Connect with us

Hi, what are you looking for?

သတင်း

ဟားခါးရှိ စစ်ကောင်စီတပ်သား နှစ်ဦး နှင့် ရဲတစ်ဦး CDFထံ အလင်းဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) – ဟားခါးက ယနေ့(မေလ ၁၈ရက်) သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ − Chinland Defense Force - Hakha

မေ ၁၈၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) – ဟားခါးက ယနေ့(မေလ ၁၈ရက်) သတင်းထုတ်ပြန်သည်။

မေလ ၁၇ရက်နှင့် ၁၅ရက်တွင် ဟားခါးမြို့ရှိ စစ်သား နှစ်ဦးနှင့် ရဲတစ်ဦးသည် စစ်ကောင်စီတပ် ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးသို့ ပူးပေါင်းပါဝင်ရန် အလင်းဝင်လာခြင်းဖြစ်သည်ဟု အသိပေးသည်။

အလင်းဝင်လာသူများကို နွေးထွေးစွာကြိုဆိုပြီး ဆုကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း CDF ဟားခါးက ထပ်လောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဟားခါးမြို့ရှိ စစ်ကောင်စီတပ်သားတစ်ဦးကိုလည်း မေလ ၁၅ရက်တွင် ဖမ်းမိခဲ့ကြောင်း CDF ဟားခါးက ထုတ်ပြန်သည်။

အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သားနှစ်ဦး ၊ ရဲ တစ်ဦး ၊ ဖမ်းမိသည့် စစ်ကောင်စီတပ်သားတစ်ဦးတို့၏ မှတ်တမ်း ဓာတ်ပုံကိုလည်း CDF ဟားခါးက ဖော်ပြခဲ့သည်။

CDF ဟားခါးသည် မေလ ၁ရက်ကလည်း ဟားခါးမြို့ရှိ ပြည်သူဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေသည့် စစ်ကောင်စီ လက်အောက်ခံ ရဲ နှစ်ဦးကို ဖမ်းမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ အလားသူ ဧပြီ ၂၁ရက်ကလည်း ဟားခါးရှိ ပြည်သူများကို ငွေညှစ်နေသည့်ရဲ ၂ဦးအား ဖမ်းမိခဲ့ကြောင်း အသိပေးထားသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းမိခြင်းအပြင် စစ်ကောင်စီတပ်သားများ အဖွဲ့လိုက်သို့မဟုတ် တစ်ဦးချင်းအလိုက် CDF ဟားခါးထံ အလင်းဝင်ရောက်မှုများလည်းရှိခဲ့သည်။

ဧပြီ ၁၃ရက်က ဟားခါးမြို့ရှိ စစ်ကောင်စီ ပြည်သူ့စစ်သုံးဦး လက်နက်နှင့်အတူ CDF ဟားခါးထံ အလင်းဝင်ခဲ့သည်။ ဧပြီ ၆ရက်ကလည်း ဟားခါးရှိ ရဲ ၁ဦး ပြည်သူ့တော်လှန်ရေးသို့ ပူးပေါင်းရန် CDF ဟားခါးထံ လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်ခဲ့သည်။

စစ်ကောင်စီ လက်အောက်မှ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို အမြဲကြိုဆိုနေကြောင်းနှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သည် နည်းမျိုးစုံသုံးပြီး အတင်းအဓမ္မ စစ်သားစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များကို စစ်မြေပြင်၌ ရှေ့ဆုံးမှ တိုက်ပွဲဝင်ခိုင်းနေကြောင်း ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ထံ အလင်းဝင်ခဲ့သည့် တပ်သားသစ်များက ထွက်ဆိုသည်။

သတင်း

အမ်း-ပဒါန်းစစ်မြေပြင်တွင် စစ်မှုထမ်းသင်တန်းဆင်းများကို စစ်ကြောင်း၏ ရှေ့ဆုံးမှ တိုက်ခိုင်းပြီး ကြောက်လန့်၍ ပြန်ဆုတ်လာသူများကို ​နောက်မှစစ်သားများက သေနတ်ဖြင့် ပစ်သတ်​နေကြောင်း အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ခဲ့သော စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးကပြောကြားသည်။

သတင်း

မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာသို့ စေလွှတ်ခံရပြီး လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ဘက်ပူးပေါင်းလာသော စစ်ကောင်စီ တပ်သားသစ်တစ်ဦးသည် တော်လှန်ရေးရဲဘော်အဖြစ်ခံယူကာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားရန် ၎င်း၏ဆန္ဒအလျှောက်ရွေးချယ်ထားကြောင်း ၎င်းအားလက်ခံထားသည့် သရက်ခရိုင် အမှတ်(၄) တပ်ရင်းက အသိပေးသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က အဓမ္မ စစ်မှုထမ်းခံရတဲ့ တပ်သား ၃ ဦး မုံရွာပကဖနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာခဲ့ပါတယ်။