Connect with us

Hi, what are you looking for?

သတင်း

ကန့်​ဒေါင့်စခန်းသိမ်းတိုက်ပွဲမှာ အမျိုးသမီးရဲ​ဘော်များပါ ပါဝင်တိုက်ခိုက်

စစ်​ကောင်စီတပ်ဘက်မှ ၄၀ ​ထက်မနည်းသေဆုံးပြီးရုပ်အ​လောင်း ၂၀ ​ကျော်ရထားတယ်လို့PLA​ပြော

စခန်းသိမ်းတိုက်ပွဲအပြီး​နောက် မြင်ကွင်း။ ဓါတ်ပုံ-PLA

ဇွန်-၂၀၊ ၂၀၂၅။ People’s Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က ကန့်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲမှာ အမျိုးသမီးရဲဘော်တွေပါ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)က ကန့်ဒေါင့်ရဲစခန်း မကျရေးအတွက် လေကြောင်းပစ်ကူ တရပ်စပ်သုံးခုခံခဲ့​ပေမယ့် PLA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ မလျှော့တဲ့ ဇွဲလုံလ ဝီရိယတွေနဲ့ ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဇွန်လ ၁၉ ရက် နံနက် ၆ နာရီ ၄၀မိနစ်အချိန်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ PLAက ဒီကနေ့ထုတ်ပြန်ပါတယ်။

“အမျိုးသမီးရဲဘော်တွေက စစ်ကူစစ်ကြောင်းတွေ ဖြတ်တောက်ရေးမှာပါတယ်။ အစောပိုင်းက သိရသလောက်တော့ ၁၀ယောက်ကျော်ပါတယ်။ နောက်ထပ် ထပ်တိုးလား မသိရသေးဘူး”လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ထက်မနည်းသေဆုံးပြီး စခန်းအတွင်းသေဆုံးခဲ့သည့် ရုပ်အလောင်း ၂၀ကျော် ရရှိထားတယ်လို့လည်း ဆက်ပြောပါတယ်။

” ၄၀ကျော် သေတယ်။ စခန်းထဲမှာကို သေတာက ၂၀ကျော် သေတယ်။ စစ်ကူလာတာလည်းတပ်တွေလှန်ကျတယ်ဆိုတော့သေတာများတယ်။ ခန့်မှန်းချေတော့ ၄၀ကျော်လောက်ရှိမယ်”လို့ ၎င်းကဆက်ပြောပါတယ်။

ဒါပေမယ့် သိမ်းဆည်းရတဲ့လက်နက်ခဲယမ်းစာရင်းနဲ့ ဖမ်းမိတဲ့ စစ်သုံ့ပန်းစာရင်းကိုတော့အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

ကန့်ဒေါင့်ရဲစခန်းဟာ အချက်အချာကျတဲ့ အာဆီယံလမ်းမကြီး ပုလဲ -ဂန့်ဂေါ လမ်းပိုင်းပေါ်မှာတည်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ အဲဒီလမ်းဟာအိန္ဒိယနိုင်ငံအထိသွားလာနိုင်လို့မဟာဗျူဟာအရအလွန်အရေးပါတဲ့နေရာလို့လည်းဆိုပါတယ်။ ဒါ့အပြင် ကန့်ဒေါင့်ကနေ အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာမှာ စစ်ကောင်စီရဲ့ အမှတ် ၂၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃) တည်ရှိပြီး ​တော့ အနောက်တောင်ဖက် ၃၅ မိုင်ခန့်မှာ ကပစ −(၂၄) တည်ရှိပါတယ်။

ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့မရဲစခန်းပြီးရင် ဒုတိယအကြီးဆုံး ရဲစခန်းဖြစ်ပြီး ဘန်ကာတွေ၊ မိုင်းကွင်းတွေ၊ ကတုပ်ကျင်းတွေနဲ့ ခံစစ်အထပ်ထပ်ပြင်ထားတဲ့ တပ်စခန်းတစ်ခုလို့လည်း PLAက ဖော်ပြထားပါတယ်။

ဒါ​ကြောင့် စခန်းမကျဖို့ မုံရွာမှာအ​ခြေစိုက်တဲ့ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က ​လေ​ကြောင်းပစ်ကူ ၊ဗုံးကြဲတာ​တွေအများအပြားပြုလုပ်ခဲ့​ပါတယ်။ဒါပေမယ့် တပ်​ပေါင်းစုရဲ့မလျှော့တဲ့ ဇွဲလုံလ ဝီရိယနဲ့ ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက်တာ​တွေကြောင့်အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့​ဖော်ပြထားပါတယ် ။

ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဇွန်လ ၂ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး နှစ်ပတ်ကျော်အကြာ သိမ်းပိုက်နိုင်ခဲ့တာပါ။

တိုက်ပွဲကာလတွင် စစ်​ကောင်စီက လေကြောင်းပစ်ကူ တရစပ်ပေးခဲ့ပြီး အပြင်းအထန်ခုခံခဲ့တယ်လို့လည်းသိရပါတယ်။ဇွန်လ ၂ ရက်ကစပြီး စခန်းသိမ်းနိုင်သည့် ဇွန်လ ၁၉ ရက်အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ကျော် ပြုလုပ်ခဲ့ပြီး ဗုံးသီးအလုံးရေ ၅၀၀ကျော်ကြဲချခဲ့တယ်လို့လည်းဆိုပါတယ်။ဗုံးသီးအလုံးရေ (၅၀၀) ကျော် ကျဲချခဲ့သည်။ စစ်တပ်က ဂျက်ဖိုက်တာ​တွေ၊ Y12 ဗုံးကြဲလေယာဉ်​တွေ၊Mi35 တို-က်ခိုက်ရေးရဟတ်ယာဉ်နဲ့ စက်တပ်လေထီး​တွေနဲ့ တိုက်ခိုက်ပြီးစခန်းမကျ​အောင်ခုခံခဲ့တဲ့ကြားက စစ်ရှုံးခဲ့တာဖြစ်ပါတယ် ။

ဂျက်ဖိုက်တာတွေ၊ Y12 ဗုံးကြဲလေယာဉ်တွေအပါအဝင် Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ စက်တပ်လေထီးတွေနဲ့လည်း လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကူ​တွေကိုလည်းကန့်​ဒေါင့်ရွာနဲ့ ၃ မိုင်ခန့်​ဝေးတဲ့ အင်းမထီးရွာတဆင့် Mi-17 နဲ့အကြိမ်ကြိမ်ပို့ခဲ့ပါတယ်။ဒါ​ပေမယ့်စစ်ကူ​တွေကို ​တော်လှန်​ရေးအဖွဲ့​တွေကြားဖြတ်တိုက်ခိုက်မှု​ကြောင့် ​နောက်ပြန်လန့်ကျတာ၊​သေဆုံးထိခိုက်တာ​တွေအများကြီးရှိခဲ့ပါတယ်။

ဒါပေမယ့် ဇွန်လ ၁၀ရက်မှာ တိုက်ပွဲအတွင်း လေကြောင်းပစ်ကူလာပေးတဲ့ စစ်ကောင်စီရဲ့ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစ်စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ပစ်ချနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်က​လေ​ကြောင်းက ပို့တဲ့လက်နက်ခဲယမ်းရိက္ခာထုတ်​တွေကို စစ်သားနဲ့ပျူ​တွေထွက်ယူချိန် ​တော်လှန်း​ရေးအဖွဲ့​တွေက ပစ်ခတ်တာ​ကြောင့် ထွက်ယူမရလည်းဖြစ်ခဲ့တယ်လို့သိရပါတယ် ။သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ဒရုန်း​တွေထဲမှာ ​လေယာဥ်​ပေါ်ကချပြီး အသုံးရ​သေးတဲ့ ဒရုန်းတချို့ကိုလည်း​​တွေ့ရပါတယ် ။

“မနေ့ကလည်း တနေကုန်ကြဲတယ်လေယာဉ်က”လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက စခန်းသိမ်းပြီးအ​ခြေအ​နေကို ပြောပါတယ်။

ကန့်​ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲကို PLA နှင့်အတူမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နဲ့ အညာမြေတပ်ပေါင်းစုတို့က ပူး​ပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းရတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျောက် ပန်းတောင်း - မြင်းခြံလမ်းပိုင်းမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းလာပြင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ထိုးစစ်ဆင်လာတဲ့ စစ်တပ် အသေခံဒရုန်းတွေနဲ့တိုက်ခိုက်ခံရပြီး အထိနာနေတယ်လို့ AIF Myanmarတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။