Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် ၈၀နှစ်ပြည့် မွေးနေ့မှာ ဗြိတိန်နဲ့ အီးယူတို့ သဘောထားရပ်တည်ချက်ထုတ်ဖော်ပြသ

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်တောင်းဆို

ဇွန်-၁၉၊ ၂၀၂၅။ People’s Spring

မတရားဖမ်းဆီးချုပ်နှောင်ခံထားရဆဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)နှစ်ပြည့် မွေးနေ့မှာ ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးနှင့် ဥရောပသမဂ္ဂ(EU)တို့က ၎င်းတို့ရဲ့ ရပ်တည်ချက်များကို ထုတ်ဖော်ပြသကြပါတယ်။

ဗြိတိန်သံရုံးက ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီနေ့ သံရုံးဖေ့စ်ဘုတ်စာမျက်နှာ profile picture ကို ပြောင်းလဲထားပါတယ်။ ပြောင်းလဲလိုက်တဲ့ သံရုံးရဲ့ဓာတ်ပုံမှာ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားပြုမှုအဖြစ် တင်စားကြတဲ့ နှင်းဆီပန်းပွင့်များကို ထည့်သွင်းထားပါတယ်။

တဆက်တည်းမှာ ဗြိတိန်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ဥရောပသမဂ္ဂ(EU)သံရုံးကလည်း ဒီနေ့ မနက်အစောပိုင်းကတည်းက ၎င်းတို့ရဲ့ အမှတ်သင်္ကေတအရောင် အပြာရောင်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာရုပ်ပုံကောက်ကြောင်းနဲ့ ပန်းများနဲ့စီရီထားတဲ့ 80 ပါ ဓာတ်ပုံကို သံရုံးရဲံ့ဖေ့စ်ဘုတ်စာမျက်နှာမှာ လွှင့်တင်ထားပါတယ်။

ဗြိတိန်သံရုံးနဲ့ အီးယူသံရုံးတို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)နှစ်ပြည့် မွေးနေ့မှာ ၎င်းတို့ရဲ့ သဘောထားထုတ်ဖော်ပြသမှုအပေါ် မြန်မာပြည်သူများက ထောက်ခံကြောင်း မှတ်ချက်များ ရေးသားခဲ့ကြပြီး လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မတရားသဖြင့် အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့၊ ကျန်းမာစေဖို့ ဆုတောင်းပေးထားကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး ချက်ချင်းလွတ်မြောက်ရေး စဥ်ဆက်မပြတ်တောင်းမှုနဲ့ မြန်မာပြည်သူများနဲ့အတူ ရပ်တည်မှုအတွက် ဗြိတိန်အစိုးရကို ကျေးဇူးတင်ပါတယ်။ သံရုံးရဲ့ထောက်ခံမှုဟာ အထူးသဖြင့် သူမရဲ့ အသက် ၈၀ ပြည့်မွေးနေ့အပေါ်၊ ကျွန်မတို့အပေါ် များစွာအဓိပ္ပာယ်ရှိစေတယ်” လို့ ဖေ့စ်ဘုတ်သုံးစွဲတစ်ဦးက ဝင်ရောက်မှတ်ချက်ပြုထားပါတယ်။

အီးယူသံရုံးဖေ့စ်ဘုတ်စာမျက်နှာအောက်မှာလည်း “မတရားအချုပ်အနှောင်မှ တရားသဖြင့် အမြန်ဆုံးလွတ်ကင်းပြီး ကိုယ်စိတ်ကျန်းမာစွာဖြင့် ချစ်သောပြည်သူများရှေ့ အမြန်ဆုံးပြန်လည်ရောက်ရှိလာပါစေ” လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး မှတ်ချက်ပြုရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။