Connect with us

Hi, what are you looking for?

သတင်း

ဟင်္သာတမြို့ မီးရထားတန်းလျား မီးလောင်

ဧရာဝတီတိုင်း၊ဟင်္သာတမြို့က ပါဆယ်လမ်းမှာရှိတဲ့ ခြောက်ခန်းတွဲ မီးရထားတန်းလျား မီးလောင်မှုဖြစ်ပြီး တန်းလျားတစ်ခုလုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ - မီးသတ်တပ်ဖွဲ့

မေ-၂၀၊၂၀၂၆။တေဇ/People’s Spring

ဧရာဝတီတိုင်း၊ဟင်္သာတမြို့က ပါဆယ်လမ်းမှာရှိတဲ့ ခြောက်ခန်းတွဲ မီးရထားတန်းလျား မီးလောင်မှုဖြစ်ပြီး တန်းလျားတစ်ခုလုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၉ ရက် ည ၁၁နာရီကျော်မှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး နာရီဝက်ခန့် အချိန်အတွင်းမှာ တန်းလျားတစ်ခုလုံး မီးလောင်သွားခဲ့တာလို့ မီးလောင်ပြင်ကို သွားရောက်ခဲ့သူက ပြောပါတယ်။

“မြတ်မန္တလာထွန်း နဲ့ ဗလီကျောင်းကြားထဲက တစ်တန်းလုံးကုန်တာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်မှုဖြစ်တဲ့ တန်းလျားက ဖျက်ဖို့ ညွှန်ကြားထားတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်မှုက မီးဖိုမှာ ထမင်းဟင်းချက်ပြုတ်ရာမှ စတင်လောင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး ဒေသခံတစ်ချို့ကတော့ အဲဒီ့နေရာမှာ လူမနေဘူးလို့ ပြောပေမယ့် လူထုနွေဦးအနေနဲ့ တော့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။