Connect with us

Hi, what are you looking for?

သတင်း

PDF မြိတ်ခရိုင် တပ်ရင်း(၁)သို့ အလင်းဝင်လာသည့်စစ်သား၁၈ဦးထက်မနည်းရှိဟုအဖွဲ့တာဝန်ရှိသူပြော

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းထံသို့စစ်ကောင်စီတပ်သား ၁၈ဦးထက်မနည်းအလင်းဝင်ခဲ့ကြောင်းမြိတ်ခရိုင် အမှတ်(၁)တပ်ရင်းသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးကပြောကြားသည်။

မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းသို့ အလင်းဝင်လာ​သောစစ်သားများ

ဇွန်-၂၂၊၂၀၂၅။ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းထံသို့စစ်ကောင်စီတပ်သား ၁၈ဦးထက်မနည်းအလင်းဝင်ခဲ့ကြောင်းမြိတ်ခရိုင် အမှတ်(၁)တပ်ရင်းသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးကပြောကြားသည်။

အလင်းဝင်လာသူများအနက် ဇွန်လ ၁၈ရက်တွင် စစ်ကောင်စီတပ်သား ၄ဦး၊ ဇွန်လ ၂၁ရက်တွင် စစ်ကောင်စီတပ်သား၂ဦးအလင်းဝင်ခဲ့ဟု၎င်းကပြောသည်။

ဇွန်လ ၂၁ရက်တွင် အလင်းဝင်လာသူများမှာ မြိတ်မြို့နယ် ဘုတ်ခြံအခြေစိုက် ခလရ(၁၇) မှ တပ်ကြပ်ကြီးစာရေး(အကူ) ၁ဦးနှင့် ဒုတပ်ကြပ် ၁ဦး တို့ ဖြစ်ကြပြီး ၎င်းတို့ နှစ်ဦးက လက်နက် ၂လက်၊ ခဲယမ်း၊ကျည်များယူလာသည်။ ဇွန်လ ၁၈ရက်ကအလင်းဝင်လာသူများမှာပလောက်မြိုတိုင်းဗဟို (၁၂) မှ သင်တန်းသားသစ် ၄ဦးဖြစ်ပြီး ၎င်းတို့က လက်နက်မပါလာဟု ရဲဘော်အာနိုးကပြောသည်။

Public Service Announcement

Public Service Announcement

“စစ်မှုထမ်းဥပဒေမကြေညာခင်ကအလင်းဝင်လာသူ ၂ဦး ရှိခဲ့တယ်။စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်းထွက်ပြေးခိုလှုံလာသူ ၁၀ဦး အထက်မှာ ရှိခဲ့ပေမယ့် လုံခြုံရေး အခြေအနေအရထုတ်ပြန်နိုင်ခဲ့ခြင်းမရှိခဲ့ဘူး”ဟုရဲဘော်အာနိုးကပြောကြားသည်။

စစ်ကောင်စီတပ်အတွင်းကျန်နေသည့်စစ်သားများအနေဖြင့် စစ်ကောင်စီတပ်မှ ရုန်းထွက်ခဲ့ရန် ရဲဘော်အာနိုးက တိုက်တွန်းသည်။

လက်ရှိအလင်းဝင်လာသူများကိုလည်းကောင်းမွန်စွာစောင့်ရှောက်ထားကြောင်းမြိတ်ခရိုင်အ မှတ်(၁)တပ်ရင်းကထုတ်ပြန်ထားပြီးစစ်ကောင်စီ လက်အောက်မှ ရုန်းထွက်လာမည့် မည်သူ့ကိုမဆို ကြိုဆိုလျက်ရှိဟုလည်း အဆိုပါတပ်ရင်းကဇွန် ၂၁ ရက်တွင်ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် နိုင်ငံတဝန်း စစ်မျက်နှာများစွာ၌ထိခိုက်ကျဆုံးများပြားသည့်အခြေအနေတွင် လူငယ်များကို ပုံစံမျိုးစုံဖြင့် အဓမ္မစစ်သားစုဆောင်းလျက်ရှိသည်။ အဆိုပါ စုဆောင်းထားသူများကို အချိန်တို စစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်လျက်ရှိရာ တိုက်ပွဲများ၌ စစ်မှုထမ်း တပ်သားသစ်များကို လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ဗန်းမော် စစ်မြေ

ပြင်မှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်လာကြသည့် စစ်မှုထမ်း တပ်သားသစ်များက ပြောပြသည်။ စစ်မှုထမ်း တပ်သားသစ်များအနေဖြင့်လည်း တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင် ခိုလှုံမှုများ ရှိနေသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုများလည်း စစ်ကောင်စီတပ်သားများ ပြည်သူ့ဘက် အမြန်ဆုံးပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်ကြရန်တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။