Connect with us

Hi, what are you looking for?

သတင်း

ဟင်္သာတမြို့နယ်အနီးဝန်းကျင် စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်၊ ပေါက်ကွဲသံများ မြို့​​မှကြားရ

လေမျက်နှာ နှင့်​ ​ရေကြည်မြို့နယ်တွင်တိုက်ပွဲများဖြစ်ပွား​နေ

Screenshot

ဇွန်-၁၉၊၂၀၂၅။ပုသိမ်သူ/People’s Spring

ဇွန်လ ၁၈ရက်ညနက်ပိုင်း၌ ဟင်္သာတမြို့နယ်အနီးပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားပြီး ပြင်းထန်သည့်ပေါက်ကွဲမှုများကြောင့် မြို့ပေါ်ရပ်ကွက်ရှိအိမ်များ တုန်ခါမှုဖြစ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

မည်သည့်နေရာသို့ လေကြောင်းတိုက်ခိုက်သည်ကိုမသိရသေးသော်လည်း ဟင်္သာတခရိုင်အတွင်းရှိ လေးမျက်နှာမြို့တွင် အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုရှိနေသည်။

ပြင်းထန်သည့်ပေါက်ကွဲသံများကို ဟင်္သာတမြို့ပေါ်မှ ယခင်ရက်ကတည်းကကြားခဲ့ရသော်လည်း ယ​နေ့ညတွင် ပိုမိုပြင်းထန်သည်ဟု​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

လေးမျက်နှာမြို့သည် ဟင်္သာတမြို့နှင့် ၁၈မိုင်ခန့်ဝေးသည်။ ည၈နာရီခန့်မှစ၍ တိုက်လေယာဉ်ပျံသည့် အသံများကြားရပြီးနောက် ပြင်းထန်သည့်ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းဟု မြို့ခံများကပြောသည်။ ည၁၁နာရီ ၂၄မိနစ်က ဆယ်လုံးခန့်ဆက်တိုက်ပေါက်ကွဲသံကြားရပြီးနောက် ငြိမ်သက်နေကြောင်း မြို့ခံများကပြောသည်။

AAနှင့် ပူးပေါင်းတပ်များသည် ရေကြည်မြို့နယ်၌ စစ်ကောင်စီ အဓိကတပ်စွဲထားသည့်နေရာဖြစ်သော အမြောက်တပ်(၃၄၄)အနီး၌လည်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်းသတင်းများရှိသည်။လေးမျက်နှာမြို့သည်ပုသိမ်-မုံရွာကားလမ်းမဘေး၌ရှိပြီး ကျေးရွာအချို့AAနှင့် ပူးပေါင်းတပ်များက နယ်မြေစိုးမိုးမှုရယူထားသည်။

ဇွန်လ ၁၉ရက်ညသန်း​ခေါင်းအထိ တိုက်လေယာဉ်ပျံသန်းသွားသည့်အသံများ ကြားနေရ​သေးကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ဟင်္သာတမြို့က ပါဆယ်လမ်းမှာရှိတဲ့ ခြောက်ခန်းတွဲ မီးရထားတန်းလျား မီးလောင်မှုဖြစ်ပြီး တန်းလျားတစ်ခုလုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နမ္မတူမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲပြင်းနေသည့် တနင်္သာရီ မောတောင်လမ်းတွင်လည်း လေယာဉ်ဖြင့် ဗုံးသီးများကြဲချ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။