Connect with us

Hi, what are you looking for?

သတင်း

သမိုင်းဝင်ဘုရားတွေရှိတဲ့မင်းကွန်းရွာကို စစ်တပ်မီးရှို့

စစ်ကိုင်းမြို့နယ်၊မင်းကွန်းရွာထဲက စစ်ကောင်စီတပ် တွေဝင်ပစ်ခံရပြီးတဲ့ နောက် စစ်တပ်က မင်းကွန်းရွာကို ဝင်ရောက်မီး ရှို့ခဲ့တယ်လို့ ဒေသခံ တွေက​ပြောပါတယ်။

မင်းကွန်းရွာကို စစ်ကောင်စီတပ်မီးရှို့ပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-​​ပေးပို့

ဇွန်-၂၈၊၂၀၂၅။မေ/People’s Spring

စစ်ကိုင်းမြို့နယ်၊မင်းကွန်းရွာထဲက စစ်ကောင်စီတပ် တွေဝင်ပစ်ခံရပြီးတဲ့ နောက် စစ်တပ်က မင်းကွန်းရွာကို ဝင်ရောက်မီး ရှို့ခဲ့တယ်လို့ ဒေသခံ တွေက​ပြောပါတယ်။

ဇွန်လ၅ရက်နေ့ကစတင်ပြီးစုစုပေါင်း အင်အား ၃၀၀ လောက်နဲ့ မင်းကွန်းတိုက်နယ်တကြောကို စစ်တပ်က စစ်ကြောင်းထိုးလာပြီး ကင်းရွာနဲ့ ချောင်းမကြီးရွာတွေကို မီးရှို့ထားတာပါ။

အဲဒီနောက် ကျောင်းထိုင်ဆရာတော်တပါးအပါ အဝင်ပြည်သူ‌‌၄ဦးကိုလည်း သတ်ဖြတ်ထားပြီး ချောင်းမကြီးနဲ့ အုန်းသဇင်ရွာ တွေကို စစ်ကြောင်းတွေထိုင်ထားခဲ့တာလို့ ​ဒေသခံအချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ၂၇ ရက်နေ့ မနေ့က မင်းကွန်းရွာမှာအထိုင်ချ ကျန်နေတဲ့ စစ်ကောင်စီတပ် တွေကို​တော်လှန် ​ရေးအဖွဲ့​တွေက ပျောက်ကြားစနစ်နဲ့ ဝင် ရောက်တိုက်

ခိုက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းအခုလို စစ်တပ်ကမီးရှို့ခဲ့တာလို့သိရပါတယ်။တိုက်ပွဲ အသေးစိတ်ကို တော့တပ်ဖွဲ့ တွေကမထုတ်ပြန် သေးပါဘူး။

“အိမ်ခြေ ၆၀၀ ကျော်ရှိတာ။လူတွေကမနေကြတော့ဘယ်လောက်ပါသွားလဲမသိရ သေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ကျောင်းလည်းရှိပြီး အဲဒီအနီးနားဝန်းကျင်တွေလည်း မီးရှို့ခံရကာ ဆရာတော်ကြီးရဲ့ ကျောင်းအခြေ အနေကိုတော့ မသိရသေးဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။

ဒီစစ် ကြောင်းတွေဟာ စစ်ကိုင်းမြို့နယ်တခုလုံးကိုနယ်မြေစိုးမိုးဖို့ ကြိုးစားနေပြီးတော်လှန်ရေး တပ်တွေလည်း ခုခံတော်လှန်နေရာ လက်နက်ခဲယမ်းထောက်ပံ့မှု တွေလည်းလိုအပ် နေတယ်လို့ တော်လှန်ရေးတပ် တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေရဲ့ နေအိမ်တွေကို အားရဝမ်းသာ မီးရှို့ပြီး အောင်ပွဲခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံမှတ်တမ်း ၃ ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်က ရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ဒီနေ့ နေ့လည်ပိုင်းမှာ ရေနံကုန်းကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ကပစ်သည့်လက်နက်ကြီးထိမှန်၍ သုံးဦးထိခိုက်ဒဏ်ရာရ