Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်ဘူးဝမှာ ရိုက်နှက်ခံရတဲ့ နိုင်ကျဥ်း ၅၀ ကျော် ပြင်းထန်ဒဏ်ရာတွေရရှိ

သပိတ်​​ခေါင်း​ဆောင် ကို​ဝေမိုးနိုင်လည်းရိုက်နှက်ခံရလို့ မျက်ခုံးကွဲဲ

အိုးဘို​ထောင်အဝင်ဝ ကို​တွေ့ရစဥ်။ ပုံ​ဟောင်းဖြစ်ပါတယ်

ဇွန်-၁၃၊ ၂၀၂၅။ဇေအောင်/People’s Spring

အိုးဘိုထောင်ဘူးဝမှာ မုံရွာထောင်ကနေ ပြောင်းလာတဲ့ အကျဥ်းသား ရာချီ ရိုက်နှက်ခံရတဲ့အနက် နိုင်ငံရေးအကျဥ်းသား ၅၀ ကျော်ဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ(၁၂)ရက်နေ့ မနက်ပိုင်းက မုံရွာက နိုင်ငံရေးအကျဉ်းသား နဲ့ အခြားရာဇဝတ်အကျဉ်းသား စုစုပေါင်း(၂၀၀)ဝန်းကျင်ခန့်ကို ထောင်ပြောင်းရွှေ့ခဲ့ရာ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ရောက်ရှိခဲ့ပါတယ်။

အိုးဘိုထောင်ဗူးဝအဝင်မှာပဲ ထောင်ပြောင်းရွှေ့ရောက်လာသူ အားလုံးနီးပါးကို အကျဉ်းဦးစီးဝန်ထမ်းများနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရာဘာတုတ်၊သစ်သားတုတ်များနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ PPNMက ​ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ရိုက်နှက်မှုကြောင့်နိုင်ငံရေးအကျဉ်းသားအနည်းဆုံး(၅၀)ဦးဟာ ဦးခေါင်း၊လက်နဲ့ နောက်ကျောတလျှောက်မှာ ထိရှနဲ့ ပေါက်ပြဲ ဒဏ်ရာတွေ ရရှိခဲ့ကြရပြီး အသက်ရှင်သန်ပိုင်ခွင့် ခြိမ်းခြောက်ခံရလျက်ရှိတယ်လို့ PPNM က ထပ်မံအသိပေးပါတယ်။

“အသေးစိတ် မသိရသေးပေမယ့် အရမ်းပြင်းထန်ဒဏ်ရာရရှိသူတွေများတယ်။ ဆေးကုသခွင့်လည်းမရနိုင်သေးတဲ့အခြေအနေလို့ပဲ ကနဦးသိရသေးတယ်။”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အရိုက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲမှာမုံရွာထောင်ကနေ ပြောင်းရွှေ့လာတဲ့ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါဝင်ပြီး မျက်ခုံးကွဲသွားတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတဦး​က ပြောပါတယ်။

အကျဥ်းထောင်နဲ့နီးစပ်တဲ့ အမည်မဖော်လိုသူအမျိုးသားတဦးကလည်း “ထောင်ဘူးဝမှာပဲ အကျဥ်းဝန်ထမ်းတွေက ကိုဝေမိုးနိုင်ကို ဝိုင်းပြီးရိုက်ကြနှက်ကြထိုးကြကြိတ်ကြ လုပ်ကြတယ်။ မျက်ခုံးကွဲသွားတဲ့ ဒဏ်ရာတွေရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။”လို့ ပြောပါတယ်။

PPNMရဲ့ စောင့်ကြည့်ရရှိမှု မှတ်တမ်းအရ ထောင်​ပြောင်း ကုန်တင်ကား(၅)စီးပေါ်မှာခန့်မှန်း အမျိုးသား(၁၅၀)ဦးဝန်းကျင် ပါဝင်ပြီး ကုန်တင်ကားတစ်စီးမှာတော့ အမျိုးသမီးတွေ ပါဝင်ပါတယ်။ အမျိုးသားအားလုံးနီးပါး ရိုက်နှက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီနေ့ဇွန်လ(၁၃)ရက်နေ့မှာ မန္တလေးအိုးဘိုအကျဉ်းထောင်ကနေ မြင်းခြံနဲ့ မ‌ကွေးအကျဉ်းထောင်တွေကို ထပ်မံရွှေ့ပြောင်းဖို့ ပြင်ဆင်နေလို့ ပြည်သူတွေ အသံထုတ်ဖော်ပေးကြဖို့ PPNMက တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။