Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေးနဲ့ စစ်ကိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၄)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇွန်-၁၄၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၄)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း စစ်ဘေးရှောင်စခန်းမှပြည်သူတွေက “ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” ၊ “အမေစု ကျန်းမာပါစေ” ၊ “အမေစု နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်မြောက်ပါစေ” စာသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း၊ ပြည်သူ့အားမာန်သပိတ်တို့က လူထုခေါင်းဆောင်နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀နှစ်ပြည့်အတွက် အကြိုမွေးနေ့ဆုမွန်ကောင်းတွေ တောင်းဆိုပေးခဲ့ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးတိုင်း တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ AFCC – Mdy တို့ပူးပေါင်းပြီး လေကြောင်း အန္တရာယ်နဲ့ပတ်သက်တဲ့ သတိရှိရမယ့်အချက်တွေ၊ကြိုတင်ကာကွယ်ခြင်းနည်းလမ်းတွေမျှဝေခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ AFCC – Mdy

ဆက်စပ်သတင်းများ

သတင်း

ကရင်နီ၊ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ ကျရောက်တဲ့ (၇၈)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားနဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့ကနေ ဗန်းမော်ကိုစစ်ကူသွားတဲ့ စစ်သင်္ဘောတွေတိုက်ခိုက်ခံရပြီး တစ်စီးမြှုပ်သွားကာ သုံးစီးခန့် စက်ခန်းတွေ ထိခိုက်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

သတင်း

မန္တလေးက ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်မှာ လူထုလှုပ်ရှားမှုတွေ လာလုပ်မှာစိုးရိမ်လို့ စစ်ကောင်စီက လုံခြုံရေးတွေ ချထားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒီနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ယခင်နှစ်တွေနည်းတူ တက်ရောက်ခွင့် မပေးခဲ့တာကို စစ်ကောင်စီက ထုတ်လွင့်တဲ့ အာဇာနည်နေ့ အခမ်းအနား မြင်ကွင်းအရ သိရပါတယ်။

Facebook