Connect with us

Hi, what are you looking for?

သတင်း

ပြောက်ကျားဦးထုပ်​ဆောင်းသူ​တွေက ရွယ်တူလူငယ်တွေကို အနိုင်ကျင့်တဲ့ရုပ်သံထွက်ပေါ်လာ

ရုပ်သံကြည့်ပြီးပြည်သူ​အများစု​ဒေါသထွက်​

​​ပြောက်ကျားဦးထုပ်​​ဆောင်းလူငယ်​တွေက လူငယ် ၄ ဦးကို ဝိုင်းဝန်း အနိုင်ကျင့်စဥ်

ဇွန်-၁၂၊၂၀၂၅။မေရီ/People’s Spring

​​ပြောက်ကျားဦးထုပ်​ဆောင်းထားတဲ့ လူငယ်​တွေက ရွယ်တူလူငယ်တွေကို လိုက်လံအနိုင်ကျင့်တဲ့ရုပ်သံထွက်ပေါ်လာပြီး ပြည်သူတွေ ဒေါသထွက်နေကြပါတယ်။

မန္တလေးမှာဖြစ်ပွားခဲ့တဲ့ အဲဒီရုပ်သံမှာ လူငယ်လေးယောက်စီးလာတဲ့ ဆိုင်ကယ်နောက်ကို စစ်ကောင်စီရဲ့ ပြောက်ကျားလျှာထိုးဦးထုပ်ဆောင်းထားတဲ့အရပ်ဝတ်လူငယ်တစ်ယောက်က “စစ်ကြောရေးအကုန်ထည့်မှာ”လို့ ပြောပြီး ဆဲဆိုကာ ဆိုင်ကယ်နှစ်စီးနဲ့ လိုက်ပါတယ်။ နောက်ထပ်လည်း ဦးထုပ်ဆောင်းထားတဲ့လူငယ်တဦးဟာ အခြားတဦးနဲ့အတူ လူငယ်လေးယောက်ဆိုင်ကယ်နောက်ကို လိုက်ခဲ့ကြပါတယ်။

တနေရာမှာတော့ လူငယ် ၄ ယောက်ကို မိသွားပြီးစစ်ကောင်စီပြောက်ကျား စစ်သားနဲ့ ပျူ​စောထီး​တွေ​ဆောင်း​လေ့ရှိတဲ့ ​ပြောက်ကျားဦးထုပ်ဆောင်းထားတဲ့ လူငယ်တစ်ယောက်က ဦးဆောင်ပြီး လူငယ်လေးယောက်ကို ပါးတွေရိုက်၊ ခြေထောက်တွေနဲ့ကန်၊ ဖိနပ်တွေနဲ့ အချက်ပေါင်းများစွာ ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်သံမှတ်တမ်းကို People’s Spring တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/79369 မှာကြည့်ရှုနိုင်ပါတယ် ။

“ဘာကောင်မှန်းမသိဘဲ ဆဲတာလား”လို့လည်း ဦးထုပ်နဲ့တယောက်က ပြောရင်း ခြေထောက်တွေနဲ့ ကန်ခဲ့တာ တွေ့ရပါတယ်။ လူငယ်လေးယောက်ဟာ ဒူးထောက်ပြီး လက်အုပ်ချီထားတာကို အကြိမ်ပေါင်းများစွာ ထိုးကြိတ်ကန်ကြောက်ခဲ့ပါတယ်။ အခြားလူငယ်တွေကပါ ဝင်ရောက်ထိုးကြိတ်ရိုက်နှက်ခဲ့တာတွေ့ရပါတယ်။

နှိပ်စက်ခံရတဲ့ လူငယ်တွေထဲက တဦးကိုလည်း ရိုက်နှက်ပြီး ဖုန်းဆက်ခိုင်းနေတာကို တွေ့ရပါတယ်။

