Connect with us

Hi, what are you looking for?

သတင်း

သုံးဘီးယာဉ်မောင်းကို ဓားနဲ့ထိုးပြီး ယာဉ်ကိုလုယက်တဲ့ ဆယ်ကျော်သက် ၂ ဦးကိုမိပြီလို့ဆို

မန္တလေးမြို့ ၊ အမရပူရမြို့နယ်အတွင်း သုံးဘီးယာဉ်မောင်း ကို ဓားနဲ့ထိုးပြီး ယာဉ်လုယက်သွားတဲ့ ဆယ်ကျော်သက် ၂ ဦးကို အခင်းဖြစ်ပြီး ၂ ရက်အကြာမှာ ဖမ်းမိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က သတင်းထုတ်လာပါတယ်။

မန္တလေးမြို့တွင်းပြေးဆွဲနေတဲ့ သုံးဘီးယာဉ်အချို့ကိုတွေ့ရပုံ ( ပုံဟောင်း) ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး

မေ – ၂၄ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ အမရပူရမြို့နယ်အတွင်း သုံးဘီးယာဉ်မောင်း ကို ဓားနဲ့ထိုးပြီး ယာဉ်လုယက်သွားတဲ့ ဆယ်ကျော်သက် ၂ ဦးကို အခင်းဖြစ်ပြီး ၂ ရက်အကြာမှာ ဖမ်းမိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က သတင်းထုတ်လာပါတယ်။

မေလ ၂၁ ရက် ၊ ညနေ ၄ နာရီခန့်က ဆယ်ကျော်သက် ယောင်္ကျား လေး ၂ ဦး ဟာ အမရပူရမြို့ထဲက သုံးဘီးဌားစီးပြီး ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် ၃၆၄ ၊ ၇ ဖာလုံ အရောက်မှာ ယာဉ်မောင်းကို ဓားနဲ့ထိုးပြီး ယာဉ်ကို လုယက်သွားတာလို့သိရပါတယ်။

သုံးဘီးယာဉ်မောင်းဟာ အသက် ၆၀ အရွယ်ရှိပြီဖြစ်ပြီး လည်ပင်းနဲ့ ဦးခေါင်းနောက်စေ့မှာ ဓားဒဏ်ရာတွေ ရခဲ့ပါတယ်။ ယာဉ်မောင်းဟာ အမရပူရ ၊စျေးချိုရပ်ကွက်မှာနေထိုင်သူလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လုယက်ခံရတဲ့ ဖြစ်စဉ်မှာ အသက်မသေဆုံးပေမယ့် ဆေးရုံမှာ ကုသမှု ခံယူနေရတယ်လို့သိရပါတယ်။

လုယက်မှု နဲ့ပတ်သက်ပြီး မေလ ၂၃ ရက်မှာ ဖမ်းခံရသူ ၂ ဦးက မန္တလေး ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ တံခွန်တိုင်ရပ်ကွက်မှာ နေထိုင်ကြသူတွေဖြစ်ပြီး အသက် ၁၉ နှစ်နဲ့ ၁၆ နှစ်အရွယ် ပဲ ရှိပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ သူတို့ ၂ ဦးကို သက်သေခံဓားနဲ့အတူ ဖမ်းမိတာလို့ ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေ တန်ဖိုးကျဆင်းမှုနဲ့အတူ သုံးဘီးယာဉ်စျေးတွေ တန်ဖိုးမြင့်တက်လာချိန်မှာ မန္တလေးမှာ သုံးဘီးယာဉ်မောင်းတွေကို သတ်ဖြတ်ပြီး ယာဉ်လုယက်တဲ့ဖြစ်စဉ်တွေဖြစ်ပွားလာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ဧပြီလအတွင်း ပုသိမ်ကြီးမြို့နယ် ထဲက အိမ်ရှေ့မင်းထန်းတောအနီးမှာ သုံးဘီးယာဉ်မောင်းကိုသတ်ပြီး ယာဉ်ကိုလုယက်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

အဲဒီနှစ် ဇူလိုင်လမှာပဲ ပုသိမ်ကြီးမြို့နယ်ထဲက အသဲစွဲတောင် အပန်းဖြေနေရာဆီ ခရီးသည်လိုက်ပို့တဲ့ သုံးဘီးအငှားယာဉ်မောင်း အမျိုးသား သတ်ဖြတ်ခံရပြီး သုံးဘီး လုယက်ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

ဆောင်းပါး

စာဖတ်သူဟာ ရန်ကုန်ဒေသခံဖြစ်ပြီး ခေတ္တအဝေးရောက်နေရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရန်ကုန်ဒေသခံမဟုတ်ပေမဲ့ ရန်ကုန် မရောက်တာကြာပြီဆိုရင်ဖြစ်ဖြစ် စာဖတ်သူ ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်တဲ့ ရန်ကုန်မြို့ကြီးပေါ်က လုယက်မှု ဖြစ်စဥ်တွေအကြောင်း ပြောပြချင်ပါတယ်။

သတင်း

​မန္တလေးမြို့မှာ ဧပြီ၅ရက် ညက ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးကာ လူငယ်ရဲ့ ဆိုင်ကယ်နဲ့ ဖုန်းကို လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

​မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က ရဲမွန်တောင်ရပ်ကွက်မှာ အိုးဝေသုံးဘီးယာဥ်တစ်စီး ဓားနဲ့ တိုက်ခိုက် လုယက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။