Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေး ကျပ်သိန်း ၁၀၀ကျော်လာ

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

ဇန်နဝါရီ-၂၀၊၂၀၂၆။ဇော်ဝင်း /People’s Spring

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံချိန်တင် ကမ္ဘာ့ရွှေစျေးနဲ့အတူ မြန်မာ့ရွှေစျေးလည်း ကျပ်သိန်း ၁၀၀ အထက် ရောက်လာတာလို့ ဆိုပါတယ်။

လက်ရှိ ရွှေပေါက်စျေးကြောင့် ရွှေဆိုင်တွေနဲ့ ပြင်ပ ရွှေစျေးကွက်မှာ အရောင်းပိတ်တာ ဒါမှမဟုတ် အွန်လိုင်းငွေချေစနစ်ကို လက်မခံတာ တွေ ရှိနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဘဏ်တွေက ငွေထုတ်ယူတာ အဆင်မပြေတော့သလို Online pay နဲ့ချေပြန်ရင်လဲ စစ်ဆေးမှုတွေရှိနေတယ်”လို့ ရွှေအရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောပါတယ်။

အဲဒါအပြင် ရွှေဆိုင်တွေနဲ့ ပြင်ပရွှေအရောင်း အဝယ် စျေးကွက်ရှိတဲ့ ရွှေဘုံသာလမ်းမှာ စစ်တပ် အရပ်ဝတ်အချို့ရဲ့စုံစမ်းထောက်လှမ်းမှုတွေရှိနေတယ်လို့ ကြုံတွေ့ခဲ့သူအချို့က ဆိုပါတယ်။

“ဆိုင်တွေ အရောင်းပိတ်တာထက် ရွေဘုံသာလမ်းမှာ အရပ်ဝတ်(ရဲ) တွေ ဒီနေ့တော်တော်တွေ့ရတယ် “လို့ ရွှေစုဆောင်းသူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ကမ္ဘာ့​ရွှေစျေးက တအောင်စကို ဒေါ်လာ ၄,၇၃၅ ဝန်းကျင် ရှိပါတယ်။မနေ့က အဖွင့်စျေးထက် တအောင်စကို ဒေါ်လာ ၆၀ နီးပါး စျေးတက်ခဲ့တာဖြစ်ပါတယ်။

ပြည်တွင်း၊ ပြင်ပရွှေစျေးကလည်း မနေ့က တစ်ကျပ်သား ကျပ် ၉၉ သိန်းဝန်းကျင်က ဒီကနေ ညနေပိုင်းမှာ ကျပ်သိန်း ၁၀၀ နဲ့ ငါးသောင်း စျေးတက်လာပါတယ်။၁၅ ပဲရည် တစ်ကျပ်သား ရောင်းစျေးက ကျပ်၉၄ သိန်း နဲ့ ကျပ် ၉၅ သိန်း ကြားရှိပါတယ်။

မြန်မာနိုင်ငံမှာ ရွှေစျေးစံချိန်တင် မြင့်တက်နေတာဟာ ပြည်တွင်းအခြေအနေတစ်ခုတည်းကြောင့်မဟုတ်ဘဲ ကမ္ဘာ့ရေးရာ (Global Context) နဲ့ ပြည်တွင်းစီးပွားရေး (Domestic Economy) တို့ ရောယှက်နေတဲ့အချက်တွေကြောင့်လို့ စီးပွားရေး​ကျွမ်းကျင်သူအချို့က သုံးသပ်ထားပါတယ်။

မြန်မာ့ရွှေစျေးကို အဆမတန် ခုန်တက်စေတဲ့ အဓိကလက်သည်ထဲမှာ ကျပ်ငွေတန်ဖိုးကျဆင်းနေတာ(ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း )နဲ့ စံချိန်တင်ကမ္ဘာ့ရွှေ​စျေးကြောင့်လို့ အသိပေးပါတယ်။

အမေရိကန်ဒေါ်လာအပေါ် ယုံကြည်မှုလျော့နည်းလာတာနဲ့ ကမ္ဘာပေါ်က နိုင်ငံတွေရဲ့ဗဟိုဘဏ်တွေဟာရွှေတွေကိုအလုအယက် ဝယ်စုနေကြတာကြောင့် အခုလို ကမ္ဘာ့‌ရွှေစျေးဟာ စံချိန်တင်စျေးဖြစ်လာပါတယ်။

ကမ္ဘာ့ရွှေစျေး တည်ငြိမ်ခဲ့ရင်တောင် ပြည်တွင်းမှာ ဒေါ်လာစျေးတက်ရင် (ကျပ်ငွေတန်ဖိုးကျရင်) ရွှေစျေး တက်ခဲ့ပါတယ်။ အခုက ကမ္ဘာ့ရွှေစျေးလည်းတက်၊ ပြည်တွင်းကျပ်ငွေတန်ဖိုးကလည်း ကျနေတဲ့အတွက် သာမန်လူတန်းစားတွေ ရွှေဝယ်နိုင်ဖို့ အလှမ်းဝေးလာပါတယ်။

ပြည်တွင်း ရွှေချိန်တွယ်ရာမှာ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သား ၀ ဒသမ ၅၂၅ အောင်စ ရှိပါတယ်။အကြမ်းဖျင်းပြည်တွင်းရွှေစျေးကို (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း ×၀ ဒသမ ၅၂၅ ) နဲ့ တွက်ချက်နိုင်ပါတယ်။နိုင်ငံခြားငွေလဲနှုန်းစျေးကွက်အရ တဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ကျပ် ၄,၀၀၀နဲ့ အရောင်း ကျပ် ၄၁,၀၀ ဝန်းကျင် ရှိပါတယ်။

ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် ပြည်တွင်းရွှေစျေးမှာ တစ်ကျပ်သား ကျပ်၈၆ သိန်းကျော်လာပြီလို့ ရွှေ၊ငွေ အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးစံချိန်တင်ဆက်မြင့်တက်နေပြီးပြည်တွင်းရွှေဈေးတကျပ်သားကျပ်သိန်း ၈၀ ကျော်လာနေတယ်လို့ရွှေနှင့်ငွေဈေးကွက်အရောင်း အဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေး ဆက်လက်မြင့်တက်ကာ ပြည်တွင်းရွှေစျေးလည်း တကျပ်သား ကျပ်သိန်း ၈၀ခန့်ရှိလာတယ်လို့ ရွှေနဲ့ငွေ အရောင်းအဝယ်ပြုလုပ်နေသူအချို့က ပြောပါတယ်။