Connect with us

Hi, what are you looking for?

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်မွေးနေ့ မန္တလေးမြို့ လူထုလှုပ်ရှားမှု

မန္တလေးမြို့ လူစည်ကားရာစျေးတစ်ခုတွင် သပိတ်အင်အားစုက လူငယ်များ ဦးဆောင်ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်မွေးနေ့ လူထုလှုပ်ရှားမှုကို ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။

ဇွန်-၁၉၊ ၂၀၂၅။ သုည/People’s Spring

မန္တလေးမြို့ လူစည်ကားရာစျေးတစ်ခုတွင် သပိတ်အင်အားစုက လူငယ်များ ဦးဆောင်ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်မွေးနေ့ လူထုလှုပ်ရှားမှုကို ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။

ယင်းလူငယ်များက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံနှင့် ပန်းများကို ကိုင်ဆောင်ပြီး “Happy birthday အမေစု” ၊ “အမေစု ကျန်းမာပါစေ”၊ “Freedom from Fear” ၊ “ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” စာသားတို့ကို ဖြန့်ကျဲ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဇွန် ၁၉ ပန်းသပိတ်တွင် ပူးပေါင်းပါဝင်ကြရန်နှင့် အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်ကြရန် တိုက်တွန်းလှုံ့ဆော်ခဲ့သည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1041099834794364

ရုပ်သံ – မန္တလေးသပိတ်အင်အားစု

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရေးကြီးအချက်အလက်တွေကို ICRC အနေနဲ့ အများပြည်သူ သိရှိနိုင်ဖို့ ပိုမိုပွင့်လင်းမြင်သာစွာ ထပ်မံထုတ်ပြန်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။

သတင်း

ငါးနှစ်ကျော်အတွင်း မိခင်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှုဖြစ်ပြီး မိခင်အပါအဝင်နိုင်ကျဥ်းအားလုံးလွှတ်​ပေးရန် ကင်မ် ဆက်လက်​တောင်းဆို

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။