Connect with us

Hi, what are you looking for?

သတင်း

PDF တပ်ရင်း စံပြုတည်မြဲအမိန့် ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ PDFစစ်ရုံးချုပ်က ယနေ့(မေလ ၆ရက်)ထုတ်ပြန်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − ရန်ကုန်တိုင်းစစ်ဌာန

မေ ၆၊၂၀၂၅။ကဖေး/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ PDFစစ်ရုံးချုပ်က ယနေ့(မေလ ၆ရက်)ထုတ်ပြန်သည်။

PDF စံပြုတည်မြဲအမိန့်တွင် အချက်၇ချက်ပါဝင်သည်။ ၎င်းတို့မှာ ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ ရည်မှန်းချက်နှင့် စံတန်ဖိုးများ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ တပ်ရင်းများစံပြုဖွဲ့စည်းပုံ၊အခြေခံတာဝန်ဝတ္တရားများ၊သက်ဆိုင်ရာလုပ်ငန်းတာဝန်ဝတ္တရားများ၊ စံပြုလုပ်ထုံးလုပ်နည်းများနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းစသည်တို့ ဖြစ်သည်။

PDFတပ်ရင်းများအားလုံးသည် အဆိုပါ တပ်ရင်းစံပြုတည်မြဲအမိန့် နှင့်အညီ ကျင့်သုံးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း MODက ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယမန်နေ့ မေလ ၅ရက်တွင် (၄)နှစ်ပြည့်ပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

” တော်လှန်ရေးအစ ကာလတုန်းက မတစ်ထောင်သားတွေနဲ့ ဘာအခြေခံစည်းမျဉ်းမှ နားမလည်၊ ဘာလေ့ကျင့်မှုမှ မပြည်စုံခဲ့တဲ့ တော်လှန်ရေးတပ်တွေအနေနဲ့ ထိန်းသိမ်းကွပ်ကဲရတဲ့အပိုင်းမှာ အတော်လေးကိုကမောက်ကမဖြစ်ခဲ့ပါတယ်။ လေးနှစ်ပြည့်တဲ့အချိန် ပြန်သုံးသပ်ကြည့်ရရင်တော့ ရာနှုန်းပြည့်မဟုတ်ပေမယ့် တပ်ပုံစံတကျ နဲ့ နေရာအနှံ့အပြားမှာ တပ်ရင်းတပ်ဖွဲ့တွေ တည်ထောင်လာနိုင်ပြီဆိုတဲ့အချက်က အင်မတန် ကျေနပ်စရာ ကောင်းလှတယ်”ဟု တနင်္သာရီတိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော် STAR က တော်လှန်ရေး (၄)နှစ်တာ အတွေ့အကြုံကို ပြောထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်များ ပိုမိုချစ်ကြည်စည်လုံးပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဗျူဟာမြောက် တိုက်ပွဲဝင်ပါက အဆုံးသတ်အောင်ပွဲသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း MOD ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားသည်။

” တော်လှန်ရေးဆိုတာ အတိုင်းအဆမရှိတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ရင်း ငါတို့မျှော်မှန်းတဲ့ စစ်ကျွန် အဖြစ်က လွတ်မြောက်ရေး နိုင်ငံရေးပန်းတိုင်ကို အရောက်သွားဖို့ ငါတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်း ဖြစ်တယ်။ငါတို့မှာ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာတဲ့ တပ်မတော်တစ်ရပ်၊ အဆင့်ဆင့်သော အမိန့်ပေး အမိန့်နာခံမှု ကောင်းတဲ့ တပ်မတော်တစ်ရပ်၊ ဉာဏ်ပညာနဲ့ သူရသတ္တိ ပြည့်ဝတဲ့ တပ်မတော်တစ်ရပ် ရှိထားပြီဆိုရင် ဒီတော်လှန်ရေး မအောင်မှာ စိတ်ပူစရာအကြောင်း မရှိဘူးလို့ ပြောလိုတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းချိန်က စတင်၍ ယနေ့အထိ ထောက်ပံ့စရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂၄ဒသမ ၉သန်းခန့် သုံးစွဲခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(မေ ၇ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချုပ်ငြိမ်းရေး အတွက် မလျှော့တမ်းတော်လှန်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအနေဖြင့်လည်း ယင်းပန်းတိုင်ကို မျက်ခြေမပြတ်ရန်လိုကြောင်း မှာကြားခဲ့သည်။

Facebook