Connect with us

Hi, what are you looking for?

သတင်း

မန္တလေးက စျေးမှာ စျေးဝယ်နေတဲ့ကလေးငယ်ရဲ့ ဆွဲကြိုး လုယက်ခံရ

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ မြနန္ဒာစျေးအရှေ့မှာ သစ်သီးဝယ်နေတဲ့ ကလေးငယ်ရဲ့ ဆွဲကြိုးကို အမျိုးသမီး သုံးဦးက လုယက်သွားတဲ့ ဖြစ်စဉ် မနေ့ (ဇွန်လ ၂၆ ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇွန် – ၂၇ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ မြနန္ဒာစျေးအရှေ့မှာ သစ်သီးဝယ်နေတဲ့ ကလေးငယ်ရဲ့ ဆွဲကြိုးကို အမျိုးသမီး သုံးဦးက လုယက်သွားတဲ့ ဖြစ်စဉ် မနေ့ (ဇွန်လ ၂၆ ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စည်ပင်ကဖွင့်လှစ်ထားတဲ့ မြနန္ဒာစျေးအရှေ့ဘက် ၆၆လမ်းနဲ့ ၁၁၀လမ်းအနီးမှာ မနေ့ ညနေပိုင်း ၄ နာရီခွဲခန့်က အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် သစ်သီးဝယ်နေချိန် လုယက်ခံရတာပါ၊

” ကလေးက မအော်တတ်ဘူး ၊ကောင်မလေးသုံးယောက်ကဖြတ်လုသွားတာ “လို့ မျက်မြင်တွေ့လိုက်တဲ့ စျေးသည်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆွဲကြိုးလုခံရတဲ့ ကလေးငယ်မှာ အနည်းငယ်ပွန်းပဲ့ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

အမျိုးသမီးသုံးဦး ဆိုင်ကယ်တစ်စီးနဲ့ ရောက်လာပြီးနောက် ဆိုင်ကယ်ပေါ်ကနေ ဆင်းကာ ကလေးငယ်နားကိုကပ်ပြီး ဆွဲကြိုးလုယက်သွားတာလို့ သိရပါတယ်။

လုယက်မှုကျူးလွန်တဲ့ အမျိုးသမီးတွေဟာ အသက် ၂၀ ဝန်းကျင်ရှိတယ်လို့ မျက်မြင်တွေ့လိုက်ရတဲ့ စျေးသည်ရဲ့ပြောပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်ကလည်း မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် မှာ ညပိုင်း ၈နာရီဝန်းကျင် ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားကို သေနတ်ပြခြိမ်းခြောက်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။