Connect with us

Hi, what are you looking for?

သတင်း

ဟားခါးရှိ စစ်ကောင်စီတပ်သား နှစ်ဦး နှင့် ရဲတစ်ဦး CDFထံ အလင်းဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) – ဟားခါးက ယနေ့(မေလ ၁၈ရက်) သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ − Chinland Defense Force - Hakha

မေ ၁၈၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) – ဟားခါးက ယနေ့(မေလ ၁၈ရက်) သတင်းထုတ်ပြန်သည်။

မေလ ၁၇ရက်နှင့် ၁၅ရက်တွင် ဟားခါးမြို့ရှိ စစ်သား နှစ်ဦးနှင့် ရဲတစ်ဦးသည် စစ်ကောင်စီတပ် ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးသို့ ပူးပေါင်းပါဝင်ရန် အလင်းဝင်လာခြင်းဖြစ်သည်ဟု အသိပေးသည်။

အလင်းဝင်လာသူများကို နွေးထွေးစွာကြိုဆိုပြီး ဆုကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း CDF ဟားခါးက ထပ်လောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဟားခါးမြို့ရှိ စစ်ကောင်စီတပ်သားတစ်ဦးကိုလည်း မေလ ၁၅ရက်တွင် ဖမ်းမိခဲ့ကြောင်း CDF ဟားခါးက ထုတ်ပြန်သည်။

အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သားနှစ်ဦး ၊ ရဲ တစ်ဦး ၊ ဖမ်းမိသည့် စစ်ကောင်စီတပ်သားတစ်ဦးတို့၏ မှတ်တမ်း ဓာတ်ပုံကိုလည်း CDF ဟားခါးက ဖော်ပြခဲ့သည်။

CDF ဟားခါးသည် မေလ ၁ရက်ကလည်း ဟားခါးမြို့ရှိ ပြည်သူဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေသည့် စစ်ကောင်စီ လက်အောက်ခံ ရဲ နှစ်ဦးကို ဖမ်းမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ အလားသူ ဧပြီ ၂၁ရက်ကလည်း ဟားခါးရှိ ပြည်သူများကို ငွေညှစ်နေသည့်ရဲ ၂ဦးအား ဖမ်းမိခဲ့ကြောင်း အသိပေးထားသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းမိခြင်းအပြင် စစ်ကောင်စီတပ်သားများ အဖွဲ့လိုက်သို့မဟုတ် တစ်ဦးချင်းအလိုက် CDF ဟားခါးထံ အလင်းဝင်ရောက်မှုများလည်းရှိခဲ့သည်။

ဧပြီ ၁၃ရက်က ဟားခါးမြို့ရှိ စစ်ကောင်စီ ပြည်သူ့စစ်သုံးဦး လက်နက်နှင့်အတူ CDF ဟားခါးထံ အလင်းဝင်ခဲ့သည်။ ဧပြီ ၆ရက်ကလည်း ဟားခါးရှိ ရဲ ၁ဦး ပြည်သူ့တော်လှန်ရေးသို့ ပူးပေါင်းရန် CDF ဟားခါးထံ လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်ခဲ့သည်။

စစ်ကောင်စီ လက်အောက်မှ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို အမြဲကြိုဆိုနေကြောင်းနှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။