Connect with us

Hi, what are you looking for?

သတင်း

လီဒိုလမ်းအနီး KIAနှင့်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြစ်ကြီးနား- တနိုင်းသွား လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်၊ မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မြစ်ကြီးနား- တနိုင်းသွား လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာတိုက်ပွဲအတွင်း သေဆုံးနေသော စစ်ကောင်စီပူးပေါင်းတပ်မှ ရုပ်အလောင်းအချို့အား တွေ့ရစဉ်။ဓာတ်ပုံ − ကချင်တောင်တန်း

ဧပြီ ၁၇၊၂၀၂၅။ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြစ်ကြီးနား- တနိုင်းသွား လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်၊ မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” ဧပြီ ၁၅ရက်နေ့ တိုက်တဲ့အချိန်မှာ သူတို့ဘက်အထိနာတဲ့ဟာတွေရှိတယ်။ အဲဒါ သူတို့က လေယာဉ်တွေခေါ်တယ်။ ဒရုန်းတွေနဲ့ ပြန်ပြီးမှ တိုက်လာပြီး လဝါးရွာကို အကြီးအကျယ် ရွာလုံးကျွတ်လောက်မီးရှို့လိုက်ပြီ သူတို့က။ စစ်ရေးက တော်တော်ပြင်းထန်တယ်။ သူတို့က လေယာဉ်နဲ့ ဗုံးသွားကြဲနေတာ”ဟု ကချင်သတင်းရင်းမြစ်က ယနေ့ (ဧပြီ ၁၇ရက်)တွင် ပြောသည်။

လဝါးကျေးရွာကို စစ်ကောင်စီတပ်နှင့် မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းတပ်က ဧပြီ ဒုတိယပတ်တွင် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ KIAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအင်အား ၃၀၀ကျော်သည် ဧပြီ ၁၃ရက်ကစ၍ လဝါးကျေးရွာဘက်သို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လဝါးကျေးရွာတိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ယနေ့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

KIA နှင့်မဟာမိတ်ပူးပေါင်းတပ်များ အနေဖြင့် ၂၀၂၄ ဒီဇင်ဘာလဆန်းကတင်းက ထိုးစစ်ဆင်နေသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်စခန်းအများစုကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်းနှင့် လက်ကျန် စကခ(၂၁) တပ်ဌာနချုပ်အပါအဝင် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေကြောင်း KIA သတင်းပြန်ကြားရေးက ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း သတင်းဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့်လည်း ဗန်းမော်မြို့အပါအဝင် တိုက်ပွဲဖြစ်ပွားရာနေရာများသာမက တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကိုပါ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဧပြီ ဒုတိယပတ်အတွင်း KIAနယ်မြေများအတွင်းသို့ လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်း တိုက်ခိုက်မှု အကြိမ် ၅၀၀နီးပါးရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook