Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်-မုံရွာလမ်း နှင့် ရန်ကုန်-ပြည်လမ်းပိုင်း တိုက်ပွဲပြင်းထန်

ဧရာဝတီတိုင်းအတွင်း ပုသိမ်-မုံရွာလမ်း နှင့် ပဲခူးတိုင်းအတွင်းရန်ကုန်-ပြည်လမ်းပိုင်းတွင်ယနေ့(ဧပြီ ၂၂) တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

AA က ဧပြီ ၂ ရက်တွင် ပဲခူးတိုင်းရှိ ​​ညောင်ကြိုးဗျူဟာအား သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-AA Infodesk

ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်းအတွင်း ပုသိမ်-မုံရွာလမ်း နှင့် ပဲခူးတိုင်းအတွင်းရန်ကုန်-ပြည်လမ်းပိုင်းတွင်ယနေ့(ဧပြီ ၂၂) တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပုသိမ်-မုံရွာလမ်း ရေကြည်မြို့နယ် စက်စက်ယိုကျေးရွာအနီးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာမှ အာရက္ခတပ်​တော်- AA နှင့် ပူးပေါင်းတပ်များနှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းဖြစ်​ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

“စက်စက်ယိုကိုပစ်မှတ်ထားပြီး ဗုံးကြဲသွားတယ်။ ရွာခံတွေထွက်ပြေးနေရတယ်။ရေကြည်နဲ့လေးမျက်နှာတဝိုက်မှာ စစ်ကောင်စီစစ်ကြောင်းတွေ အများကြီးရောက်နေတယ်” ဟု ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက ​စစ်ကိုင်းငလျင်ကယ်ဆယ်​ရေးအ​ကြောင်းပြပြီး ယာယီအပစ်ရပ်​ကြေညာထား​သော်လည်း စစ်တပ်က ရေကြည်၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်ကြား ပုသိမ်-မုံရွာလမ်းကြော၌ အင်အားတိုးနေပြီး တိုက်ပွဲများဖြစ်နေသည်။ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးရွာကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ဧပြီလ ၁၇ ရက်တွင် သိမ်းယူခဲ့သည်။

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်ပြီး စစ်ရေးသတိပြင်ဆင်ထားကြရန်နှင့် ရောက်ရှိလာသော စစ်ဘေးရှောင်များအား ကူညီကြရန်၊ စစ်ကောင်စီမှ သတင်းများကို တော်လှန်ရေးအင်အားစုများထံ ပေးရန် ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း သတိ​ပေးထားသည်။

ထို့အပြင် ပဲခူးတိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်း၊ မင်းလှမြို့နယ်တွင်လည်း တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို ဗုံးကြဲခဲ့သည်။မင်းလှမြို့နယ်အတွင်းဧပြီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDFတဦးက ပြောသည်။

“စစ်ကောင်စီဘက်က နှစ်ယောက်သေသွားတယ်။ စနိုက်ပါနဲ့ ဆော်တာ။ တခြားထိခိုက်မှုတွေလည်းရှိတယ်။ မင်းလှဆေးရုံကို ရောက်သွားတယ်” ဟု အထက်ပါရဲဘော်က ပြောသည်။

တိုက်ပွဲကြောင့် ရန်ကုန်-ပြည်လမ်းပိုင်းသည် နာရီဝက်ခန့်ကြာလမ်းကြောပိတ်ဆို့သွားခဲ့သည်။ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းသည် နယ်မြေချင်းဆက်စပ်နေပြီး စစ်ကောင်စီက ပြည်သူ့စစ်တပ်ဖွဲ့များကို အသုံးပြု၍ နယ်စပ်နေရာများကို ပိတ်ဆို့ထားသည်။ ပဲခူးတိုင်းတွင် ယခုရက်ပိုင်း၌ မင်းလှအပြင် ပေါင်တည်၊ ပေါက်ခေါင်း၊ အုတ်တွင်းမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာနေသည်။ စစ်ကောင်စီသည် အပစ်ရပ်ကြေညာချက်ကို ကိုယ်တိုင်ချိုးဖောက်နေပြီး မြေပြင်စစ်ကြောင်းထိုးခြင်းများ၊ လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ဟု AA က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ယနေ့တရက်လည်း ဒီပဲယင်း၊မော်လူးနှင့်ချောင်းဦးမြို့တို့ လေကြောင်းတိုက်ခိုက်ခံမှု ပြည်သူ ၂၆ဦးသေဆုံး

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာစာသင်ကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း လက်တလောစာရင်းအရ ကျောင်းသားကလေးငယ် ၁၄ဦး၏ ရုပ်အလောင်းနှင့် ဆရာမတစ်ဦး၏ ရုပ်အလောင်း စုစုပေါင်း ၁၅ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိထားကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(အဖြူရောင် DPY)မှ တာဝန်ရှိသူက ပြောသည်။

Facebook