရှိကြောင်း အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် ABSDF တပ်ဖွဲ့ကလည်း စစ်ဆင်ရေးနှင့်ပတ်သက်၍ ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။ စစ်ဆင်ရေးအတွင်း ကမ်းပါးနီစခန်းနှင့် ကြံသာရွာ စစ်ကောင်စီစခန်းနေရာများမှ သိမ်းပိုက်ရရှိထားသည့် လက်နက်ခဲယမ်းများစွာ တို့၏ ဓာတ်ပုံကို ဖော်ပြ အသိပေးထားရာ လက်နက်မျိုးစုံ အလက် ၄၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ သိမ်းရထားသည်ကို တွေ့ရသည်။

ကမ်းပါးနီ တိုက်ပွဲအတွင်း ABSDFမှ ဒုတပ်စိတ်မှူးတစ်ဦး ကျဆုံးခဲ့ပြီး ကြံသာရွာ တိုက်ပွဲအတွင်း၌လည်း ABSDF မှ တပ်စုမှူး တစ်ဦး ကျဆုံးခဲ့ဟု အသိပေးသည်။ ၂လ ဝန်းကျင်ကြာမြင့်သည့် စစ်ဆင်ရေးအတွင်း ABSDFမှ ရဲဘော် ၂ဦး ကျဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ဟု ထုတ်ပြန်သည်။

ယခု စစ်ဆင်ရေးကဲ့သို့ စစ်ဆင်ရေးများကိုလည်း မဟာမိတ်များနှင့် လက်တွဲညီညီ ဆက်လက် ကြိုးပမ်းသွားမည်ဟု ABSDFက ထုတ်ပြန်သည်။

CDF – KKGက စစ်ဆင်ရေး၌ တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်အချို့ ကျဆုံးထိခိုက်ရှိကြောင်း အသိပေးထားသော်လည်း အရေအတွက်ကို ဖော်ပြမထားပေ။ ပြည်သူ့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်၍ CDF KKGကို ပိုမိုဝန်းရံ ပံ့ပိုးပေးကြရန်လည်း အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီလက်​အောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးဟာ အွန်လိုင်း​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)ကိစ္စမှာ အဓိကတရားခံအဖြစ် တရုတ်အစိုးရကနေ ဖမ်းခိုင်းတဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်အချို့က‌ပြောပါတယ်။

သတင်း

စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ခုနစ်ထောင်ကျော်လွှတ်မယ်လို့ဆိုပေမဲ့ ဒီကနေ့ မတ်လ၃ရက် နေ့လယ်ပိုင်းအထိ သုံးထောင်ကျော်သာ လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက သွေးခွဲရေးဗျူဟာကျင့်သုံးလျက်ရှိရာ ပအိုဝ်းအချင်းချင်း တိုက်ကြဆိုတဲ့ သွေးခွဲရေးဗျူဟာကို များစွာသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက သတိပေးပါတယ်။