Connect with us

Hi, what are you looking for?

သတင်း

ရွှေ​ဈေးကျပ်သိန်း ၈၀ အထိတက်လာပြီး ဆိုင်အချို့အ​ခေါက်​ရွှေအ​ရောင်းပိတ်

ဒေါ်လာ​ဈေးလည်းတက်လာပြီးဝယ်​ဈေး ၄၄၀၀၊​ရောင်း​ဈေး ၄၅၀၀ ကျပ်ဝန်းကျင်​​ဈေး​ပေါက်

​ရွှေ​ဈေးတက်တိုင်း လုပ်ငန်းရှင်များကိုဖမ်းဆီး​ခြင်း၊ ခြိမ်း​ခြောက်ငွေညှစ်​လေ့ရှိ​သောစစ်​ကောင်စီ​ကြောင့် အကယ်ဒမိ​ရွှေသန့်လုပ်ငန်းက ဇွန် ၁၃ ရက်မှစ၍ လုပ်ငန်းယာယီရပ်နားထား​ကြောင်းကြေညာစဥ်။ဓါတ်ပုံ-CJ

ဇွန်-၁၂၊၂၀၂၅။ရဲခေါင်/People’s Spring

ပြည်တွင်းရွှေ​ဈေး တစ်ကျပ်သားလျင်ကျပ် သိန်း ၈၀ ထိ စျေးတက်လာပြီး အခေါက်ရွှေဆိုင်အချို့အရောင်း၊အဝယ်ပိတ်လိုက်ကြောင်းရွှေစျေးကွက်မှ အရောင်းအဝယ်ပြုလုပ်နေသူများက ပြောသည်။

ယနေ့(ဇွန်လ ၁၂ ရက်) ညနေ ၄ နာရီခွဲအထိ ကမ္ဘာရွှေစျေးသည် တစ်အောင်စ ၃,၃၆၁ ဒေါ်လာရှိကာ နံနက်ပိုင်း အဖွင့်စျေးထက် ၃၇ ဒေါ်လာတက်လာသည်။ ပြည်တွင်း ရွှေစျေးမှာလည်းလိုက်ပါတက်လာပြီး ညနေပိုင်း စျေးကွက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၈, ၀၂၀, ၀၀၀ ကျပ် နှင့် ၁၅ ပဲရည်တစ်ကျပ်သား ရောင်း စျေး ၇,၄၆၀,၀၀၀ ဝန်းကျင်အထိ ရှိနေသည်ဟု ​ရွှေ​ရောင်းဝယ်သူအချို့က​ပြောသည်။

ရွှေ​ဈေးမှာ တစ်ပါတ်အတွင်းကျပ်သုံးသိန်း​ကျော်​ဈေးတက်ခဲ့သည်။ ဓါတ်ပုံ-CJ

ထို​ကြောင့် ပြည်တွင်း​ရွှေစျေးနှုန်းသည် တစ်ပါတ်အတွင်း တစ်ကျပ်သားလျင်သုံးသိန်းကျပ်အထိ ထပ်မံစျေးမြင့်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြည်တွင်း၌ ရွှေ ချိန်တွယ်ရာတွင်မူ ကျပ်၊ပဲ၊မူး၊ရွေး ကိုအသုံးပြုပြီး တစ်ကျပ်သားလျှင် ၀ ဒသမ ၅၂၅ အောင် စ ရှိကာ (ယနေ့ကမ္ဘာ့ရွှေပေါက်စျေး× တစ်ဒေါ်လာငွေလဲနှုန်း× ၀ ဒသမ ၅၂၅ )ဖြင့် တွက်ချက်ပါက ရရှိသည့် ပမာဏသည် အနီးစပ်ဆုံးပြည်တွင်း အခေါက်ရွှေစျေးရရှိမည် ဖြစ်သည်။