နောက်ထပ်ရုပ်သံမြင်ကွင်းမှာတော့ မန္တလေးမြို့ လမ်း ၈ဝ ပေါ်က တရုတ်ဘုံကျောင်းလို့ယူဆရတဲ့အဆောက်အအုံအနီးမှာ လူငယ်နှစ်ယောက်ကိုပဲ ၈ ယောက်ခန့်ပါတဲ့ အဲဒီအဖွဲ့ကပဲ ထပ်မံကန်ကြောက် ထိုးကြိတ်ခဲ့ကြပါတယ်။ အခင်းဖြစ်တဲ့​နေရာ​တွေမှာ မန္တ​လေးမြို့မှာလို့ People’s Spring ကအချက်အလက်စစ်​ဆေးအတည်ပြုနိုင်ပါတယ်။

ဒါ​ပေမယ့်အခင်းဖြစ်ပွားတဲ့အချိန်ကာလကို​တော့မသိရ​သေးပါဘူး ။

ရိုက်နှက်သူတွေဟာ စစ်ကောင်စီက လက်သက်မွေးထားတဲ့ ပျူစောထီးတွေဖြစ်နိုင်ကြောင်း မန္တလေးဒေသခံတချို့က ​ပြောပါတယ်။ ပျူ​စောထီးဆို အာဏာသိမ်းစစ်အုပ်စုက ပြည်သူ့စစ်အမည်နဲ့​မွေးထားသူ​တွေဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာ စ်တပ်ခိုင်းတာကိုလုပ်ပြီး ပြည်သူ​တွေကို ဖိနှိပ်အကြမ်းဖက်​နေသူ​တွေဖြစ်ပါတယ် ။ အရင်ကတည်းက ခိုးဆိုးလုယက်သူ​တွေ ၊ ဒုစရိုက်မှုမျိုးစုံလုပ်သူ​တွေ ၊ အရင်က မဘသ ၊စွမ်းအားရှင်ဆိုတဲ့ သူမျိုး​တွေလည်းပါဝင်တက်ပါတယ် ။

ပျူ​စောထီး​တွေထဲမှာ သက်န်းဝတ် ​ပေါက်ကိုယ်​တော်ဟာလူသိများပါတယ် ။

အဲဒီရုပ်သံဖိုင်ကို ကြည့်လိုက်ရတဲ့ပြည်သူတွေဟာ ဒေါသထွက်နေကြပြီး ရုပ်သံဖိုင်ထဲပါတဲ့ ရိုက်နှက်သူတွေကို စုံစမ်းနေကြပါတယ်။

“မိရင်တော့ ကျနော်တို့က အတင်းအကြပ်အခိုင်းခံရတာပါ ပေါ်တာဆွဲခံရလို့ပါနဲ့ မျက်ခွက်တွေမှတ်ထားတယ်နော် ညီလေးတို့”လို့ ကာကွယ်ရေးရဲဘော်တဦးက မှတ်ချက်ပြုထားပါတယ်။

“စစ်သင်တန်း၇ရက်သွားတက်ပြီးပြန်လာသောအခါသူထက်ငယ်တက်ကလေးကိုအနိုင်ကျင်တယ်။သေချာပါတယ်။ ငါညီ သည်းခံပေးပါ။ညီလေးတို့အတွက်ကလည်စားပြန်ချေပေးမယ့် လူပေါ်လာလိမ့်မယ်”ဟုပြည်သူတဦးကအဆိုပါရုပ်သံမှတ်တမ်းကိုကြည့်၍ မှတ်ချက်ပြုထားပါတယ်။

အခြားပြည်သူတဦးကလည်း “ကြည့်နေရင်နဲ့ကို ဒေါသ ထွက်မိ”လို့​​ပြောပါတယ် ။

ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ လူငယ်​တွေရဲ့အမည် လိပ်စာ​တွေကိုလည်း ပြည်သူ​တွေကအချင်းချင်း​မေးမြန်းစုံစမ်း​နေကြတာ​တွေ့ရပါတယ်။

“ပြည်သူစစ်တွေတဲ့ဂျပန်တွေထက်ဆိုးနေပါလား”လို့​ပြည်သူတစ်ဦးကလည်း​​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။