“ပြည်တွင်းရွှေစျေးတက်နေတာက ကမ္ဘာ့ရွှေစျေးကွက်က အခြေခံပဲ။ကမ္ဘာ့ရွှေဘာကြောင့်တက်လည်းဆိုရင် အင်အားကြီးနိုင်ငံများရဲ့ စစ်ရေးနဲ့ ပြည်တွင်းရေး တွေပေါ်မူတည်တယ်။စျေးဖွင့်တယ် ။ပြီးရင်ငွေလဲနှုန်း ဒေါ်လာစျေးကြောင့်ပေါ့။ဒေါ်လာစျေးလည်း တောက်လျှောက်အတက်ဘက်ဦးတည်နေတယ်”ဟုရွှေဆိုင်လုပ်ငန်း ရှင်တစ်ဦး​က ရွှေစျေးတက်ရသည်ကို ရှင်းပြသည်။

ပြည်ပငွေလဲလှယ်နေသူတစ်ဦးကလည်း “ဒေါ်လာစျေးက ဝယ်/ရောင်း ၄၄၀၀ နဲ့ ၄၅၀၀ (တစ်ဒေါ်လာလျှင် အဝယ်စျေး ၄၄၀၀ ကျပ် နှင့် ရောင်းစျေး ၄၅၀၀) ဒီနေ့ စျေးထွက်တယ်။တက်တာပေါ့။တခြား ငွေစျေးတွေလည်း တက်နေတယ်”ဟုပြောသည်။

စစ်ကိုင်းငလျင်အပြီး စီးပွားရေးအရ ဆုတ်ယုတ်မှုများနှင့် ယခင်ထက် လိုအပ်ချက်များလာမည့်ဒေါ်လာ ငွေ အပြင် အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ၏ အရေးယူရန်အတည်ပြု မှုသည် ယိုင်နဲ့နေသည့် မြန်မာ့စီးပွားရေးသည် ကြပ်တည်းမှုပေါင်းစုံဖြစ်လာနိုင်​ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က အသိပေးထားသည်။

စစ်​ကောင်စီက လေကြောင်း နှင့် လက်နက်ကြီးများဖြင့်နိုင်ငံတဝန်းရှိကျောင်းများ၊​ဆေးရုံ​ဆေးခန်းများ၊ ဘာသာရေးအဆောက်အအုံများ၊​နေအိမ်များကို ဗုံးကြဲ ပစ်ခတ်ခြင်း၊ အပြစ်မဲ့ပြည်သူများကို ရက်စက်စွာသတ်ဖြတ်ခြင်းများ​ကြောင့် စစ်လက်နက်ပစ္စည်း တင်သွင်းမှုများ၊ လေယာဉ်ဆီနှင့် လောင်စာဆီ တင်သွင်းမှုများကို ရပ်တန့်နိုင်ရန်နှင့် စစ်​​ကေင်စီ၏ ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်နိုင်ရန် ဇွန်လ ၅ ရက်တွင် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် ပုဒ်မ ၃၃ ဖြင့်အ​ရေးယူဒဏ်ခတ်ရန်ဆုံးဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။

သတင်း

ပြည်တွင်းရွှေစျေးသည် ယ​နေ့(ဧပြီ ၂၈)တွင်၁၆ ပဲရည်တစ်ကျပ်သားလျင် ၇၄ သိန်းခွဲ ဝန်းကျင်ထိတက်လာသည်။

သတင်း

ကမ္ဘာ့ရွှေစျေးတစ်အောင်စ ဒေါ်လာ ၃,၃၀၀ ကျော်စျေးဖြင့် စံချိန်တင်ပြီး ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်၇၄ သိန်းဝန်းကျင်အထိ​ဈေးတက်လာသည်။

သတင်း

ပြည်တွင်းရွှေစျေးကွက် တစ်ကျပ်သား ကျပ်သိန်း ၇၀နား ကပ်လာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်ထံမှ စုံစမ်းသိရသည်။

Facebook